Local News

ဓမၼဘက္က ရပ္တည္မည္ဟု ႏိုင္ငံလုံးဆိုင္ရာပါတီညီလာခံအၿပီး SNLD ေၾကညာ

အာဏာရွင္စနစ္တိုက္ဖ်က္ေရးႀကိဳးပမ္းေဆာင္႐ြက္ဖို႔နဲ႔ အေျပာင္းအလဲျမန္ဆန္ေနတဲ့ ႏိုင္ငံေရး၊ စစ္ေရးဆိုင္ရာ အခင္းအက်င္းေတြမွာ တရားဓမၼဘက္ကေန ရပ္တည္ေဆာင္႐ြက္သြားမယ္လို႔ ရွမ္းတိုင္းရင္းသားမ်ားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ (SNLD)ပါတီက ေၾကညာပါတယ္။

ရွမ္းျပည္နယ္၊ ေတာင္ႀကီးၿမိဳ႕မွာ ၂ ရက္တာက်င္းပခဲ့တဲ့ ႏိုင္ငံလုံးဆိုင္ရာညီလာခံအၿပီး ဒီကေန႔ ေမလ ၂၇ ရက္မွာ ခုလိုထုတ္ျပန္ေၾကညာလိုက္တာပါ။

ျပည္တြင္းၿငိမ္းခ်မ္းေရးကို အားလုံးပါဝင္ေရးမူနဲ႔ ေဆာင္႐ြက္ဖို႔၊ ဖက္ဒရယ္ဒီမိုကေရစီ ျပည္ေထာင္စုကိုဦးတည္တဲ့ ဖြဲ႕စည္းပုံအေျခခံဥပေဒတစ္ရပ္ကို မိတ္ဖက္အဖြဲ႕အစည္းေတြနဲ႔ ပူးေပါင္းေရးဆြဲသြားဖို႔ကိုလည္း ထုတ္ျပန္ခ်က္မွာ ထည့္သြင္းထားပါတယ္။

ဒါ့အျပင္ ရွမ္းျပည္ညီၫြတ္ေရးေကာ္မတီ (CSSU) ရဲ႕ ၿငိမ္းခ်မ္းစြာ အတူယွဥ္တြဲေနထိုင္ျခင္းမူဝါဒေၾကျငာစာတမ္းကို အေကာင္အထည္ေဖာ္ေရး၊ ရွမ္းျပည္နဲ႔ ႏိုင္ငံအႏွံ႔မွာ ျဖစ္ေပၚေနတဲ့ တိုက္ပြဲေတြရပ္တံ့ေရး၊ အမ်ိဳးသားေသြးစည္းညီၫြတ္ေရးအတြက္ မိတ္ဖက္အဖြဲ႕အစည္းေတြနဲ႔အတူ လက္တြဲေဆာင္႐ြက္မယ္လို႔လည္း ဆိုပါတယ္။

ပါတီအေနနဲ႔ တိုင္းျပည္ရဲ႕အသက္ေသြးေၾကာျဖစ္တဲ့ ေကာင္းမြန္ေသာပညာေရးစနစ္ တိုးတက္ျမင့္မားေရး တြန္းအားေပးေဆာင္႐ြက္သြားမွာျဖစ္ၿပီး ကမာၻ႔ကပ္ေရာဂါေတြ ကင္းစင္တဲ့အထိ တတ္အားသေ႐ြ႕ေဆာင္႐ြက္သြားမယ္လို႔လည္း ေၾကညာထားပါတယ္။

အင္အားႀကီးႏိုင္ငံေရးပါတီတခုျဖစ္တဲ့ ရွမ္းတိုင္းရင္းသားမ်ားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ SNLD ပါတီရဲ႕ တႏိုင္ငံလုံးဆိုင္ရာ ပါတီညီလာခံႀကီးကို ေမ ၂၆ ရက္ကေန ၂၇ ရက္အထိ ၂ ရက္တာ က်င္းပခဲ့တာျဖစ္ပါတယ္။

ဒီတစ္ႀကိမ္ညီလာခံမွာ ဗဟိုအလုပ္အမႈေဆာင္ေကာ္မတီဝင္ ၃၁ ဦးအပါအဝင္ ဗဟိုေကာ္မတီဝင္ စုစုေပါင္း ၁၁၇ ဦးကို ပါတီဖြဲ႕စည္းပုံစည္းမ်ဥ္းနဲ႔အတူ ျပန္လည္ေ႐ြးေကာက္တင္ေျမႇာက္ခဲ့ပါတယ္။

ပါတီထိပ္ပိုင္းေခါင္းေဆာင္ ဥကၠ႒အျဖစ္ ဦးစိုင္းၫြန႔္လြင္ ၊ ဒုဥကၠ႒-၁ အျဖစ္ စိုင္းခမ္းပိုင္ဖ (ခ) ဦးခင္ေမာင္ၫြန႔္၊ ဒုဥကၠ႒-၂ စိုင္းလွေဖ၊ အေထြေထြအတြင္းေရးမႉး စိုင္းလ (ခ) စိုင္းလိတ္ ၊ တြဲဘက္ အတြင္းေရးမႉး- ၁ စိုင္းေက်ာ္ၫြန႔္၊ တြဲဘက္အတြင္းေရးမႉး-၂ စိုင္းဆမ္ဖြဏ္ဆိုင္တို႔ ျပန္လည္ အေ႐ြးခံခဲ့ရပါတယ္။

က်ားေခါင္းပါတီလို႔လူသိမ်ားတဲ့ ရွမ္းတိုင္းရင္းသားမ်ား ဒီမိုကေရစီအဖြဲ႕ခ်ဳပ္ (SNLD) ကို ၁၉၈၈ ခုႏွစ္မွာ စတင္ထူေထာင္ခဲ့ၿပီး ပါတီရဲ႕ ႏိုင္ငံေရးမူဝါဒကေတာ့ ဖက္ဒရယ္ ဒီမိုကေရစီစနစ္ သြားဖို႔နဲ႔ တန္းတူေရးကိုယ္ပိုင္ျပ႒ာန္းခြင့္နဲ႔ ကိုယ့္ၾကမၼာကိုယ္ဖန္တီးခြင့္ရရွိ ေရးျဖစ္ပါတယ္။

၁၉၉၀ ျပည့္ႏွစ္ေ႐ြးေကာက္ပြဲမွာ အန္အယ္လ္ဒီ ပါတီၿပီးရင္ ဒုတိယ အမတ္အမ်ား ဆုံးရခဲ့ပါတယ္။ ၂၀၀၅ ခုႏွစ္မွာ ပါတီေခါင္းေဆာင္ေတြ ဖမ္းဆီးေထာင္ခ်ခံရၿပီး ၂၀၁၀ ေ႐ြးေကာက္ပြဲမွာ ပါဝင္ျခင္းမရွိဘဲ အန္အယ္လ္ဒီနဲ႔အတူ သပိတ္ေမွာက္ခဲ့ပါတယ္။

၂၀၁၂ မွာ ပါတီေခါင္းေဆာင္ေတြ ျပန္လြတ္လာကာ ၂၀၁၅ ေ႐ြးေကာက္ပြဲမွာဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့ရာမွာ အမတ္ေနရာ စုစုေပါင္း ၄၇ ေနရာ အႏိုင္ရခဲ့ပါတယ္။

ၿပီးခဲ့တဲ့ ၂၀၂၀ ႏိုဝင္ဘာ ၈ ရက္ေ႐ြးေကာက္ပြဲမွာေတာ့ SNLD ပါတီက ျပည္သူ႔လႊတ္ေတာ္အတြက္ ၁၃ ေနရာ ၊ အမ်ိဳးသားလႊတ္ေတာ္ ၂ ေနရာ၊ တိုင္းနဲ႔ျပည္နယ္လႊတ္ေတာ္ ၂၇ ေနရာ စုစုေပါင္း ၄၂ ေနရာနဲ႔ NLD နဲ႔ ႀကံ့ခိုင္ေရးပါတီၿပီးရင္ ႏိုင္ငံေရးပါတီေတြထဲမွာ တတိယေနရာအမ်ားဆုံး အႏိုင္ရရွိခဲ့တာပါ။

SNLD ပါတီကို လက္ရွိ အာဏာသိမ္းစစ္ေကာင္စီ လက္ေအာက္ခံ ေ႐ြးေကာက္ပြဲေကာ္မရွင္က အစစ္ခံဖို႔ အေၾကာင္းၾကားထားတာနဲ႔ ပတ္သက္ၿပီး ပါတီကေတာ့ ပါတီစည္းကမ္းအရ သြားေတာ့အစစ္မခံႏိုင္ပဲ ႐ုံးမွာလာေရာက္စစ္ေဆးႏိုင္ေၾကာင္း ေျပာထားတာရွိပါတယ္။

စကစ ေ႐ြးေကာက္ပြဲေကာ္မရွင္ကလည္း သတ္မွတ္ထားတဲ့ရက္အတြင္း လာၿပီးအစစ္မခံရင္ ပါတီဖ်က္သိမ္းမယ္ဆိုၿပီး သတိေပးထားကာ ဒီကိစၥနဲ႔ပတ္သက္ၿပီး ေ႐ြးေကာက္ပြဲေကာ္မရွင္က သူတို႔ကို ဇြန္လ ၃၀ ရက္အထိ အခ်ိန္ထပ္ေပးထားပါတယ္။

အာဏာသိမ္းစစ္ေကာင္စီက ပါတီစုံအေထြေထြေ႐ြးေကာက္ပြဲက်င္းပဖို႔ ေျပာဆိုေနတာနဲ႔ ပတ္သက္ၿပီး SNLD အေနနဲ႔ကေတာ့ ဒီ ၂၀၂၂ ႏွစ္ကုန္တဲ့အထိ ေ႐ြးေကာက္ပြဲအေၾကာင္းကို မစဥ္းစားဘူးလို႔ ဆိုပါတယ္။

SNLD ပါတီကိုထူေထာင္ရာမွာပါဝင္ခဲ့သူလည္းျဖစ္ ပါတီ ဥကၠ႒ေဟာင္းျဖစ္တဲ့ ဝါရင့္ႏိုင္ငံေရးသမားႀကီး ဦးခြန္ထြန္းဦးကေတာ့ ၿပီးခဲ့တဲ့ ဧၿပီ ၃၀ ရက္က ရန္ကုန္ၿမိဳ႕ရွိ သူ႔ရဲ႕ေနအိမ္မွာ ကြယ္လြန္သြားခဲ့ပါတယ္။

Photo- SNLD

အာဏာရှင်စနစ်တိုက်ဖျက်ရေးကြိုးပမ်းဆောင်ရွက်ဖို့နဲ့ အပြောင်းအလဲမြန်ဆန်နေတဲ့ နိုင်ငံရေး၊ စစ်ရေးဆိုင်ရာ အခင်းအကျင်းတွေမှာ တရားဓမ္မဘက်ကနေ ရပ်တည်ဆောင်ရွက်သွားမယ်လို့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD)ပါတီက ကြေညာပါတယ်။

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့မှာ ၂ ရက်တာကျင်းပခဲ့တဲ့ နိုင်ငံလုံးဆိုင်ရာညီလာခံအပြီး ဒီကနေ့ မေလ ၂၇ ရက်မှာ ခုလိုထုတ်ပြန်ကြေညာလိုက်တာပါ။

ပြည်တွင်းငြိမ်းချမ်းရေးကို အားလုံးပါဝင်ရေးမူနဲ့ ဆောင်ရွက်ဖို့၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကိုဦးတည်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ်ကို မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းရေးဆွဲသွားဖို့ကိုလည်း ထုတ်ပြန်ချက်မှာ ထည့်သွင်းထားပါတယ်။

ဒါ့အပြင် ရှမ်းပြည်ညီညွတ်ရေးကော်မတီ (CSSU) ရဲ့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ခြင်းမူဝါဒကြေငြာစာတမ်းကို အကောင်အထည်ဖော်ရေး၊ ရှမ်းပြည်နဲ့ နိုင်ငံအနှံ့မှာ ဖြစ်ပေါ်နေတဲ့ တိုက်ပွဲတွေရပ်တံ့ရေး၊ အမျိုးသားသွေးစည်းညီညွတ်ရေးအတွက် မိတ်ဖက်အဖွဲ့အစည်းတွေနဲ့အတူ လက်တွဲဆောင်ရွက်မယ်လို့လည်း ဆိုပါတယ်။

ပါတီအနေနဲ့ တိုင်းပြည်ရဲ့အသက်သွေးကြောဖြစ်တဲ့ ကောင်းမွန်သောပညာရေးစနစ် တိုးတက်မြင့်မားရေး တွန်းအားပေးဆောင်ရွက်သွားမှာဖြစ်ပြီး ကမ္ဘာ့ကပ်ရောဂါတွေ ကင်းစင်တဲ့အထိ တတ်အားသရွေ့ဆောင်ရွက်သွားမယ်လို့လည်း ကြေညာထားပါတယ်။

အင်အားကြီးနိုင်ငံရေးပါတီတခုဖြစ်တဲ့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီရဲ့ တနိုင်ငံလုံးဆိုင်ရာ ပါတီညီလာခံကြီးကို မေ ၂၆ ရက်ကနေ ၂၇ ရက်အထိ ၂ ရက်တာ ကျင်းပခဲ့တာဖြစ်ပါတယ်။

ဒီတစ်ကြိမ်ညီလာခံမှာ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ၃၁ ဦးအပါအဝင် ဗဟိုကော်မတီဝင် စုစုပေါင်း ၁၁၇ ဦးကို ပါတီဖွဲ့စည်းပုံစည်းမျဉ်းနဲ့အတူ ပြန်လည်ရွေးကောက်တင်မြှောက်ခဲ့ပါတယ်။

ပါတီထိပ်ပိုင်းခေါင်းဆောင် ဥက္ကဋ္ဌအဖြစ် ဦးစိုင်းညွန့်လွင် ၊ ဒုဥက္ကဋ္ဌ-၁ အဖြစ် စိုင်းခမ်းပိုင်ဖ (ခ) ဦးခင်မောင်ညွန့်၊ ဒုဥက္ကဋ္ဌ-၂ စိုင်းလှဖေ၊ အထွေထွေအတွင်းရေးမှူး စိုင်းလ (ခ) စိုင်းလိတ် ၊ တွဲဘက် အတွင်းရေးမှူး- ၁ စိုင်းကျော်ညွန့်၊ တွဲဘက်အတွင်းရေးမှူး-၂ စိုင်းဆမ်ဖွဏ်ဆိုင်တို့ ပြန်လည် အရွေးခံခဲ့ရပါတယ်။

ကျားခေါင်းပါတီလို့လူသိများတဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ကို ၁၉၈၈ ခုနှစ်မှာ စတင်ထူထောင်ခဲ့ပြီး ပါတီရဲ့ နိုင်ငံရေးမူဝါဒကတော့ ဖက်ဒရယ် ဒီမိုကရေစီစနစ် သွားဖို့နဲ့ တန်းတူရေးကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်ရရှိ ရေးဖြစ်ပါတယ်။

၁၉၉၀ ပြည့်နှစ်ရွေးကောက်ပွဲမှာ အန်အယ်လ်ဒီ ပါတီပြီးရင် ဒုတိယ အမတ်အများ ဆုံးရခဲ့ပါတယ်။ ၂၀၀၅ ခုနှစ်မှာ ပါတီခေါင်းဆောင်တွေ ဖမ်းဆီးထောင်ချခံရပြီး ၂၀၁၀ ရွေးကောက်ပွဲမှာ ပါဝင်ခြင်းမရှိဘဲ အန်အယ်လ်ဒီနဲ့အတူ သပိတ်မှောက်ခဲ့ပါတယ်။

၂၀၁၂ မှာ ပါတီခေါင်းဆောင်တွေ ပြန်လွတ်လာကာ ၂၀၁၅ ရွေးကောက်ပွဲမှာဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာမှာ အမတ်နေရာ စုစုပေါင်း ၄၇ နေရာ အနိုင်ရခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၀ နိုဝင်ဘာ ၈ ရက်ရွေးကောက်ပွဲမှာတော့ SNLD ပါတီက ပြည်သူ့လွှတ်တော်အတွက် ၁၃ နေရာ ၊ အမျိုးသားလွှတ်တော် ၂ နေရာ၊ တိုင်းနဲ့ပြည်နယ်လွှတ်တော် ၂၇ နေရာ စုစုပေါင်း ၄၂ နေရာနဲ့ NLD နဲ့ ကြံ့ခိုင်ရေးပါတီပြီးရင် နိုင်ငံရေးပါတီတွေထဲမှာ တတိယနေရာအများဆုံး အနိုင်ရရှိခဲ့တာပါ။

SNLD ပါတီကို လက်ရှိ အာဏာသိမ်းစစ်ကောင်စီ လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က အစစ်ခံဖို့ အကြောင်းကြားထားတာနဲ့ ပတ်သက်ပြီး ပါတီကတော့ ပါတီစည်းကမ်းအရ သွားတော့အစစ်မခံနိုင်ပဲ ရုံးမှာလာရောက်စစ်ဆေးနိုင်ကြောင်း ပြောထားတာရှိပါတယ်။

စကစ ရွေးကောက်ပွဲကော်မရှင်ကလည်း သတ်မှတ်ထားတဲ့ရက်အတွင်း လာပြီးအစစ်မခံရင် ပါတီဖျက်သိမ်းမယ်ဆိုပြီး သတိပေးထားကာ ဒီကိစ္စနဲ့ပတ်သက်ပြီး ရွေးကောက်ပွဲကော်မရှင်က သူတို့ကို ဇွန်လ ၃၀ ရက်အထိ အချိန်ထပ်ပေးထားပါတယ်။

အာဏာသိမ်းစစ်ကောင်စီက ပါတီစုံအထွေထွေရွေးကောက်ပွဲကျင်းပဖို့ ပြောဆိုနေတာနဲ့ ပတ်သက်ပြီး SNLD အနေနဲ့ကတော့ ဒီ ၂၀၂၂ နှစ်ကုန်တဲ့အထိ ရွေးကောက်ပွဲအကြောင်းကို မစဉ်းစားဘူးလို့ ဆိုပါတယ်။

SNLD ပါတီကိုထူထောင်ရာမှာပါဝင်ခဲ့သူလည်းဖြစ် ပါတီ ဥက္ကဋ္ဌဟောင်းဖြစ်တဲ့ ဝါရင့်နိုင်ငံရေးသမားကြီး ဦးခွန်ထွန်းဦးကတော့ ပြီးခဲ့တဲ့ ဧပြီ ၃၀ ရက်က ရန်ကုန်မြို့ရှိ သူ့ရဲ့နေအိမ်မှာ ကွယ်လွန်သွားခဲ့ပါတယ်။

Photo- SNLD