အေနာက္ႏိုင္ငံမ်ားက ျမန္မာႏိုင္ငံကို အပိုင္စီးေတာ့မည့္အျပင္ အမ်ိဳး ဘာသာ သာသနာ ေပ်ာက္ကြယ္ႏိုင္၍ ႏိုင္ငံေတာ္ကာကြယ္ေရးႏွင့္လုံၿခဳံေရးအတြက္ စစ္မႈျပန္ထမ္းရန္ စစ္မႈထမ္းေဟာင္းအားလုံးကို စစ္ေကာင္စီက လွ်ိဳ႕ဝွက္ ျပန္ေခၚ
ရန္ကုန္၊ ေမ ၂၈
အေနာက္ႏိုင္ငံႀကီးမ်ားက ျမန္မာႏိုင္ငံကို အပိုင္စီးေတာ့မည့္အျပင္ အမ်ိဳး ဘာသာ သာသနာ ေပ်ာက္ကြယ္ႏိုင္သျဖင့္ ႏိုင္ငံေတာ္ကာကြယ္ေရး စစ္မႈျပန္ထမ္းရန္ စစ္မႈထမ္းေဟာင္းမ်ားကို စစ္ေကာင္စီက လွ်ိဳ႕ဝွက္ ျပန္ေခၚထားေၾကာင္း စစ္မႈထမ္းေဟာင္းအသိုင္းအ၀ိုင္းထံမွ သိရွိရသည္။
ဧၿပီလေႏွာင္းပိုင္းမွစတင္ၿပီး ျမန္မာႏိုင္ငံတစ္ဝန္းရွိ စစ္မႈထမ္းေဟာင္းမ်ားကို သက္ဆိုင္ရာ ၿမိဳ႕နယ္စစ္မႈထမ္းေဟာင္းမ်ားထံသို႔ ျပန္လည္ ဆက္သြယ္ၿပီး စစ္မႈထမ္းရန္ စစ္တပ္ဘက္က ၫႊန္ၾကားလာေၾကာင္း ၊ စစ္မႈထမ္းေဟာင္းမ်ားကို တပ္ဖြဲ႕ ၃ ဖြဲ႕ ဖြဲ႕စည္းထားၿပီး အသက္ ၅၀ ႏွစ္ေအာက္ တပ္ဖြဲ႕၊
အသက္ ၅၀ ႏွင့္ ၆၀ အၾကား တပ္ဖြဲ႕၊ အသက္ ၆၀ ႏွင့္ ၆၅ အၾကားတပ္ဖြဲ႕ဟူ၍ ၃ ဖြဲ႕ ခြဲျခားထားေၾကာင္း၊ စစ္မႈထမ္း ေဟာင္း၏ အသက္ႏွင့္ရာထူးကိုလိုက္၍ ရာထူးသတ္ မွတ္ျပန္လည္ေပးအပ္ၿပီး ကာကြယ္ေရးႏွင့္ လုံၿခဳံေရးတာဝန္ထမ္း ေဆာင္ခိုင္းျခင္းျဖစ္ေၾကာင္း သိရွိရသည္။
“က်န္းမာေရးမေကာင္းတာကလြဲရင္ ျငင္းပယ္ခြင့္မရွိဘူး။ ကိုယ့္သက္ဆိုင္ရာၿမိဳ႕နယ္ ၊ ရပ္ကြက္ေတြမွာ စစ္မႈျပန္ထမ္း ရမယ္လို႔ ေျပာတယ္။ လက္နက္ေတြ က်ည္ေတြ ထုတ္ေပးမယ္” ဟု စစ္မႈထမ္းေဟာင္းတစ္ဦးက ေျပာသည္။
စစ္ေကာင္စီက စစ္မႈထမ္းေဟာင္းမ်ားကို တာဝန္ျပန္လည္ ထမ္းေဆာင္ရန္ ေပးပို႔ေသာ လွ်ိဳ႕ဝွက္ အေၾကာင္းၾကားစာမ်ားတြင္ လက္ရွိ အေျခအေနမ်ားက စစ္တပ္ကို အင္အားခ်ိနဲ႔ၿပီး တိုင္းျပည္ၿပိဳကြဲေအာင္ လုပ္ေနေၾကာင္း၊
အမ်ိဳး ဘာသာ သာသနာ ကြယ္ေပ်ာက္ေစရန္ ဘာသာေရးအစြန္းေရာက္မ်ားႏွင့္ ႏိုင္ငံကို အပိုင္စီးလိုေသာ အေနာက္အုပ္စုမ်ား အႏၲရာယ္မွ ကာကြယ္ရန္ လိုအပ္လ်က္ရွိရာ စစ္မႈထမ္းေဟာင္းမ်ားအေနျဖင့္ တိုင္းျပည္ကို ကာကြယ္ေစာင့္ ေရွာက္ ရမည္ျဖစ္ေၾကာင္း အေၾကာင္းၾကား ေရးသားထားသည္။
အနောက်နိုင်ငံများက မြန်မာနိုင်ငံကို အပိုင်စီးတော့မည့်အပြင် အမျိုး ဘာသာ သာသနာ ပျောက်ကွယ်နိုင်၍ နိုင်ငံတော်ကာကွယ်ရေးနှင့်လုံခြုံရေးအတွက် စစ်မှုပြန်ထမ်းရန် စစ်မှုထမ်းဟောင်းအားလုံးကို စစ်ကောင်စီက လျှို့ဝှက် ပြန်ခေါ်
ရန်ကုန်၊ မေ ၂၈
အနောက်နိုင်ငံကြီးများက မြန်မာနိုင်ငံကို အပိုင်စီးတော့မည့်အပြင် အမျိုး ဘာသာ သာသနာ ပျောက်ကွယ်နိုင်သဖြင့် နိုင်ငံတော်ကာကွယ်ရေး စစ်မှုပြန်ထမ်းရန် စစ်မှုထမ်းဟောင်းများကို စစ်ကောင်စီက လျှို့ဝှက် ပြန်ခေါ်ထားကြောင်း စစ်မှုထမ်းဟောင်းအသိုင်းအဝိုင်းထံမှ သိရှိရသည်။
ဧပြီလနှောင်းပိုင်းမှစတင်ပြီး မြန်မာနိုင်ငံတစ်ဝန်းရှိ စစ်မှုထမ်းဟောင်းများကို သက်ဆိုင်ရာ မြို့နယ်စစ်မှုထမ်းဟောင်းများထံသို့ ပြန်လည် ဆက်သွယ်ပြီး စစ်မှုထမ်းရန် စစ်တပ်ဘက်က ညွှန်ကြားလာကြောင်း ၊ စစ်မှုထမ်းဟောင်းများကို တပ်ဖွဲ့ ၃ ဖွဲ့ ဖွဲ့စည်းထားပြီး အသက် ၅၀ နှစ်အောက် တပ်ဖွဲ့၊
အသက် ၅၀ နှင့် ၆၀ အကြား တပ်ဖွဲ့၊ အသက် ၆၀ နှင့် ၆၅ အကြားတပ်ဖွဲ့ဟူ၍ ၃ ဖွဲ့ ခွဲခြားထားကြောင်း၊ စစ်မှုထမ်း ဟောင်း၏ အသက်နှင့်ရာထူးကိုလိုက်၍ ရာထူးသတ် မှတ်ပြန်လည်ပေးအပ်ပြီး ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်ထမ်း ဆောင်ခိုင်းခြင်းဖြစ်ကြောင်း သိရှိရသည်။
“ကျန်းမာရေးမကောင်းတာကလွဲရင် ငြင်းပယ်ခွင့်မရှိဘူး။ ကိုယ့်သက်ဆိုင်ရာမြို့နယ် ၊ ရပ်ကွက်တွေမှာ စစ်မှုပြန်ထမ်း ရမယ်လို့ ပြောတယ်။ လက်နက်တွေ ကျည်တွေ ထုတ်ပေးမယ်” ဟု စစ်မှုထမ်းဟောင်းတစ်ဦးက ပြောသည်။
စစ်ကောင်စီက စစ်မှုထမ်းဟောင်းများကို တာဝန်ပြန်လည် ထမ်းဆောင်ရန် ပေးပို့သော လျှို့ဝှက် အကြောင်းကြားစာများတွင် လက်ရှိ အခြေအနေများက စစ်တပ်ကို အင်အားချိနဲ့ပြီး တိုင်းပြည်ပြိုကွဲအောင် လုပ်နေကြောင်း၊
အမျိုး ဘာသာ သာသနာ ကွယ်ပျောက်စေရန် ဘာသာရေးအစွန်းရောက်များနှင့် နိုင်ငံကို အပိုင်စီးလိုသော အနောက်အုပ်စုများ အန္တရာယ်မှ ကာကွယ်ရန် လိုအပ်လျက်ရှိရာ စစ်မှုထမ်းဟောင်းများအနေဖြင့် တိုင်းပြည်ကို ကာကွယ်စောင့် ရှောက် ရမည်ဖြစ်ကြောင်း အကြောင်းကြား ရေးသားထားသည်။