Local News


ယင်းမာပင်၊ မေ ၂၈၊၂၀၂၂။






#မြေလတ်အသံ

ဒေါင်းလုလင်က ၃ မိုင်ထိ ပစ်လွှတ်နိုင်တဲ့ တာဝေးပစ် ရှော့ဒုံးတွေ ထပ်မံထုတ်လုပ် (ရုပ်/သံ)

ယင်းမာပင်၊ မေ ၂၈၊၂၀၂၂။

စစ်ကိုင်းတိုင်း ယင်းမာပင်အခြေစိုက် ဒေါင်းလုလင် ဒေသကာကွယ်ရေးတပ်ဖွဲ့- LPDFက တာဝေးပစ် ရှော့တိုက်ဒုံးတွေ ထပ်မံထုတ်လုပ်ထားမူကို မေလ ၂၈ ရက် ဒီနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

HPM-01 လို့ အမည်ပေးထားပြီး ၃ မိုင်အထိပစ်ခတ်နိုင်တယ်လို့ သိရပါတယ်။

“အကွာအဝေး ၃ မိုင်အထိ ပစ်ခတ်နိုင်ပါတယ်။ HPM-1လို့ အမည်ပေးထားပါတယ် ထုတ်လုပ်ရက်က ၅ ရက်တာ ကြာမြင့်ပါတယ်” ဒေါင်းလုလင်LPDF အဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

သူတို့အဖွဲ့ဟာ ရှော့ဒုံးတွေ မကြာခဏဆိုသလိုထုတ်လုပ်နေပြီး မြေပြင်တိုက်ပွဲတွေမှာ အသုံးပြုနေပေမယ့် နည်းပညာ လိုအပ်ချက် ကုန်ကြမ်းလိုအပ်ချက်တွေ ရှိနေတာကြောင့် အများကြီး ထုတ်လုပ်နိုင်ခြင်း မရှိသေးဘူးလို့ ဆိုပါတယ်။

အဲဒိအဖွဲ့ဟာ အမျိုးသား ညီညွှတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီး ဌာနနဲ့ MOD တို့နဲ့ ချိတ်ဆက်ထားပြီး ဗဟို အမိ့ပေးစနစ် Chain of Command ကို လိုက်နာဆောင်ရွက် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

#မြေလတ်အသံ