Local News



မြေလတ်အသံ၊ မေ ၂၈၊ ၂၀၂၂။







#မြေလတ်အသံ

ပျူစောထီးခေါင်းဆောင် မြဝတီသတင်းထောက် သေနတ်နဲ့ ၂ ချက် ပစ်ခံရပြီး သေဆုံး

မြေလတ်အသံ၊ မေ ၂၈၊ ၂၀၂၂။

ပေါက်မြို့နယ် လမ်းတနေရာမှာ မေလ ၂၈ ရက်နေ့က ပျူစောထီးခေါင်းဆောင် စစ်ကောင်စီဝါဒဖြန့် မြဝတီ သတင်းထောက်ကို သေနတ်နဲ့ ပစ်သတ်ခဲ့တယ်လို့ People Defense Force Of Magway တာဝန်ခံက မြေလတ်အသံကိုပြောပါတယ်။

နေ့လည် ၁ နာရီဝန်းကျင်ခန့်က ပစ်ခတ်ခဲ့တာဖြစ်ပြီး စစ်မေးရန် သွားရောက်ခေါ်စဉ် ပြန်လည် ခုခံခဲ့တာ ကြောင့် ပစ်ခတ်ခဲ့ရတယ်လို့ ဆိုပါတယ်။

“ကျနော်တို့က သာမန်လက်နက်မဲ့လူဆိုလို့ရှိရင်တော့ ဒီလိုမျိုးမဖြေရှင်းပါဘူး၊ ဘယ်သူပဲစစ်ကောင်စီဘက်ကလုပ်ပေးနေနေ လက်နက်မဲ့ဆိုရင် ဒီလိုမျိုးပစ်ခတ်သတ်ပစ်တဲ့ နီးလမ်းကိုမသုံးဘူး၊ ဒါပေမဲ့ နေ့လည်တုန်းကသူ့ကိုစစ်ဆေးဖို့သွားခေါ်တဲ့အခါမှာ ကျနော်တို့ပြန်လှန်တိုက်ခိုက်မှုလုပ်လို့ ကျနော်တို့ပစ်ရှင်းလိုက်ရတာပါ၊

ဒုတိယတချက်က သူက စစ်ကောင်စီရဲအုပ်တွေ စစ်ကောင်စီဘက်က စစ်ကြောင်းတွေလာတဲ့အခါမှာ ရှေ့ကနေပြီးတော့လမ်းကြောင်းပြပေးတဲ့ မီးရှို့တဲ့နေရာတွေမှာပါဝင်တဲ့တရားခံဖြစ်တယ်၊

ဒါကြောင့်မလိုသူ့ဆီကိုသွားပြီးတော့ ဖြေရှင်းတာ၊အဲဒီမှာအပြန်အလှန်ပစ်ခတ်မှုဖြစ်တော့ ကျနော်တို့ပစ်သတ်လိုက်ရပါတယ်။” People Defense Force Of Magway တာဝန်ခံက ဆိုပါတယ်။

ပစ်ခတ်ခံရသူအမည်မှာ မြဝတီသတင်းထောက် ညဏ်တိုး ဆိုတာသိရပြီး အသက် ၅၀ ဝန်းကျင်ရှိပြီဖြစ်တယ်လို့ ပြောပါတယ်။

#မြေလတ်အသံ