Local News

PDF ေခါင္းေဆာင္အပါ ရဲေဘာ္ ၁၁ ဦးကို စစ္တပ္ကဖမ္းဆီးထား

စဥ့္ကိုင္ PDF ေခါင္းေဆာင္အပါ ရဲေဘာ္ ၁၁ ဦးကို စစ္တပ္ကဖမ္းဆီးထား

စဥ့္ကိုင္၊ ေမ ၂၈၊ ၂၀၂၂။

မႏၲေလးတိုင္း၊ စဥ့္ကိုင္ၿမိဳ႕နယ္မွာ ဧၿပီလနဲ႔ ေမလအတြင္း စဥ့္ကိုင္ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕မွ ေခါင္းေဆာင္အပါအဝင္ စုစုေပါင္း ရဲေဘာ္ ၁၁ ဦးဟာ စစ္တပ္ရဲ႕ဖမ္းဆီးမႈကို ခံခဲ့ရတယ္လို႔ အဲ့ဒီအဖြဲ႕က ေမလ ၂၈ ဒီကေန႔မွာ သတင္းထုတ္ျပန္လာပါတယ္။

ဖမ္းဆီးခံရသူေတြဟာ အသက္ ၃၀ နဲ႔ ၂၀ဝန္းက်င္ေတြသာရွိၿပီး၊ အမ်ားစုက စဥ့္ကိုင္ၿမိဳ႕နယ္အတြင္းမွာပဲ ဖမ္းဆီးခံလိုက္ရတာျဖစ္တယ္လို႔ စဥ့္ကိုင္ PDF ရဲ႕ တာဝန္ရွိသူက ေျပာပါတယ္။

“မ်ားေသာအားျဖင့္ နယ္ထဲမွာပဲ အဖမ္းခံလိုက္ရတာ၊ အသက္ကေတာ့ ေခါင္းေဆာင္က ၃၅ နစ္၊ က်န္တာကေတာ့ အ႐ြယ္စုံပဲ၊ ၃၀ ဝန္းက်င္နဲ႔ ၂၀ ေက်ာ္ ညီေလးေတြလည္းပါတယ္။ သူတို႔ကို ဘယ္မွာထားလဲဆိုတာကိုလည္း အတိအက်မသိရဘူး၊” လို႔ သူကေျပာပါတယ္။

ၿပီးခဲ့တဲ့ ဧၿပီလ ၂၈ ရက္မွာ ရဲေဘာ္တဦး စတင္ဖမ္းဆီးခံခဲ့ရၿပီးေနာက္ပိုင္း ေတာက္ေလ်ာက္ ဆိုသလို အဖမ္းခံရတာလို႔လည္း ဆိုပါတယ္။

စစ္တပ္က ဖမ္းဆီးထားတဲ့ရဲေဘာ္ေတြကို အဖြဲ႕စခန္းခ်ရာ ေနရာေတြကိုလည္း လိုက္ျပခိုင္းၿပီး၊ အဲ့ဒီေနရာေတြမွာရွိတဲ့ ေသနတ္အရွည္နဲ႔ က်ည္ဆံေတြကိုပါ သိမ္းဆည္းသြားတယ္လို႔ အထက္ပါတာဝန္ရွိသူက ဆက္ေျပာပါတယ္။

စဥ့္ကိုင္ PDF ဟာ စဥ့္ကိုင္ၿမိဳ႕နယ္နဲ႔ အနီးတဝိုက္ေဒသေတြမွာ စစ္ေကာင္စီကိုေတာ္လွန္တိုက္ခိုက္ေနတဲ့ ေဒသခံကာကြယ္ေရးတပ္ဖြဲ႕တခုျဖစ္ၿပီး၊ လက္ရွိအခ်ိန္မွာေတာ့ လုံၿခဳံေရးအရ တိုက္ခိုက္ေရးလုပ္ငန္းေတြကို ေခတၱရပ္နားထားတယ္လို႔လည္း သိရပါတယ္။

#ေျမလတ္အသံ

စဉ့်ကိုင် PDF ခေါင်းဆောင်အပါ ရဲဘော် ၁၁ ဦးကို စစ်တပ်ကဖမ်းဆီးထား

စဉ့်ကိုင်၊ မေ ၂၈၊ ၂၀၂၂။

မန္တလေးတိုင်း၊ စဉ့်ကိုင်မြို့နယ်မှာ ဧပြီလနဲ့ မေလအတွင်း စဉ့်ကိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ခေါင်းဆောင်အပါအဝင် စုစုပေါင်း ရဲဘော် ၁၁ ဦးဟာ စစ်တပ်ရဲ့ဖမ်းဆီးမှုကို ခံခဲ့ရတယ်လို့ အဲ့ဒီအဖွဲ့က မေလ ၂၈ ဒီကနေ့မှာ သတင်းထုတ်ပြန်လာပါတယ်။

ဖမ်းဆီးခံရသူတွေဟာ အသက် ၃၀ နဲ့ ၂၀ဝန်းကျင်တွေသာရှိပြီး၊ အများစုက စဉ့်ကိုင်မြို့နယ်အတွင်းမှာပဲ ဖမ်းဆီးခံလိုက်ရတာဖြစ်တယ်လို့ စဉ့်ကိုင် PDF ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

“များသောအားဖြင့် နယ်ထဲမှာပဲ အဖမ်းခံလိုက်ရတာ၊ အသက်ကတော့ ခေါင်းဆောင်က ၃၅ နစ်၊ ကျန်တာကတော့ အရွယ်စုံပဲ၊ ၃၀ ဝန်းကျင်နဲ့ ၂၀ ကျော် ညီလေးတွေလည်းပါတယ်။ သူတို့ကို ဘယ်မှာထားလဲဆိုတာကိုလည်း အတိအကျမသိရဘူး၊” လို့ သူကပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၂၈ ရက်မှာ ရဲဘော်တဦး စတင်ဖမ်းဆီးခံခဲ့ရပြီးနောက်ပိုင်း တောက်လျောက် ဆိုသလို အဖမ်းခံရတာလို့လည်း ဆိုပါတယ်။

စစ်တပ်က ဖမ်းဆီးထားတဲ့ရဲဘော်တွေကို အဖွဲ့စခန်းချရာ နေရာတွေကိုလည်း လိုက်ပြခိုင်းပြီး၊ အဲ့ဒီနေရာတွေမှာရှိတဲ့ သေနတ်အရှည်နဲ့ ကျည်ဆံတွေကိုပါ သိမ်းဆည်းသွားတယ်လို့ အထက်ပါတာဝန်ရှိသူက ဆက်ပြောပါတယ်။

စဉ့်ကိုင် PDF ဟာ စဉ့်ကိုင်မြို့နယ်နဲ့ အနီးတဝိုက်ဒေသတွေမှာ စစ်ကောင်စီကိုတော်လှန်တိုက်ခိုက်နေတဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တခုဖြစ်ပြီး၊ လက်ရှိအချိန်မှာတော့ လုံခြုံရေးအရ တိုက်ခိုက်ရေးလုပ်ငန်းတွေကို ခေတ္တရပ်နားထားတယ်လို့လည်း သိရပါတယ်။

#မြေလတ်အသံ