Local News


ရန်ကုန်၊ မေ ၂၈





Video credit – Pale People’s Defence Force – Headquarters

ပုလဲတွင် စစ်တပ် စစ်ကြောင်း ပစ်ခတ်တိုက်ခိုက်ခံရပြီး စစ်သား ၃ ဦးသေဆုံး(ရုပ်/သံ)

ရန်ကုန်၊ မေ ၂၈

စစ်ကိုင်းတိုင်း ပုလဲမြို့နယ် နဂါးမတောင် အနီး အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက ယနေ့ မေလ ၂၈ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို Pale People’s Defence Force-Headquarters ၊ပုလဲတပ်ရင်း(၂)၊God of Myaing ၊Myaing Hero Generation ၊

လင်းယုန်အဖွဲ့နှင့် Monywa People Defence Force-mpdf အဖွဲ့များက ပူးပေါင်း တိုက်ခိုက် ခဲ့ခြင်းဖြစ်ပြီး

မိနစ် ၃ဝ ခန့် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး စစ်သား ၃ ဦးသေဆုံးကာ ကာကွယ်ရေး တပ်ဖွဲ့များ အောင်မြင်စွာ ဆုတ်ခွာ နိုင်ခဲ့ကြောင်း သိရသည်။