Local News
စစ်ကောင်စီလက်နက်ကြီးကြောင့် လသားအရွယ်ကလေးမိခင်တစ်ဦး အပါဝင် ပြည်သူ ၃ ဦးသေဆုံး
စစ်ကောင်စီလက်နက်ကြီးကြောင့် လသားအရွယ်ကလေးမိခင်တစ်ဦးသေဆုံး
ကလေးမြို့ တာဟန်းရပ်ကွက် ဝယ်စလီဆေးရုံ အနောက်ဘက်မှာ နေထိုင်သူ MC Vanlalawmpuii(Puipui)
အသက် ၂၅ နှစ်ဟာ မနေ့ည‌မေ ၂၈ ရက်က စစ်‌ကောင်စီတွေပစ်တဲ့ လက်နက်ကြီး ကျည်ထိမှန်လို့ ၂၉ ရက် မနက် ၁ နာရီတွင်သေဆုံးသွားကြောင်းသတင်းရရှိပါတယ်။
၎င်းတွင် ၆ လသားအရွယ် သားလေးကျန်ရစ်ခဲ့ပါတယ်။ အလောင်းကို ယနေ့မေ ၂၉ ရက် ညနေ ၂ နာရီတွင်သဂြိုလ်ပါမယ်။
ယမန်နေ့ည တိုက်ပွဲတွင် လက်နက်ကြီးကျည်ကြောင့် အပြစ်မဲ့ ပြည်သူ ၃ ယောက်အသက်ဆုံးရှုံးကြပါတယ်။Zalen