Local News

ယူနီေဖာင္း ဝတ္ထားသူေတြက လက္နက္ျပ ကားရပ္ခိုင္းၿပီး ကိုယ္ပိုင္ကားေပၚမွ ေ႐ႊႏွင့္ေက်ာက္စိမ္း က်ပ္သိန္းတစ္ေသာင္းဖိုး လုယက္၊

မႏၲေလးမွာ ယူနီေဖာင္း ဝတ္ထားသူေတြက လက္နက္ျပ ကားရပ္ခိုင္းၿပီး ကိုယ္ပိုင္ကားေပၚမွ ေ႐ႊႏွင့္ေက်ာက္စိမ္း က်ပ္သိန္းတစ္ေသာင္းဖိုး လုယက္၊

MFP ၊ ေမ- ၂၉

မႏၲေလးၿမိဳ႕ ခ်မ္းျမသာစည္ၿမိဳ႕နယ္၊ (၇၃)လမ္းႏွင့္ (၁၀၂-A)လမ္းအနီးမွာ မေန႔က ေန႔လည္(၁)နာရီက ကားေမာင္းၿပီး သြားလာေနတဲ့ အမ်ိဳးသားတစ္ဦးကို ယူနီေဖာင္း ဝတ္ထားသူေတြ အပါအဝင္ လူေလးဦးက လက္နက္ျပ ကားရပ္ခိုင္းၿပီးေနာက္ ကားေပၚမွာ ပါလာတဲ့ က်ပ္သိန္းတစ္ေသာင္း တန္ဘိုးရွိ ေ႐ႊႏွင့္ ေက်ာက္စိမ္းေတြကို ေတြ႕ရွီသြာၿပီး ဓားျပတိုက္ လုယက္သြားတယ္လို႔ ေဒသခံ သတင္းရင္းျမစ္ေတြက MFP ကို ေျပာပါတယ္။

မေန႔က ေမ(၂၈)ရက္ ေန႔လယ္(၁)နာရီက မႏၲေလးၿမိဳ႕ ခ်မ္းျမသာစည္ၿမိဳ႕နယ္၊ ၿမိဳ႕သစ္(၅)ရပ္ကြက္ေနသူ အသက္(၅၀)ဝန္းက်င္ အမ်ိဳးသားဟာ အသက္(၁၀)ႏွစ္အ႐ြယ္ သားျဖစ္သူႏွင့္အတူ ကိုယ္ပိုင္ကားနဲ႔ ေနအိမ္ကို ျပန္လာခ်ိန္ (၁၀၂-A)လမ္း၊ (၇၂)လမ္းႏွင့္ (၇၃)လမ္းၾကား

၊ ၿမိဳ႕ေတာ္စာခ်ဳပ္စာတမ္း မွတ္ပုံတင္႐ုံးေရွ႕မွာ ယူနီေဖာင္း ဝတ္ဆင္ထားသူေတြ အပါအဝင္ လူတစ္စုက ကားကို တားလို႔ ရပ္ေပးလိုက္ရာမွာ ကားေပၚ ေမႊေႏွာက္ရွာေဖြၿပီးေနာက္ က်ပ္သိန္းတစ္ေသာင္း တန္ဘိုးရွိတဲ့ ေ႐ႊႏွင့္ ေက်ာက္သိမ္းေတြ ေတြ႕ရွိသြားၿပီး လုယက္သြားတာလို႔ ဆိုပါတယ္။

ေ႐ႊႏွင့္ ေက်ာက္စိမ္းေတြကို လုယက္သူ ေလးဦးထဲက ႏွစ္ဦးဟာ ယူနီေဖာင္းေတြ ဝတ္ဆင္ထားကာ ေသနတ္အရွည္ေတြ လြယ္ထားၿပီး က်န္ႏွစ္ဦးကေတာ့ သာမန္အရပ္ဝတ္ေတြနဲ႔ ျဖစ္ေၾကာင္း၊ မႏၲေလးမွာ ေတြ႕ျမင္ေနၾကျဖစ္တဲ့ စစ္အုပ္စုက လမ္းသြားလမ္းလာေတြကို ဖမ္းဆီးေငြညႇစ္သလိုမ်ိဳး အဲ့ဒီအဖြဲ႕ဟာ လမ္းေဘးမွာ ကားရပ္ထားၿပီး လမ္သြားလမ္းေတြကို တားဆီးစစ္ေဆးေနတာလို႔ ဆိုပါတယ္။

ကားရပ္ေပးလိုက္ခ်ိန္မွာ အဲ့ဒီအဖြဲ႕က ေမႊေႏွာက္ရွာေဖြၿပီး ကားေပၚပါလာတဲ့ ေက်ာက္စိမ္း လက္ဝတ္ရတနာ အေခ်ာထည္ ေက်ာက္စိမ္းဆြဲသီး ေျခာက္ခု (တန္ဖိုး က်ပ္သိန္း၄၀၀၀ ခန႔္)၊ ေက်ာက္စိမ္းလက္စြပ္ ရွစ္ကြင္း (တန္ဖိုး က်ပ္သိန္း ၅၀၀၀ ခန႔္) ႏွင့္

ေက်ာက္စိမ္း နားပန္းစုံ ႏွစ္ခု (တန္ဖိုး က်ပ္သိန္း ၁၀၀၀ ခန႔္)၊ စုစုေပါင္းတန္ဘိုး က်ပ္သိန္း (၁၀၀၀၀)ခန႔္ကို ေတြ႕ရွိၿပီး လုယက္ ယူေဆာင္သြားတာလို႔ ဆိုပါတယ္။

လုယက္ခံရတဲ့ အမ်ိဳးသားဟာ မႏၲေလးၿမိဳ႕ ခ်မ္းျမသာစည္ၿမိဳ႕နယ္က စစ္ေကာင္စီ လက္ေအာက္ခံ အမွတ္(၁၁) နယ္ေျမရဲစခန္းမွာ အမႈဖြင့္ထားတယ္လို႔ ဆိုပါတယ္။

ၿပီးခဲ့တဲ့ လပိုင္းကလည္း မႏၲေလးၿမိဳ႕ ခ်မ္းျမသာစည္ၿမိဳ႕နယ္က ရပ္ကြက္တစ္ခုမွာ ယူနီေဖာင္းေတြနဲ႔ ဧည့္စာရင္းစစ္တဲ့ အုပ္စုက အမ်ိဳးသမီးတစ္ဦးတည္း ရွိေနတဲ့ အိမ္တစ္အိမ္ထဲကို ဝင္ေမႊၿပီး က်ပ္သိန္းေသာင္းခ်ီ တန္ဘိုးရွိတဲ့ ေ႐ႊႏွင့္ ေက်ာက္စိမ္းေတြ ၿခိမ္းေျခာက္ လုယက္ခဲ့ပါေသးတယ္။

အာဏာသိမ္းၿပီးေနာက္ပိုင္း မႏၲေလးမွာ လုယက္မႈ၊ ဓားျပမႈ၊ ခိုးမႈ၊ အႏုၾကမ္းစီးမႈေတြ ဆက္တိုက္ျဖစ္ပြားေနၿပီး ယူနီေဖာင္း ဝတ္ထားသူေတြကပါ ခိုးယူလုယက္ ဓားျပတိုက္တာေတြ က်ဴးလြန္ေနတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။

အၾကမ္းဖက္စစ္အုပ္စုက စစ္အာဏာသိမ္းမႈကို ဆန႔္က်င္တဲ့ ေဒသခံ ျပည္သူေတြကို ဥပေဒမဲ့ ဖမ္းဆီး သတ္ျဖတ္ ေငြညႇစ္တာေတြ၊ ရပ္ကြက္ေတြ လမ္းေတြကို ပိတ္ဆို႔ၿပီး စစ္ေဆးတာေတြ၊

ကင္းပုန္းေတြခ်ၿပီး စိတ္ထင္သလို ပစ္ခတ္ သတ္ျဖတ္တာေတြ လုပ္ေဆာင္ေနေပမယ့္ မႏၲေလးၿမိဳ႕မွာ ျဖစ္ပြားေနတဲ့ ဒုစ႐ိုက္မႈေတြက ေလွ်႕မသြားဘဲ စစ္အုပ္စု အထိုင္ခ်ေနတဲ့ ေနရာေတြအနီးမွာကိုပဲ ဆက္လက္ျဖစ္ပြားေနတယ္လို႔့ ၿမိဳ႕ခံေတြက ဆိုပါတယ္။

အၾကမ္းဖက္ စစ္အုပ္စုဟာ အာဏာသိမ္းၿပီးေနာက္ပိုင္း ႏိုင္ငံတဝန္းရွိ အက်ဥ္းေထာင္ေတြထဲက ခိုး၊ ဆိုး၊ လု၊ ႏႈိက္၊ လူသတ္၊ မဒိန္း စတဲ့ ရာဇဝတ္မႈေတြ က်ဴးလြန္လို႔ ေထာင္က်ေနတဲ့ ေထာင္ေသာင္းခ်ီတဲ့ ရာဇဝတ္ အက်ဥ္းသားေတြကို လြတ္ၿငိမ္းခြင့္ေပးၿပီး ေထာင္ေတြထဲကေန ျပန္လႊတ္ေပးခဲ့ပါတယ္။

မန္တလေးမှာ ယူနီဖောင်း ဝတ်ထားသူတွေက လက်နက်ပြ ကားရပ်ခိုင်းပြီး ကိုယ်ပိုင်ကားပေါ်မှ ရွှေနှင့်ကျောက်စိမ်း ကျပ်သိန်းတစ်သောင်းဖိုး လုယက်၊

MFP ၊ မေ- ၂၉

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်၊ (၇၃)လမ်းနှင့် (၁၀၂-A)လမ်းအနီးမှာ မနေ့က နေ့လည်(၁)နာရီက ကားမောင်းပြီး သွားလာနေတဲ့ အမျိုးသားတစ်ဦးကို ယူနီဖောင်း ဝတ်ထားသူတွေ အပါအဝင် လူလေးဦးက လက်နက်ပြ ကားရပ်ခိုင်းပြီးနောက် ကားပေါ်မှာ ပါလာတဲ့ ကျပ်သိန်းတစ်သောင်း တန်ဘိုးရှိ ရွှေနှင့် ကျောက်စိမ်းတွေကို တွေ့ရှီသွာပြီး ဓားပြတိုက် လုယက်သွားတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

မနေ့က မေ(၂၈)ရက် နေ့လယ်(၁)နာရီက မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်၊ မြို့သစ်(၅)ရပ်ကွက်နေသူ အသက်(၅၀)ဝန်းကျင် အမျိုးသားဟာ အသက်(၁၀)နှစ်အရွယ် သားဖြစ်သူနှင့်အတူ ကိုယ်ပိုင်ကားနဲ့ နေအိမ်ကို ပြန်လာချိန် (၁၀၂-A)လမ်း၊ (၇၂)လမ်းနှင့် (၇၃)လမ်းကြား

၊ မြို့တော်စာချုပ်စာတမ်း မှတ်ပုံတင်ရုံးရှေ့မှာ ယူနီဖောင်း ဝတ်ဆင်ထားသူတွေ အပါအဝင် လူတစ်စုက ကားကို တားလို့ ရပ်ပေးလိုက်ရာမှာ ကားပေါ် မွှေနှောက်ရှာဖွေပြီးနောက် ကျပ်သိန်းတစ်သောင်း တန်ဘိုးရှိတဲ့ ရွှေနှင့် ကျောက်သိမ်းတွေ တွေ့ရှိသွားပြီး လုယက်သွားတာလို့ ဆိုပါတယ်။

ရွှေနှင့် ကျောက်စိမ်းတွေကို လုယက်သူ လေးဦးထဲက နှစ်ဦးဟာ ယူနီဖောင်းတွေ ဝတ်ဆင်ထားကာ သေနတ်အရှည်တွေ လွယ်ထားပြီး ကျန်နှစ်ဦးကတော့ သာမန်အရပ်ဝတ်တွေနဲ့ ဖြစ်ကြောင်း၊ မန္တလေးမှာ တွေ့မြင်နေကြဖြစ်တဲ့ စစ်အုပ်စုက လမ်းသွားလမ်းလာတွေကို ဖမ်းဆီးငွေညှစ်သလိုမျိုး အဲ့ဒီအဖွဲ့ဟာ လမ်းဘေးမှာ ကားရပ်ထားပြီး လမ်သွားလမ်းတွေကို တားဆီးစစ်ဆေးနေတာလို့ ဆိုပါတယ်။

ကားရပ်ပေးလိုက်ချိန်မှာ အဲ့ဒီအဖွဲ့က မွှေနှောက်ရှာဖွေပြီး ကားပေါ်ပါလာတဲ့ ကျောက်စိမ်း လက်ဝတ်ရတနာ အချောထည် ကျောက်စိမ်းဆွဲသီး ခြောက်ခု (တန်ဖိုး ကျပ်သိန်း၄၀၀၀ ခန့်)၊ ကျောက်စိမ်းလက်စွပ် ရှစ်ကွင်း (တန်ဖိုး ကျပ်သိန်း ၅၀၀၀ ခန့်) နှင့်

ကျောက်စိမ်း နားပန်းစုံ နှစ်ခု (တန်ဖိုး ကျပ်သိန်း ၁၀၀၀ ခန့်)၊ စုစုပေါင်းတန်ဘိုး ကျပ်သိန်း (၁၀၀၀၀)ခန့်ကို တွေ့ရှိပြီး လုယက် ယူဆောင်သွားတာလို့ ဆိုပါတယ်။

လုယက်ခံရတဲ့ အမျိုးသားဟာ မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်က စစ်ကောင်စီ လက်အောက်ခံ အမှတ်(၁၁) နယ်မြေရဲစခန်းမှာ အမှုဖွင့်ထားတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ လပိုင်းကလည်း မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်က ရပ်ကွက်တစ်ခုမှာ ယူနီဖောင်းတွေနဲ့ ဧည့်စာရင်းစစ်တဲ့ အုပ်စုက အမျိုးသမီးတစ်ဦးတည်း ရှိနေတဲ့ အိမ်တစ်အိမ်ထဲကို ဝင်မွှေပြီး ကျပ်သိန်းသောင်းချီ တန်ဘိုးရှိတဲ့ ရွှေနှင့် ကျောက်စိမ်းတွေ ခြိမ်းခြောက် လုယက်ခဲ့ပါသေးတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း မန္တလေးမှာ လုယက်မှု၊ ဓားပြမှု၊ ခိုးမှု၊ အနုကြမ်းစီးမှုတွေ ဆက်တိုက်ဖြစ်ပွားနေပြီး ယူနီဖောင်း ဝတ်ထားသူတွေကပါ ခိုးယူလုယက် ဓားပြတိုက်တာတွေ ကျူးလွန်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အကြမ်းဖက်စစ်အုပ်စုက စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ဒေသခံ ပြည်သူတွေကို ဥပဒေမဲ့ ဖမ်းဆီး သတ်ဖြတ် ငွေညှစ်တာတွေ၊ ရပ်ကွက်တွေ လမ်းတွေကို ပိတ်ဆို့ပြီး စစ်ဆေးတာတွေ၊

ကင်းပုန်းတွေချပြီး စိတ်ထင်သလို ပစ်ခတ် သတ်ဖြတ်တာတွေ လုပ်ဆောင်နေပေမယ့် မန္တလေးမြို့မှာ ဖြစ်ပွားနေတဲ့ ဒုစရိုက်မှုတွေက လျှေ့မသွားဘဲ စစ်အုပ်စု အထိုင်ချနေတဲ့ နေရာတွေအနီးမှာကိုပဲ ဆက်လက်ဖြစ်ပွားနေတယ်လို့ မြို့ခံတွေက ဆိုပါတယ်။

အကြမ်းဖက် စစ်အုပ်စုဟာ အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတဝန်းရှိ အကျဉ်းထောင်တွေထဲက ခိုး၊ ဆိုး၊ လု၊ နှိုက်၊ လူသတ်၊ မဒိန်း စတဲ့ ရာဇဝတ်မှုတွေ ကျူးလွန်လို့ ထောင်ကျနေတဲ့ ထောင်သောင်းချီတဲ့ ရာဇဝတ် အကျဉ်းသားတွေကို လွတ်ငြိမ်းခွင့်ပေးပြီး ထောင်တွေထဲကနေ ပြန်လွှတ်ပေးခဲ့ပါတယ်။