Local News

LPDF တပ္ဖြဲ႕က ရဲေဘာ္ ၁၁ဦးႏွင့္ လက္နက္မ်ား ဖမ္းဆီးသိမ္းဆည္းခံရ၍ ၿမိဳ႕ျပကို စြန႔္ခြာရေတာ့မည္ဟုဆို

LPDF တပ္ဖြဲ႕က ရဲေဘာ္ ၁၁ဦးႏွင့္ လက္နက္မ်ား ဖမ္းဆီးသိမ္းဆည္းခံရ၍ ၿမိဳ႕ျပကို စြန႔္ခြာရေတာ့မည္ဟုဆို

မႏၲေလးတိုင္း၊ စဥ့္ကိုင္ၿမိဳ႕နယ္အတြင္း ေျပာက္က်ားလႈပ္ရွားေနသည့္ စဥ့္ကိုင္ၿမိဳ႕နယ္ ေဒသကာကြယ္ေရးတပ္ဖြဲ႕(LPDF) က ေခါင္းေဆာင္အပါအဝင္ ရဲေဘာ္ ၁၁ ဦး ဖမ္းဆီးခံရၿပီးေနာက္ မျဖစ္မေန ၿမိဳ႕ျပကို ေခတၱ စြန႔္ခြာရေတာ့မည္ျဖစ္ေၾကာင္း စဥ့္ကိုင္ LPDF က ေမလ ၂၉ ရက္ေန႔တြင္ အသိေပး ထုတ္ျပန္လိုက္သည္။

LPDF က ထိပ္ပိုင္းေခါင္းေဆာင္ အပါအဝင္ ရဲေဘာ္ ၁၁ ဦးသည္ ေသနတ္အရွည္၊ က်ည္ဆံ အေျမာက္အျမားျဖင့္ ယခုေမလအတြင္း စစ္ေကာင္စီတပ္ဖြဲ႕၏ ဖမ္းဆီးထိန္းသိမ္းမႈကို ခံလိုက္ၾကရျခင္း ျဖစ္သည္။

“ေခါင္းေဆာင္ကေတာ့ ေရွာင္တိမ္းရင္း ေညာင္ဦးမွာ အဖမ္းခံလိုက္ရတာပါ။ က်န္တာေတြကေတာ့ စဥ့္ကိုင္ၿမိဳ႕နယ္အတြင္းမွာပဲမ်ားပါတယ္။” ဟု ကာကြယ္ေရးတပ္ဖြဲ႕ ျပန္ၾကားေရးတာဝန္ရွိသူတစ္ဦးက မဇၩိမကို ေျပာသည္။

လက္ရွိမွာ ဖမ္းဆီးထိန္းသိမ္း ခံထားရသည့္ LPDF တပ္ဖြဲ႕ဝင္မ်ားကို မည္သည့္ေနရာတြင္ ဖမ္းဆီးထိန္းသိမ္းထားသည္ကို မသိရသကဲ့သို႔ စစ္ေကာင္စီတပ္ဖြဲ႕၏ ညႇဥ္းပန္းမႈေၾကာင့္ က်ဆုံးသြားျခင္း ရွိ၊ မရွိကိုလည္း မသိရေသးေၾကာင္း ၎က ေျပာသည္။

ၿမိဳ႕ျပေျပာက္က်ားတပ္ဖြဲ႕ဝင္မ်ားအတြက္ လက္နက္ခဲယမ္းမ်ား အပါအဝင္ အစစအရာ ခက္ခဲက်ပ္တည္းေနခ်ိန္တြင္ ယခုလို ဖမ္းဆီးထိန္းသိမ္းခံရမႈသည္ အဖြဲ႕အတြက္ ႀကီးမားေသာ ဆုံးရႈံးနစ္နာမႈျဖစ္ေၾကာင္း LPDF တပ္ဖြဲ႕က ထုတ္ျပန္ထားသည္။

လတ္တေလာတြင္ UG ၿမိဳ႕ျပေျပာက္က်ား လုပ္ငန္းစဥ္မ်ားကို ေခတၱ ရပ္နားထားမည္ျဖစ္ၿပီး ၿမိဳ႕ျပကိုလည္း စြန႔္ခြာေတာ့မည္ျဖစ္ေၾကာင္း စဥ့္ကိုင္ LPDF က ေျပာသည္။

“အခုေလာေလာဆယ္က ကြၽန္ေတာ္တို႔နယ္ေျမဘက္ကို တအားနင္း (ဖမ္းဆီး) ေနၾကတာပါ။အဲဒါေၾကာင့္ လုံၿခဳံမယ့္ေနရာကို ေခတၱတိမ္းေရွာင္မလို႔ပါ” ဟု စဥ့္ကိုင္ LPDF က ေျပာသည္။

စဥ့္ကိုင္ၿမိဳ႕နယ္အတြင္း ယခုလပိုင္းတြင္ စစ္ေကာင္စီဘက္က တပ္ဖြဲ႕အင္အား တိုးခ်ဲ႕ၿပီး ဖမ္းဆီးစစ္ေဆးမႈမ်ားကို တင္းတင္းက်ပ္က်ပ္ လုပ္ေဆာင္ေနေၾကာင္းလည္း ေဒသခံမ်ားက ေျပာသည္။

လက္ရွိ ၿမိဳ႕ျပေျပာက္က်ား တပ္ဖြဲ႕ဝင္မ်ားအတြက္ လက္နက္ခဲယမ္းတခ်ိဳ႕ ခက္ခဲေနၿပီး သတင္းအခ်က္အလက္ စီးဆင္းမႈမ်ားလည္း ေႏွာင့္ေႏွးေနသည့္အတြက္ ေဒသခံလူထုမ်ားအေနျဖင့္ ပူးေပါင္းပါဝင္ေပးၾကရန္ ေဒသကာကြယ္ေရးတပ္ဖြဲ႕ဝင္မ်ားက တိုက္တြန္းထားသည္။

LPDF တပ်ဖွဲ့က ရဲဘော် ၁၁ဦးနှင့် လက်နက်များ ဖမ်းဆီးသိမ်းဆည်းခံရ၍ မြို့ပြကို စွန့်ခွာရတော့မည်ဟုဆို

မန္တလေးတိုင်း၊ စဉ့်ကိုင်မြို့နယ်အတွင်း ပြောက်ကျားလှုပ်ရှားနေသည့် စဉ့်ကိုင်မြို့နယ် ဒေသကာကွယ်ရေးတပ်ဖွဲ့(LPDF) က ခေါင်းဆောင်အပါအဝင် ရဲဘော် ၁၁ ဦး ဖမ်းဆီးခံရပြီးနောက် မဖြစ်မနေ မြို့ပြကို ခေတ္တ စွန့်ခွာရတော့မည်ဖြစ်ကြောင်း စဉ့်ကိုင် LPDF က မေလ ၂၉ ရက်နေ့တွင် အသိပေး ထုတ်ပြန်လိုက်သည်။

LPDF က ထိပ်ပိုင်းခေါင်းဆောင် အပါအဝင် ရဲဘော် ၁၁ ဦးသည် သေနတ်အရှည်၊ ကျည်ဆံ အမြောက်အမြားဖြင့် ယခုမေလအတွင်း စစ်ကောင်စီတပ်ဖွဲ့၏ ဖမ်းဆီးထိန်းသိမ်းမှုကို ခံလိုက်ကြရခြင်း ဖြစ်သည်။

“ခေါင်းဆောင်ကတော့ ရှောင်တိမ်းရင်း ညောင်ဦးမှာ အဖမ်းခံလိုက်ရတာပါ။ ကျန်တာတွေကတော့ စဉ့်ကိုင်မြို့နယ်အတွင်းမှာပဲများပါတယ်။” ဟု ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက မဇ္ဈိမကို ပြောသည်။

လက်ရှိမှာ ဖမ်းဆီးထိန်းသိမ်း ခံထားရသည့် LPDF တပ်ဖွဲ့ဝင်များကို မည်သည့်နေရာတွင် ဖမ်းဆီးထိန်းသိမ်းထားသည်ကို မသိရသကဲ့သို့ စစ်ကောင်စီတပ်ဖွဲ့၏ ညှဉ်းပန်းမှုကြောင့် ကျဆုံးသွားခြင်း ရှိ၊ မရှိကိုလည်း မသိရသေးကြောင်း ၎င်းက ပြောသည်။

မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်များအတွက် လက်နက်ခဲယမ်းများ အပါအဝင် အစစအရာ ခက်ခဲကျပ်တည်းနေချိန်တွင် ယခုလို ဖမ်းဆီးထိန်းသိမ်းခံရမှုသည် အဖွဲ့အတွက် ကြီးမားသော ဆုံးရှုံးနစ်နာမှုဖြစ်ကြောင်း LPDF တပ်ဖွဲ့က ထုတ်ပြန်ထားသည်။

လတ်တလောတွင် UG မြို့ပြပြောက်ကျား လုပ်ငန်းစဉ်များကို ခေတ္တ ရပ်နားထားမည်ဖြစ်ပြီး မြို့ပြကိုလည်း စွန့်ခွာတော့မည်ဖြစ်ကြောင်း စဉ့်ကိုင် LPDF က ပြောသည်။

“အခုလောလောဆယ်က ကျွန်တော်တို့နယ်မြေဘက်ကို တအားနင်း (ဖမ်းဆီး) နေကြတာပါ။အဲဒါကြောင့် လုံခြုံမယ့်နေရာကို ခေတ္တတိမ်းရှောင်မလို့ပါ” ဟု စဉ့်ကိုင် LPDF က ပြောသည်။

စဉ့်ကိုင်မြို့နယ်အတွင်း ယခုလပိုင်းတွင် စစ်ကောင်စီဘက်က တပ်ဖွဲ့အင်အား တိုးချဲ့ပြီး ဖမ်းဆီးစစ်ဆေးမှုများကို တင်းတင်းကျပ်ကျပ် လုပ်ဆောင်နေကြောင်းလည်း ဒေသခံများက ပြောသည်။

လက်ရှိ မြို့ပြပြောက်ကျား တပ်ဖွဲ့ဝင်များအတွက် လက်နက်ခဲယမ်းတချို့ ခက်ခဲနေပြီး သတင်းအချက်အလက် စီးဆင်းမှုများလည်း နှောင့်နှေးနေသည့်အတွက် ဒေသခံလူထုများအနေဖြင့် ပူးပေါင်းပါဝင်ပေးကြရန် ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်များက တိုက်တွန်းထားသည်။