Local News

စစ္ဆင္ေရး အရွိန္ျမႇင့္တင္ေတာ့မည္ ျဖစ္ေၾကာင္း ေၾကညာ

အာဏာသိမ္း စစ္ေကာင္စီကို ဆန႔္က်င္ေတာ္လွန္ေနသည့္ စစ္ဆင္ေရး အရွိန္ျမႇင့္တင္ေတာ့မည္ ျဖစ္ေၾကာင္း အမ်ိဳး သားညီၫြတ္ေရးအစိုးရ (NUG) ယာယီသမၼတ ဒူဝါလရွီးလက ဧရာဝတီႏွင့္ သီးသန႔္ အင္တာဗ်ဴးတြင္ ေျပာသည္။

ယာယီသမၼတ ဒူဝါလရွီးလက “အခုဆို ျပည္သူ႔ကာကြယ္ေရးတပ္ (PDF) ကို ဖြဲ႕စည္းၿပီး သင္တန္းေတြ ေပးေနၿပီ။ လက္နက္တပ္ဆင္ၿပီး ျပည္သူေတြ ကို တကယ္ ကာကြယ္တဲ့လုပ္ငန္းေတြမွာ လုပ္ေဆာင္ေနၿပီ ျဖစ္ပါတယ္။ တခ်ိန္တည္းမွာပဲ တိုင္းရင္းသားလက္နက္ ကိုင္အဖြဲ႕ေတြနဲ႔ စစ္ေရး၊ ႏိုင္ငံေရး ပူးေပါင္းေဆာင္႐ြက္ေနပါတယ္။ ထိန္းခ်ဳပ္စိုးမိုးထားတဲ့ နယ္ေျမေတြမွာ အုပ္ခ်ဳပ္ေရး၊ တရားစီရင္ေရး ယႏၲရားေတြ တည္ေဆာက္ေနၿပီ ျဖစ္ပါတယ္။ မၾကာခင္ မိမိတို႔ရဲ႕ စစ္ရွိန္ကို ျမႇင့္တင္ေဆာင္႐ြက္ၿပီးေတာ့ နယ္ေျမစိုးမိုးမႈကို ပိုမိုအားေကာင္းလာေအာင္လုပ္ဖို႔ ေဆာင္႐ြက္ေနၿပီ ျဖစ္ပါတယ္” ဟု ေျပာသည္။

စစ္အာဏာရွင္မ်ားသည္ ေခါင္းမာၿပီး အေလွ်ာ့မေပးသည့္ သေဘာထား ရွိေနသျဖင့္ စစ္ေရးအရွိန္ျမႇင့္တင္ရန္ လုပ္ေဆာင္ရျခင္း ျဖစ္ေၾကာင္းလည္း ယာယီသမၼတက ရွင္းျပသည္။

“တခ်ိဳ႕ သုံးသပ္ၾကတာ ရွိတယ္။ အာဏာရွင္က အရွင္ထြက္မထြက္ပါဘူး။ ေခါင္း အင္မတန္မာတယ္။ အေသထြက္ ထြက္မွ ၿပီးသြားမယ္ ဆိုတာမ်ိဳးလည္း ရွိတယ္။ သူတို႔က ဘယ္ေတာ့မွလည္း အရႈံးေပးမွာ မဟုတ္ဘူး။ အမွားကိုဝန္ခံ မွာ မဟုတ္ဘူးဆိုတာ က်ေနာ္တို႔လည္း သူတို႔ သေဘာထား တီးေခါက္မိပါတယ္။ ဒါေၾကာင့္လည္း စစ္ေရးအရ အရွိန္ ျမႇင့္ရမယ္။ ဒါေပမဲ့ စစ္ေရးအရွိန္ျမႇင့္ဖို႔ကို က်ေနာ္တို႔က ကိုယ္ထူကိုယ္ထ ျဖစ္တဲ့အတြက္ေၾကာင့္ သိၾကတဲ့အတိုင္းပဲ ကိုယ့္ရဲ႕ လက္လုပ္ေသနတ္ေတြနဲ႔ပဲ စလာခဲ့တာ ျဖစ္ပါတယ္။ အခုေတာ့ က်ေနာ္တို႔ ေအာ္တိုလက္နက္ေတြလည္း ေတာ္ေတာ္မ်ားမ်ား တပ္ဆင္ၿပီး ျဖစ္ပါတယ္။ ဒါေၾကာင့္ ေျပာရရင္ အရွိန္အဟုန္ ေတာ္ေတာ္မ်ားလာၿပီ” ဟု ထပ္ေလာင္းရွင္းျပသည္။

ထို႔အတူ NUG ကာကြယ္ေရးဝန္ႀကီးဌာန အတြင္းဝန္ ဦးႏိုင္ထူးေအာင္ကလည္း ေႏြဦးေတာ္လွန္ေရး၏ ဒုတိယႏွစ္တြင္ NUG အေနျဖင့္ ျပည္သူ႔စစ္မဟာဗ်ဴဟာကို ဆက္လက္ က်င့္သုံးမည္ျဖစ္ၿပီး ေျပာက္က်ားစစ္ထက္ပိုသည့္ ထိုးစစ္ဆင္ တိုက္ခိုက္မႈမ်ားလည္း မၾကာမီ ျမင္ေတြ႕ရဖြယ္ရွိေၾကာင္း ဧရာဝတီသို႔ ေျပာသည္။

၎က “ျပည္သူေတြရဲ႕ ေထာက္ခံမႈနဲ႔ ေဆာင္႐ြက္ေနတဲ့ ခုခံစစ္ျဖစ္တဲ့အတြက္ ျပည္သူ႔စစ္မဟာဗ်ဴဟာကို ဆက္လက္ ၿပီးေတာ့ သုံးစြဲမွာ ျဖစ္ပါတယ္။ ဒါေပမဲ့ ပထမတႏွစ္မွာေတာ့ က်ေနာ္တို႔ တည္ေဆာက္တာနဲ႔ သင္ယူတာကို အဓိက ထားခဲ့ရပါတယ္။ အခုဆိုရင္ က်ေနာ္တို႔က အေတြ႕အႀကဳံလည္း ေတာ္ေတာ္ရွိလာတဲ့ အေနအထားမွာ ရွိလာၿပီ။ ေနာက္ၿပီးေတာ့ က်ေနာ္တို႔ စုဖြဲ႕မႈေတြလည္း ေတာ္ေတာ္အားေကာင္းလာၿပီ။ လက္နက္တပ္ဆင္မႈေတြလည္း လိုအပ္ခ်က္ေတြ မ်ားစြာရွိေနေသးတယ္ ဆိုေပမယ့္ အတိုင္းအတာတခုထိ ေရာက္လာၿပီ ျဖစ္တဲ့အတြက္ ဒုတိယႏွစ္မွာေတာ့ စစ္ေကာင္စီ ပိုၿပီးအထိနာေစမယ့္ တိုက္ပြဲဝင္မႈေတြ၊ ေနာက္ၿပီး တိုက္ပြဲအရွိန္ျမႇင့္တင္မႈေတြ ျဖစ္လာမွာ ျဖစ္ပါတယ္” ဟု ဆိုသည္။

လက္ရွိတြင္ NUG လက္ေအာက္ခံ ျပည္သူ႔ကာကြယ္ေရးတပ္ (PDF) မ်ားသည္ ကခ်င္ျပည္နယ္၊ ကရင္ျပည္နယ္၊ ကယား (ကရင္နီ) ျပည္နယ္၊ ခ်င္းျပည္နယ္၊ ရွမ္းျပည္နယ္ေတာင္ပိုင္း၊ စစ္ကိုင္းတိုင္း၊ မေကြးတိုင္း၊ တနသၤာရီတိုင္းႏွင့္ ပဲခူးတိုင္းတို႔တြင္ စစ္ေကာင္စီတပ္မ်ားအား အာဏာသိမ္းမႈဆန႔္က်င္သည့္ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕ (EAOs) မ်ားႏွင့္ ပူးေပါင္းကာ တိုက္ခိုက္လ်က္ ရွိသည္။

အလားတူ ျမန္မာျပည္ေတာင္ပိုင္းၿမိဳ႕မ်ားရွိ စစ္ေကာင္စီႏွင့္ ပတ္သက္သူမ်ားကို သုတ္သင္ ရွင္းလင္းမည့္ ‘နန္းထိုက္ေအာင္’ အမည္ရွိ စစ္ဆင္ေရးတရပ္ကိုလည္း ၂၀၂၂ ဧၿပီ ၈ ရက္မွ စတင္ကာ လႈပ္ရွားေဆာင္႐ြက္ေနၿပီး ၁ လေက်ာ္ အတြင္း တိုက္ခိုက္မႈေပါင္း ၁၂ ႀကိမ္ထက္မနည္းကို လုပ္ေဆာင္ထားသည္။

လက္ရွိတြင္ NUG ႏွင့္ EAO ၅ ဖြဲ႕ၾကား ႏိုင္ငံေရး၊ စစ္ေရး အျပည့္အဝ ပူးေပါင္းေဆာင္႐ြက္ေနၿပီး PDF မ်ားအား ေလ့က်င့္ေရးႏွင့္ လက္နက္တပ္ဆင္ေရး ကူညီေပးေနသည့္ EAO အဖြဲ႕ ၄ ဖြဲ႕ခန႔္ ရွိေနေၾကာင္း NUG ကာကြယ္ေရးဝန္ႀကီး ဌာနက ေျပာဆိုထားသည္။

ျပည္သူ႔ကာကြယ္ေရးတပ္ (PDF) ကို ေတာင္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္၊ ေျမာက္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္၊ အလယ္ပိုင္းတိုင္း စစ္ဌာနခ်ဳပ္၊ အေရွ႕ပိုင္းတိုင္းစစ္ဌာနခ်ဳပ္ႏွင့္ အေနာက္ပိုင္းတိုင္းစစ္ဌာခ်ဳပ္တို႔ျဖင့္ ဖြဲ႕စည္းထားေၾကာင္း NUG ကာကြယ္ ေရးဝန္ႀကီးဌာနထံမွ သိရသည္။ၿပီးခဲ့သည့္ ၁ ႏွစ္တာ ကာလအတြင္း NUG ကာကြယ္ေရဝန္ႀကီးဌာနလက္ေအာက္တြင္ PDF တပ္ရင္းေပါင္း ၂၅၉ ရင္း ဖြဲ႕ထားၿပီး ၿမိဳ႕နယ္အေျခခံ ျပည္သူ႔ကာကြယ္ေရးအဖြဲ႕ (ပကဖ) ၂၅၀ ႏွင့္ LDF ေခၚ ေဒသခံကာကြယ္ေရးတပ္ဖြဲ႕ ၄၀၁ ဖြဲ႕တို႔ ဖြဲ႕စည္းထားေၾကာင္း သိရသည္။

လက္ရွိအခ်ိန္ထိ NUG ကာကြယ္ေရးဝန္ႀကီးဌာန လက္ေအာက္ခံတပ္ဖြဲ႕မ်ား အားလုံး၏ စုစုေပါင္း အင္အားမွာ ၅ ေသာင္းႏွင့္ ၁ သိန္းၾကား ရွိေၾကာင္း၊ လူအင္အားမ်ားေနေသာ္လည္း လက္နက္ အျပည့္အဝ တပ္ဆင္ႏိုင္ရန္ အခက္ အခဲ ရွိေနဆဲျဖစ္ေၾကာင္း NUG ကာကြယ္ေရးဝန္ႀကီး ဦးရည္မြန္က RFA သတင္းဌာနႏွင့္ အင္တာဗ်ဴးတြင္ ေျပာထားသည္။

အာဏာသိမ္း စစ္ေကာင္စီဘက္ကလည္း ခုခံေတာ္လွန္စစ္ အားေကာင္းရာ ေဒသမ်ားတြင္ အင္အားအျပည့္ စစ္ေၾကာင္းမ်ားျဖင့္ ထိုးစစ္ဆင္လ်က္ရွိၿပီး ေက်း႐ြာမ်ားအား စီးနင္းဝင္ေရာက္ၿပီး ႐ြာလုံးကြၽတ္မီးရႈိ႕ျခင္း၊ ေဒသခံမ်ားအား ဖမ္းဆီးႏွိပ္စက္ သတ္ျဖတ္ျခင္း၊ အင္တာနက္ျဖတ္ေတာက္ျခင္းမ်ား ျပဳလုပ္လ်က္ ရွိသည္။

၂၀၂၁ ေဖေဖာ္ဝါရီ ၁ ရက္ စစ္အာဏာသိမ္းၿပီးသည့္ အခ်ိန္မွစ၍ ၂၀၂၂ ဧၿပီ ၃၀ ရက္ထိ စစ္ေကာင္စီတပ္ႏွင့္ ၎ လက္ေအာက္ခံ အဖြဲ႕အစည္းမ်ား၏ မီးရႈိ႕မႈေၾကာင့္ ႏိုင္ငံတဝွမ္း အိမ္ေျခ ၁၁,၄၁၇ လုံး ဆုံးရႈံးပ်က္စီးခဲ့ေၾကာင္း လြတ္ လပ္ေသာ သုေတသနအဖြဲ႕တခု ျဖစ္သည့္ Data for Myanmar က ထုတ္ျပန္ထားသည္။

အာဏာသိမ်း စစ်ကောင်စီကို ဆန့်ကျင်တော်လှန်နေသည့် စစ်ဆင်ရေး အရှိန်မြှင့်တင်တော့မည် ဖြစ်ကြောင်း အမျိုး သားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတ ဒူဝါလရှီးလက ဧရာဝတီနှင့် သီးသန့် အင်တာဗျူးတွင် ပြောသည်။

ယာယီသမ္မတ ဒူဝါလရှီးလက “အခုဆို ပြည်သူ့ကာကွယ်ရေးတပ် (PDF) ကို ဖွဲ့စည်းပြီး သင်တန်းတွေ ပေးနေပြီ။ လက်နက်တပ်ဆင်ပြီး ပြည်သူတွေ ကို တကယ် ကာကွယ်တဲ့လုပ်ငန်းတွေမှာ လုပ်ဆောင်နေပြီ ဖြစ်ပါတယ်။ တချိန်တည်းမှာပဲ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့တွေနဲ့ စစ်ရေး၊ နိုင်ငံရေး ပူးပေါင်းဆောင်ရွက်နေပါတယ်။ ထိန်းချုပ်စိုးမိုးထားတဲ့ နယ်မြေတွေမှာ အုပ်ချုပ်ရေး၊ တရားစီရင်ရေး ယန္တရားတွေ တည်ဆောက်နေပြီ ဖြစ်ပါတယ်။ မကြာခင် မိမိတို့ရဲ့ စစ်ရှိန်ကို မြှင့်တင်ဆောင်ရွက်ပြီးတော့ နယ်မြေစိုးမိုးမှုကို ပိုမိုအားကောင်းလာအောင်လုပ်ဖို့ ဆောင်ရွက်နေပြီ ဖြစ်ပါတယ်” ဟု ပြောသည်။

စစ်အာဏာရှင်များသည် ခေါင်းမာပြီး အလျှော့မပေးသည့် သဘောထား ရှိနေသဖြင့် စစ်ရေးအရှိန်မြှင့်တင်ရန် လုပ်ဆောင်ရခြင်း ဖြစ်ကြောင်းလည်း ယာယီသမ္မတက ရှင်းပြသည်။

“တချို့ သုံးသပ်ကြတာ ရှိတယ်။ အာဏာရှင်က အရှင်ထွက်မထွက်ပါဘူး။ ခေါင်း အင်မတန်မာတယ်။ အသေထွက် ထွက်မှ ပြီးသွားမယ် ဆိုတာမျိုးလည်း ရှိတယ်။ သူတို့က ဘယ်တော့မှလည်း အရှုံးပေးမှာ မဟုတ်ဘူး။ အမှားကိုဝန်ခံ မှာ မဟုတ်ဘူးဆိုတာ ကျနော်တို့လည်း သူတို့ သဘောထား တီးခေါက်မိပါတယ်။ ဒါကြောင့်လည်း စစ်ရေးအရ အရှိန် မြှင့်ရမယ်။ ဒါပေမဲ့ စစ်ရေးအရှိန်မြှင့်ဖို့ကို ကျနော်တို့က ကိုယ်ထူကိုယ်ထ ဖြစ်တဲ့အတွက်ကြောင့် သိကြတဲ့အတိုင်းပဲ ကိုယ့်ရဲ့ လက်လုပ်သေနတ်တွေနဲ့ပဲ စလာခဲ့တာ ဖြစ်ပါတယ်။ အခုတော့ ကျနော်တို့ အော်တိုလက်နက်တွေလည်း တော်တော်များများ တပ်ဆင်ပြီး ဖြစ်ပါတယ်။ ဒါကြောင့် ပြောရရင် အရှိန်အဟုန် တော်တော်များလာပြီ” ဟု ထပ်လောင်းရှင်းပြသည်။

ထို့အတူ NUG ကာကွယ်ရေးဝန်ကြီးဌာန အတွင်းဝန် ဦးနိုင်ထူးအောင်ကလည်း နွေဦးတော်လှန်ရေး၏ ဒုတိယနှစ်တွင် NUG အနေဖြင့် ပြည်သူ့စစ်မဟာဗျူဟာကို ဆက်လက် ကျင့်သုံးမည်ဖြစ်ပြီး ပြောက်ကျားစစ်ထက်ပိုသည့် ထိုးစစ်ဆင် တိုက်ခိုက်မှုများလည်း မကြာမီ မြင်တွေ့ရဖွယ်ရှိကြောင်း ဧရာဝတီသို့ ပြောသည်။

၎င်းက “ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ ဆောင်ရွက်နေတဲ့ ခုခံစစ်ဖြစ်တဲ့အတွက် ပြည်သူ့စစ်မဟာဗျူဟာကို ဆက်လက် ပြီးတော့ သုံးစွဲမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ပထမတနှစ်မှာတော့ ကျနော်တို့ တည်ဆောက်တာနဲ့ သင်ယူတာကို အဓိက ထားခဲ့ရပါတယ်။ အခုဆိုရင် ကျနော်တို့က အတွေ့အကြုံလည်း တော်တော်ရှိလာတဲ့ အနေအထားမှာ ရှိလာပြီ။ နောက်ပြီးတော့ ကျနော်တို့ စုဖွဲ့မှုတွေလည်း တော်တော်အားကောင်းလာပြီ။ လက်နက်တပ်ဆင်မှုတွေလည်း လိုအပ်ချက်တွေ များစွာရှိနေသေးတယ် ဆိုပေမယ့် အတိုင်းအတာတခုထိ ရောက်လာပြီ ဖြစ်တဲ့အတွက် ဒုတိယနှစ်မှာတော့ စစ်ကောင်စီ ပိုပြီးအထိနာစေမယ့် တိုက်ပွဲဝင်မှုတွေ၊ နောက်ပြီး တိုက်ပွဲအရှိန်မြှင့်တင်မှုတွေ ဖြစ်လာမှာ ဖြစ်ပါတယ်” ဟု ဆိုသည်။

လက်ရှိတွင် NUG လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ် (PDF) များသည် ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ကယား (ကရင်နီ) ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ တနင်္သာရီတိုင်းနှင့် ပဲခူးတိုင်းတို့တွင် စစ်ကောင်စီတပ်များအား အာဏာသိမ်းမှုဆန့်ကျင်သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (EAOs) များနှင့် ပူးပေါင်းကာ တိုက်ခိုက်လျက် ရှိသည်။

အလားတူ မြန်မာပြည်တောင်ပိုင်းမြို့များရှိ စစ်ကောင်စီနှင့် ပတ်သက်သူများကို သုတ်သင် ရှင်းလင်းမည့် ‘နန်းထိုက်အောင်’ အမည်ရှိ စစ်ဆင်ရေးတရပ်ကိုလည်း ၂၀၂၂ ဧပြီ ၈ ရက်မှ စတင်ကာ လှုပ်ရှားဆောင်ရွက်နေပြီး ၁ လကျော် အတွင်း တိုက်ခိုက်မှုပေါင်း ၁၂ ကြိမ်ထက်မနည်းကို လုပ်ဆောင်ထားသည်။

လက်ရှိတွင် NUG နှင့် EAO ၅ ဖွဲ့ကြား နိုင်ငံရေး၊ စစ်ရေး အပြည့်အဝ ပူးပေါင်းဆောင်ရွက်နေပြီး PDF များအား လေ့ကျင့်ရေးနှင့် လက်နက်တပ်ဆင်ရေး ကူညီပေးနေသည့် EAO အဖွဲ့ ၄ ဖွဲ့ခန့် ရှိနေကြောင်း NUG ကာကွယ်ရေးဝန်ကြီး ဌာနက ပြောဆိုထားသည်။

ပြည်သူ့ကာကွယ်ရေးတပ် (PDF) ကို တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် အနောက်ပိုင်းတိုင်းစစ်ဌာချုပ်တို့ဖြင့် ဖွဲ့စည်းထားကြောင်း NUG ကာကွယ် ရေးဝန်ကြီးဌာနထံမှ သိရသည်။ပြီးခဲ့သည့် ၁ နှစ်တာ ကာလအတွင်း NUG ကာကွယ်ရေဝန်ကြီးဌာနလက်အောက်တွင် PDF တပ်ရင်းပေါင်း ၂၅၉ ရင်း ဖွဲ့ထားပြီး မြို့နယ်အခြေခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ၂၅၀ နှင့် LDF ခေါ် ဒေသခံကာကွယ်ရေးတပ်ဖွဲ့ ၄၀၁ ဖွဲ့တို့ ဖွဲ့စည်းထားကြောင်း သိရသည်။

လက်ရှိအချိန်ထိ NUG ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ခံတပ်ဖွဲ့များ အားလုံး၏ စုစုပေါင်း အင်အားမှာ ၅ သောင်းနှင့် ၁ သိန်းကြား ရှိကြောင်း၊ လူအင်အားများနေသော်လည်း လက်နက် အပြည့်အဝ တပ်ဆင်နိုင်ရန် အခက် အခဲ ရှိနေဆဲဖြစ်ကြောင်း NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က RFA သတင်းဌာနနှင့် အင်တာဗျူးတွင် ပြောထားသည်။

အာဏာသိမ်း စစ်ကောင်စီဘက်ကလည်း ခုခံတော်လှန်စစ် အားကောင်းရာ ဒေသများတွင် အင်အားအပြည့် စစ်ကြောင်းများဖြင့် ထိုးစစ်ဆင်လျက်ရှိပြီး ကျေးရွာများအား စီးနင်းဝင်ရောက်ပြီး ရွာလုံးကျွတ်မီးရှို့ခြင်း၊ ဒေသခံများအား ဖမ်းဆီးနှိပ်စက် သတ်ဖြတ်ခြင်း၊ အင်တာနက်ဖြတ်တောက်ခြင်းများ ပြုလုပ်လျက် ရှိသည်။

၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီးသည့် အချိန်မှစ၍ ၂၀၂၂ ဧပြီ ၃၀ ရက်ထိ စစ်ကောင်စီတပ်နှင့် ၎င်း လက်အောက်ခံ အဖွဲ့အစည်းများ၏ မီးရှို့မှုကြောင့် နိုင်ငံတဝှမ်း အိမ်ခြေ ၁၁,၄၁၇ လုံး ဆုံးရှုံးပျက်စီးခဲ့ကြောင်း လွတ် လပ်သော သုတေသနအဖွဲ့တခု ဖြစ်သည့် Data for Myanmar က ထုတ်ပြန်ထားသည်။