International News

သူမ်ားေတြထက္ ကြဲျပားျခားနားေအာင္ မဂၤလာပြဲကို လူနာတင္ကားနဲ႔အဆန္းထြင္ၿပီးေရာက္လာခဲ့တဲ့ သတို႔သမီး (႐ုပ္သံ)

ကိုယ့္ရဲ့ မဂၤလာပြဲကိုအျခား သူေတြထက္ ကြဲျပားျခားနားေစၿပီး လွေစခ်င္ၾကတာကေတာ့ စံုတြဲေတြတိုင္းလိုလိုပါပဲ ။ အလွဆံုး သတို႔သမီးဝတ္စံု ၊ မဂၤလာပြဲ အခင္းအက်င္း ၊ ေကြၽးေမြးဧည့္ခံတဲ့ ပံုစံေတြ အျခားသူေတြထက္သာၿပီး ကြဲျပားေစခ်င္ၾကမွာပါ ။ သို႔ေပမဲ့လည္း ဒီတစ္ေခါက္ေဖာ္ျပမဲ့ စံုတြဲကေတာ့ သူတို႔ရဲ႕မဂၤလာပြဲကို တျခားသူေတြနဲ႔ အေတာ္ေလးကြဲျပားေစခ်င္ပံုရပါတယ္ ။

ျဖစ္စဥ္ကေတာ့ အဆိုပါစံုတြဲဟာ ၎တို႔ရဲ႕မဂၤလာပြဲက်င္းပရာေနရာသို႔ က်ယ္ေလာင္စြာအခ်က္ျမည္ေစတဲ့ အေရးေပၚလူနာတင္ကားကိုစီးၿပီး ေရာက္႐ွိလာၾကလို႔ပါ ။ ပိုၿပီးထူးဆန္းတာက သတို႔သမီးကို ခန္းမထဲအထိ လူနာတင္ကုတင္နဲ႔ မေခၚသြားလို႔ ၎တို႔ရဲ႕မဂၤလာပြဲဟာ Facebook စာမ်က္ႏွာေပၚမွာ အေတာ္ေလးကို ေရပန္းစားေနလ်က္႐ွိပါတယ္ ။

၎တို႔စံုတြဲ မဂၤလာပြဲက်င္းပရာ ခန္းမတို႔ဝင္လာခဲ့တဲ့ပံုစံဟာ ပြဲလာဧည့္သည္ေတြရဲ႕အႀကိဳက္ေတာ့ မဟုတ္ခဲ့ပါဘူး ။ ထို႔အျပင္ ေဒသခံအခ်ိဳ႕ကေတာ့ ၎တို႔ရဲ႕ပုဂၢိဳလ္ေရးကိစၥအတြက္နဲ႔ လူနာတင္ကားကို အသံုးျပဳတာမ်ိဳးတို႔ မျပဳလုပ္သင့္ေၾကာင္း ေဝဖန္ခဲ့ၾကပါတယ္ ။ လူနာတင္ကားဟာ အေရးေပၚအေျခအေနေတြအတြက္သာ အျမဲအဆင္သင့္ျဖစ္ေနသင့္တဲ့ ကားမို႔လို႔ပါ ဆိုၿပီး ေဝဖန္ခဲ့ၾကပါတယ္ ။

ထိုအခ်ိန္မွာေတာ့ သတို႔သားျဖစ္သူက ၎တို႔မဂၤလာပြဲအတြက္ အသံုးျပဳခဲ့ေသာ လူနာတင္ကားမွာ ၎တို႔ရဲ႕ကိုယ္ပိုင္ကားျဖစ္ၿပီး ၊ အစိုးရရဲ႕ အေရးေပၚသံုးစြဲဖို႔ထား႐ွိထားတဲ့ လူနာတင္ကားမဟုတ္ေၾကာင္း ျပန္လည္ေျဖ႐ွင္းခဲ့ပါတယ္ ။

အက်ိဳးအေၾကာင္းမသိဘဲ အျခားသူကိုမေဝဖန္သင့္ေၾကာင္းလည္း ျပန္လည္ေျဖ႐ွင္းထားပါတယ္ ။ သို႔ေပမဲ့လည္း မည္သို႔ပင္ျဖစ္ေစကာမူ အဆန္းထြင္တဲ့မဂၤလာပြဲဟာ အေတာ္ေလးကိုအူေၾကာင္ၾကားႏိုင္လြန္းတဲ့အတြက္ လူတိုင္းကေတာ့ ေျပာခ်င္ ၊ ေဝဖန္ခ်င္ၾကမွာပါပဲေလ ။

Jasmine (Mckzone Daily)

ကိုယ့်ရဲ့ မင်္ဂလာပွဲကိုအခြား သူတွေထက် ကွဲပြားခြားနားစေပြီး လှစေချင်ကြတာကတော့ စုံတွဲတွေတိုင်းလိုလိုပါပဲ ။ အလှဆုံး သတို့သမီးဝတ်စုံ ၊ မင်္ဂလာပွဲ အခင်းအကျင်း ၊ ကျွေးမွေးဧည့်ခံတဲ့ ပုံစံတွေ အခြားသူတွေထက်သာပြီး ကွဲပြားစေချင်ကြမှာပါ ။ သို့ပေမဲ့လည်း ဒီတစ်ခေါက်ဖော်ပြမဲ့ စုံတွဲကတော့ သူတို့ရဲ့မင်္ဂလာပွဲကို တခြားသူတွေနဲ့ အတော်လေးကွဲပြားစေချင်ပုံရပါတယ် ။

ဖြစ်စဉ်ကတော့ အဆိုပါစုံတွဲဟာ ၎င်းတို့ရဲ့မင်္ဂလာပွဲကျင်းပရာနေရာသို့ ကျယ်လောင်စွာအချက်မြည်စေတဲ့ အရေးပေါ်လူနာတင်ကားကိုစီးပြီး ရောက်ရှိလာကြလို့ပါ ။ ပိုပြီးထူးဆန်းတာက သတို့သမီးကို ခန်းမထဲအထိ လူနာတင်ကုတင်နဲ့ မခေါ်သွားလို့ ၎င်းတို့ရဲ့မင်္ဂလာပွဲဟာ Facebook စာမျက်နှာပေါ်မှာ အတော်လေးကို ရေပန်းစားနေလျက်ရှိပါတယ် ။

၎င်းတို့စုံတွဲ မင်္ဂလာပွဲကျင်းပရာ ခန်းမတို့ဝင်လာခဲ့တဲ့ပုံစံဟာ ပွဲလာဧည့်သည်တွေရဲ့အကြိုက်တော့ မဟုတ်ခဲ့ပါဘူး ။ ထို့အပြင် ဒေသခံအချို့ကတော့ ၎င်းတို့ရဲ့ပုဂ္ဂိုလ်ရေးကိစ္စအတွက်နဲ့ လူနာတင်ကားကို အသုံးပြုတာမျိုးတို့ မပြုလုပ်သင့်ကြောင်း ဝေဖန်ခဲ့ကြပါတယ် ။ လူနာတင်ကားဟာ အရေးပေါ်အခြေအနေတွေအတွက်သာ အမြဲအဆင်သင့်ဖြစ်နေသင့်တဲ့ ကားမို့လို့ပါ ဆိုပြီး ဝေဖန်ခဲ့ကြပါတယ် ။

ထိုအချိန်မှာတော့ သတို့သားဖြစ်သူက ၎င်းတို့မင်္ဂလာပွဲအတွက် အသုံးပြုခဲ့သော လူနာတင်ကားမှာ ၎င်းတို့ရဲ့ကိုယ်ပိုင်ကားဖြစ်ပြီး ၊ အစိုးရရဲ့ အရေးပေါ်သုံးစွဲဖို့ထားရှိထားတဲ့ လူနာတင်ကားမဟုတ်ကြောင်း ပြန်လည်ဖြေရှင်းခဲ့ပါတယ် ။

အကျိုးအကြောင်းမသိဘဲ အခြားသူကိုမဝေဖန်သင့်ကြောင်းလည်း ပြန်လည်ဖြေရှင်းထားပါတယ် ။ သို့ပေမဲ့လည်း မည်သို့ပင်ဖြစ်စေကာမူ အဆန်းထွင်တဲ့မင်္ဂလာပွဲဟာ အတော်လေးကိုအူကြောင်ကြားနိုင်လွန်းတဲ့အတွက် လူတိုင်းကတော့ ပြောချင် ၊ ဝေဖန်ချင်ကြမှာပါပဲလေ ။

Jasmine (Mckzone Daily)