အညာေဒသ တိုက္ပြဲမ်ားၾကားက ပညာသင္ၾကားေနတဲ့ CDM ဆရာမနဲ႔ စာသင္ၾကားေနရတဲ့ ကေလးငယ္မ်ားအေၾကာင္း ဆက္သြယ္ေမးျမန္းခ်က္
စစ္ကိုင္းတိုင္း အညာေဒသမွာရွိတဲ့ ၿမိဳ႕နယ္မ်ားႏွင့္ ေက်း႐ြာမ်ားကို စစ္ေကာင္စီ တပ္မ်ားက ေန႔စဥ္ဆိုသလို စစ္ေၾကာင္းထိုး ထိုးစစ္ဆင္လ်က္ရွိၿပီး ေက်း႐ြာမ်ားမွ လူေနအိမ္မ်ားကိုလည္း မီးရႈိ႕ဖ်က္ဆီးမႈမ်ား အဆက္ မျပတ္လုပ္ေဆာင္ ေနျခင္းေၾကာင့္ ေဒသကာကြယ္ေရးတပ္ဖြဲ႕မ်ားႏွင့္ တိုက္ပြဲမ်ားျဖစ္ပြားလ်က္ရွိေနပါတယ္။
စစ္ေကာင္စီတပ္ေတြဟာ စစ္ေၾကာင္းထိုး၊ လူေနအိမ္ေတြကို မီးရႈိ႕ဖ်က္ဆီးေနေပမယ့္ စစ္ကိုင္းတိုင္း အညာေဒသက အၾကမ္းမဖက္ အာဏာဖီဆန္ေရးလႈပ္ရွားမႈ (CDM) မွာပါဝင္ေနတဲ့ ဆရာ၊ ဆရာမ ေတြကေတာ့ ေဒသခံကေလးငယ္ေတြကို ပညာသင္ၾကားေပးဖို႔ ႀကိဳးစား လုပ္ေဆာင္ေနၾကပါတယ္။
အဲဒီလို ပညာသင္ၾကားေပးဖို႔ CDM ဆရာ၊ ဆရာမေတြ အေကာင္အထည္ေဖာ္ လုပ္ေဆာင္ေနတာဟာ ဇန္နဝါရီလ ကတည္းကျဖစ္တယ္လို႔ သိရပါတယ္။ စစ္ကိုင္းတိုင္းထဲမွာရွိတဲ့ ကနီ၊ယင္းမာပင္၊ ၿမိဳင္၊ အရာေတာ္ ၊ မင္းကင္း စတဲ့ေဒသေတြဟာ CDM ဆရာ၊ ဆရာမ အားေကာင္းတဲ့ေဒသျဖစ္တယ္လို႔လည္း သိရပါတယ္။
အမ်ိဳးသားညီၫြတ္ေရးအစိုးရ(NUG)ရဲ႕ ၾကားကာလပညာသင္ၾကားေရးကို ႀကိဳးစား အေကာင္ အထည္ေဖာ္ေပးေနတဲ့ CDM ဆရာ၊ ဆရာမေတြဟာ စစ္ေကာင္စီတပ္ေတြ စစ္ေၾကာင္းထိုးလာတဲ့အထဲကမွ ကေလးမ်ားရဲ႕ စိတ္ပိုင္းဆိုင္ရာ ႐ုပ္ပိုင္းဆိုင္ရာ အခက္ခဲမ်ားကို ကူညီေျဖရွင္းရင္း ပညာသင္ၾကားေပးေနရတာပါ။ ကေလးငယ္ေတြကိုပညာသင္ၾကားေရး အျပင္ ဝမ္းေရးအတြက္ပါ အခက္အခဲမ်ိဳးစုံကို ရင္ဆိုင္ေျဖရွင္းေနရတဲ့ အေၾကာင္းအရာ ေတြကို ေမးျမန္းဖို႔ရွိပါတယ္။
စစ္ေကာင္စီအာဏာသိမ္းခဲ့တဲ့ ေဖေဖာ္ဝါရီလ အေစာပိုင္းကတည္းက စတင္ၿပီး CDM ျပဳလုပ္ခဲ့တဲ့ စာသင္သက္ ငါးႏွစ္သက္တမ္းရွိၿပီတဲ့ အထက္တန္းျပဆရာမ မစႏၵာ ကို ေမးျမန္းသြားမွာပါ။
ေက်ာင္းဆရာမ မစႏၵာဟာ အမ်ိဳးသားညီၫြတ္ေရးအစိုးရ(NUG)ရဲ႕ ပညာေရးဝန္ႀကီးဌာန လက္ေအာက္က တစ္ဆင့္ အညာေဒသမွာရွိေနတဲ့ ေဒသခံ ကေလးငယ္ေတြကို ပညာသင္ၾကားေပးေနတာျဖစ္ၿပီး လက္ရွိႀကဳံေတြ႕ေနရတဲ့ ၾကားကာလ ပညာေရးနဲ႔ စိန္ေခၚမႈ အခက္အခဲေတြအေၾကာင္းကို မဇၩိမသတင္းဌာနရဲ႕ သတင္းေထာက္ကိုထြန္းထြန္းဝင္းက အခုလို ေမးျမန္းထားပါတယ္။
#Mizzima
အညာဒေသ တိုက်ပွဲများကြားက ပညာသင်ကြားနေတဲ့ CDM ဆရာမနဲ့ စာသင်ကြားနေရတဲ့ ကလေးငယ်များအကြောင်း ဆက်သွယ်မေးမြန်းချက်
စစ်ကိုင်းတိုင်း အညာဒေသမှာရှိတဲ့ မြို့နယ်များနှင့် ကျေးရွာများကို စစ်ကောင်စီ တပ်များက နေ့စဉ်ဆိုသလို စစ်ကြောင်းထိုး ထိုးစစ်ဆင်လျက်ရှိပြီး ကျေးရွာများမှ လူနေအိမ်များကိုလည်း မီးရှို့ဖျက်ဆီးမှုများ အဆက် မပြတ်လုပ်ဆောင် နေခြင်းကြောင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲများဖြစ်ပွားလျက်ရှိနေပါတယ်။
စစ်ကောင်စီတပ်တွေဟာ စစ်ကြောင်းထိုး၊ လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးနေပေမယ့် စစ်ကိုင်းတိုင်း အညာဒေသက အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာပါဝင်နေတဲ့ ဆရာ၊ ဆရာမ တွေကတော့ ဒေသခံကလေးငယ်တွေကို ပညာသင်ကြားပေးဖို့ ကြိုးစား လုပ်ဆောင်နေကြပါတယ်။
အဲဒီလို ပညာသင်ကြားပေးဖို့ CDM ဆရာ၊ ဆရာမတွေ အကောင်အထည်ဖော် လုပ်ဆောင်နေတာဟာ ဇန်နဝါရီလ ကတည်းကဖြစ်တယ်လို့ သိရပါတယ်။ စစ်ကိုင်းတိုင်းထဲမှာရှိတဲ့ ကနီ၊ယင်းမာပင်၊ မြိုင်၊ အရာတော် ၊ မင်းကင်း စတဲ့ဒေသတွေဟာ CDM ဆရာ၊ ဆရာမ အားကောင်းတဲ့ဒေသဖြစ်တယ်လို့လည်း သိရပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ ကြားကာလပညာသင်ကြားရေးကို ကြိုးစား အကောင် အထည်ဖော်ပေးနေတဲ့ CDM ဆရာ၊ ဆရာမတွေဟာ စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးလာတဲ့အထဲကမှ ကလေးများရဲ့ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ အခက်ခဲများကို ကူညီဖြေရှင်းရင်း ပညာသင်ကြားပေးနေရတာပါ။ ကလေးငယ်တွေကိုပညာသင်ကြားရေး အပြင် ဝမ်းရေးအတွက်ပါ အခက်အခဲမျိုးစုံကို ရင်ဆိုင်ဖြေရှင်းနေရတဲ့ အကြောင်းအရာ တွေကို မေးမြန်းဖို့ရှိပါတယ်။
စစ်ကောင်စီအာဏာသိမ်းခဲ့တဲ့ ဖေဖော်ဝါရီလ အစောပိုင်းကတည်းက စတင်ပြီး CDM ပြုလုပ်ခဲ့တဲ့ စာသင်သက် ငါးနှစ်သက်တမ်းရှိပြီတဲ့ အထက်တန်းပြဆရာမ မစန္ဒာ ကို မေးမြန်းသွားမှာပါ။
ကျောင်းဆရာမ မစန္ဒာဟာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ ပညာရေးဝန်ကြီးဌာန လက်အောက်က တစ်ဆင့် အညာဒေသမှာရှိနေတဲ့ ဒေသခံ ကလေးငယ်တွေကို ပညာသင်ကြားပေးနေတာဖြစ်ပြီး လက်ရှိကြုံတွေ့နေရတဲ့ ကြားကာလ ပညာရေးနဲ့ စိန်ခေါ်မှု အခက်အခဲတွေအကြောင်းကို မဇ္ဈိမသတင်းဌာနရဲ့ သတင်းထောက်ကိုထွန်းထွန်းဝင်းက အခုလို မေးမြန်းထားပါတယ်။
#Mizzima