Local News

ေျမာင္တြင္ ေက်း႐ြာမ်ားကို မီးရႈိ႕ေနေသာ စစ္တပ္အား ကာကြယ္ရန္ ေလတပ္က ရဟတ္ယာဥ္ျဖင့္ ရမ္းသမ္း ပစ္ခတ္ေန

ေျမာင္ၿမိဳ႕နယ္တြင္ အထိနာေနသည့္ စစ္ေကာင္စီတပ္ ေလေၾကာင္းပစ္ကူအသုံးျပဳပစ္ခတ္ေန

ေအာင္ေဇယ်/People’s Spring

စစ္ကိုင္းတိုင္း၊ ေျမာင္ၿမိဳ႕နယ္တြင္ အထိနာေနသည့္ အၾကမ္းဖက္စစ္ေကာင္စီတပ္က ေလေၾကာင္းပစ္ကူ အသုံးျပဳပစ္ခတ္ေနေၾကာင္း ေျမာင္ၿမိဳ႕နယ္ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕က ေျပာသည္။

ယေန႔ (ေမလ ၂၉ ရက္) ညေနပိုင္းက ေျမာင္ၿမိဳ႕နယ္ ေက်း႐ြာမ်ားကို မီး႐ိူ႔ေနေသာ စစ္ေကာင္စီစစ္ေၾကာင္းႏွင့္ တိုက္ပြဲျဖစ္ပြားရာ အၾကမ္းဖက္စစ္တပ္က ေလေၾကာင္းပစ္ခတ္မႈပါ ျပဳလုပ္ခဲ့ရာ ျပည္သူ႔ကာကြယ္ေရးတပ္သားအခ်ိဳ႕ ထိခိုက္ဒဏ္ရာရရွိထားေၾကာင္း ေျမာင္ၿမိဳ႕နယ္ ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕က ေျပာသည္။

“ဒီကေန႔ညေန သုံးနာရီခြဲေလာက္က ေျမာင္ၿမိဳနယ္အတြင္း မီးပတ္ရႈိ႕ေနတဲ့ စကစ စစ္ေၾကာင္းနဲ႔ ေျမာင္ၿမိဳ႕နယ္ ျပည္သူ႔ကာကြယ္ေရးတပ္ေတြနဲ႔ အျပန္အလွန္ ထိေတြ႕တိုက္ပြဲျဖစ္ပါတယ္။

သူတို႔ဘက္က အထိခိုက္မ်ားတဲ့အတြက္ေလေၾကာင္းပစ္ကူလာခဲ့လို႔ PDFေတြ ေနာက္ဆုတ္ေပးခဲ့ရပါတယ္။ ေလာေလာဆယ္ ရရွိထားတဲ့ သတင္းအရ မဟာမိတ္အဖြဲ႕ေတြထဲက ျပည္သူ႔ကာကြယ္ေရးတပ္သား ေလးဦး ဒဏ္ရာရထားပါတယ္။ေလေၾကာင္းက အရင္က ဝဲ ႐ုံပဲ ဝဲဖူးပါတယ္။”ဟု ေျမာင္ၿမိဳ႕နယ္ ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕တာဝန္ရွိသူက ေျပာသည္။

ေလတပ္သည္ တမေဆးကန္၌တပ္ဆြဲၿပီး မီးရႈိ႕ေနေသာ ေျခလ်င္တပ္အားကာကြယ္ရန္ ေလယာဥ္ျဖင့္ ပထမ ႏွစ္ႀကိမ္ဝဲကာ တတိယအႀကိမ္၌ တမေဆးကန္၏ အေနာက္ဘက္တြင္တစ္ႀကိမ္၊စတုတၳအႀကိမ္၌ ေတာင္ဘက္တြင္တစ္ႀကိမ္ စက္ေသနတ္ျဖင့္ ပစ္ခတ္ခဲ့ေၾကာင္း ကိုေႏြဦး(ေျမာင္) Myaung Pdf CDSOM က ေျပာသည္။

စစ္ေကာင္စီတပ္သည္ ေလေၾကာင္းျဖင့္ ေ႐ႊဘုံသာအေျခ၊ နဘက္၊ ေသာင္ႀကီးၾကားေျမာက္ဘက္၊ ေသာင္ႀကီးအေရွ႕ဘက္ျခမ္း၊ ဧရာဝတီျမစ္႐ိုးတစ္ျခမ္းတို႔အားပ်ံသန္းကာ ၁၁ ႀကိမ္ထက္မနည္း ပစ္ခတ္ခဲ့ေၾကာင္း ၎က ေျပာသည္။

“ပထမအႀကိမ္စပ်ံစဥ္ ပစ္မွတ္လိုက္ရွာေနသည္ ထင္ရကတည္းက ကြၽႏ္ုပ္တို႔ရဲေဘာ္မ်ားအား ခ်က္ျခင္းဆုတ္ခိုင္းလိုက္၍ ေဘးကင္းရာသို႔ ေရာက္ရွိခဲ့ပါသည္။ သုံးႀကိမ္ပစ္ခတ္မႈေၾကာင့္ ထိခိုက္မႈမ်ား ရွိမရွိ မသိရေသးပါ။ျပည္သူမ်ားႏွင့္ စစ္ေဘးေရွာင္မ်ား ေလယာဥ္သံၾကားလွ်င္ ကြင္းျပင္မ်ား၌အစုလိုက္မေနၾကပါနဲ႔။ အတန္းလိုက္လဲ မသြားၾကပါနဲ႔။ လူအုပ္ လူတန္းျမင္လွ်င္ ေခြးေတြက ရမ္းသမ္းပစ္ေနလို႔ပါ။”ဟု ကိုေႏြဦး-ေျမာင္ (Myaung Pdf Cdsom)က ေျပာသည္။

စစ္ေကာင္စီတပ္သည္ ေျမာင္ၿမိဳ႕နယ္အတြင္း ေက်း႐ြာမ်ားအား ေမလလယ္မွစတင္ကာ စစ္ေၾကာင္းထိုးေနၿပီး ႏွစ္ပတ္အတြင္း ေက်း႐ြာ ၇ ႐ြာထက္မနည္း မီးရႈိ႕ဖ်က္ဆီးခံထားရသည္။

မြောင်မြို့နယ်တွင် အထိနာနေသည့် စစ်ကောင်စီတပ် လေကြောင်းပစ်ကူအသုံးပြုပစ်ခတ်နေ

အောင်ဇေယျ/People’s Spring

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်တွင် အထိနာနေသည့် အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းပစ်ကူ အသုံးပြုပစ်ခတ်နေကြောင်း မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောသည်။

ယနေ့ (မေလ ၂၉ ရက်) ညနေပိုင်းက မြောင်မြို့နယ် ကျေးရွာများကို မီးရိူ့နေသော စစ်ကောင်စီစစ်ကြောင်းနှင့် တိုက်ပွဲဖြစ်ပွားရာ အကြမ်းဖက်စစ်တပ်က လေကြောင်းပစ်ခတ်မှုပါ ပြုလုပ်ခဲ့ရာ ပြည်သူ့ကာကွယ်ရေးတပ်သားအချို့ ထိခိုက်ဒဏ်ရာရရှိထားကြောင်း မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောသည်။

“ဒီကနေ့ညနေ သုံးနာရီခွဲလောက်က မြောင်မြိုနယ်အတွင်း မီးပတ်ရှို့နေတဲ့ စကစ စစ်ကြောင်းနဲ့ မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ အပြန်အလှန် ထိတွေ့တိုက်ပွဲဖြစ်ပါတယ်။

သူတို့ဘက်က အထိခိုက်များတဲ့အတွက်လေကြောင်းပစ်ကူလာခဲ့လို့ PDFတွေ နောက်ဆုတ်ပေးခဲ့ရပါတယ်။ လောလောဆယ် ရရှိထားတဲ့ သတင်းအရ မဟာမိတ်အဖွဲ့တွေထဲက ပြည်သူ့ကာကွယ်ရေးတပ်သား လေးဦး ဒဏ်ရာရထားပါတယ်။လေကြောင်းက အရင်က ဝဲ ရုံပဲ ဝဲဖူးပါတယ်။”ဟု မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူက ပြောသည်။

လေတပ်သည် တမဆေးကန်၌တပ်ဆွဲပြီး မီးရှို့နေသော ခြေလျင်တပ်အားကာကွယ်ရန် လေယာဉ်ဖြင့် ပထမ နှစ်ကြိမ်ဝဲကာ တတိယအကြိမ်၌ တမဆေးကန်၏ အနောက်ဘက်တွင်တစ်ကြိမ်၊စတုတ္ထအကြိမ်၌ တောင်ဘက်တွင်တစ်ကြိမ် စက်သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း ကိုနွေဦး(မြောင်) Myaung Pdf CDSOM က ပြောသည်။

စစ်ကောင်စီတပ်သည် လေကြောင်းဖြင့် ရွှေဘုံသာအခြေ၊ နဘက်၊ သောင်ကြီးကြားမြောက်ဘက်၊ သောင်ကြီးအရှေ့ဘက်ခြမ်း၊ ဧရာဝတီမြစ်ရိုးတစ်ခြမ်းတို့အားပျံသန်းကာ ၁၁ ကြိမ်ထက်မနည်း ပစ်ခတ်ခဲ့ကြောင်း ၎င်းက ပြောသည်။

“ပထမအကြိမ်စပျံစဉ် ပစ်မှတ်လိုက်ရှာနေသည် ထင်ရကတည်းက ကျွန်ုပ်တို့ရဲဘော်များအား ချက်ခြင်းဆုတ်ခိုင်းလိုက်၍ ဘေးကင်းရာသို့ ရောက်ရှိခဲ့ပါသည်။ သုံးကြိမ်ပစ်ခတ်မှုကြောင့် ထိခိုက်မှုများ ရှိမရှိ မသိရသေးပါ။ပြည်သူများနှင့် စစ်ဘေးရှောင်များ လေယာဉ်သံကြားလျှင် ကွင်းပြင်များ၌အစုလိုက်မနေကြပါနဲ့။ အတန်းလိုက်လဲ မသွားကြပါနဲ့။ လူအုပ် လူတန်းမြင်လျှင် ခွေးတွေက ရမ်းသမ်းပစ်နေလို့ပါ။”ဟု ကိုနွေဦး-မြောင် (Myaung Pdf Cdsom)က ပြောသည်။

စစ်ကောင်စီတပ်သည် မြောင်မြို့နယ်အတွင်း ကျေးရွာများအား မေလလယ်မှစတင်ကာ စစ်ကြောင်းထိုးနေပြီး နှစ်ပတ်အတွင်း ကျေးရွာ ၇ ရွာထက်မနည်း မီးရှို့ဖျက်ဆီးခံထားရသည်။