Cele
Nashville မြို့မှာ ကျင်းပတဲ့ တိုင်းရင်းသားလူမျိုးစုံပါဝင်တဲ့NUG Bond ရောင်းချပွဲ
Tennessee ပြည်နယ် Nashville မြို့မှာ ကျင်းပတဲ့ တိုင်းရင်းသားလူမျိုးစုံပါဝင်တဲ့ 007 ရောင်းချပွဲနဲ့ Fund Raise ပွဲလေးမှာ အမေရိကန်ဒေါ်လာငါးသောင်းကျော် (မြန်မာငွေသိန်းတစ်ထောင်ဝန်းကျင်) ရောင်းချနိုင်ခဲ့ပါတယ်။
အရမ်းထူးခြားတာက တိုင်းရင်းသားနာမည်တွေချည်းလိုလို တွေ့ရတဲ့ပွဲပါပဲ။ တိုင်းရင်းသားတွေရဲ့ NUG အပေါ် ယုံကြည်ပေးမှုကို ခံစားရမိစေတဲ့ပွဲလေးအဖြစ် အမှတ်တရရှိနေဖြစ်မှာပါ။
NUG Bond ဆိုတာ ဘာလဲဆိုတဲ့ မေးခွန်းတွေကို ဖြေကြားရင်း မြို့ခံတိုင်းရင်းသားခေါင်းဆောင်တွေရဲ့ တက်ကြွစွာလှုံ့ဆော်မှုတွေကြောင့် ကျေနပ်ဖွယ်ရာ အောင်မြင်ခဲ့တဲ့ ပွဲလေးပါ။
ကျေးဇူးတင်ပါတယ် Nashville ရေ။ မနက်ဖြန်မှာလည်း Kentucky ပြည်နယ် Bowling Green က တိုင်းရင်းသားညီအစ်ကိုမောင်နှမများနဲ့ တွေ့ဆုံနိုင်ဖို့ ကြွရောက်ခဲ့ကြဖို့ ဖိတ်ခေါ်ပါတယ်။ crd-ပန်ဆယ်လို