NUG သမၼတ ေရွ႕တန္းစစ္စခန္းမ်ားကို စစ္ေဆး
ရန္ကုန္၊ ေမ ၃၀
အမ်ိဳးသားညီၫြတ္ေရးအစိုးရ၊ ယာယီသမၼတ ဒူဝါလရွီးလသည္ ေမလ ၂၄ ရက္ေန႔တြင္ ေရွ႕တန္းစခန္းတစ္ေနရာရွိ ျပည္သူ႔ကာကြယ္ေရးတပ္မေတာ္၏ စစ္သည္ရဲေဘာ္မ်ား စစ္ေဆးေၾကာင္း သိရွိရသည္။
ယာယီသမၼတသည္ ေရွ႕တန္းစခန္းရွိ PDF စစ္သည္ရဲေဘာ္မ်ားႏွင့္ေတြ႕ဆုံရာတြင္ “ရဲေဘာ္မ်ားသည္ တိုင္းျပည္၏ သူရဲေကာင္းမ်ားျဖစ္သလို ေမွ်ာ္လင့္ခ်က္လည္း ျဖစ္၍ အထူးေလးစားဂုဏ္ယူပါေၾကာင္း၊ ျပည္သူ႔ေတာ္လွန္ေရးအတြက္ မိမိတို႔ အသက္ခႏၶာကိုပါ စေတးထည့္ဝင္ေနၾကသည့္ PDF စစ္သည္ေတာ္မ်ားအပါအဝင္ ခုခံတြန္းလွန္စစ္တြင္ ပါဝင္ေနၾကသူအားလုံးကို သမိုင္းက ေကာင္းစြာ ေမာ္ကြန္းကဗၺည္းတင္ၿပီးျဖစ္သလို ဤအရင္းအႏွီးမ်ားသည္ လုံးဝ အေဟာသႎကံ ျဖစ္မည္မဟုတ္ေၾကာင္း၊
ဤသို႔ေသာ ရင္းႏွီးပါဝင္ျခင္းမ်ားေၾကာင့္ ထိုက္တန္သည့္ အက်ိဳးရလဒ္ေကာင္းမ်ားကိုလည္း မုခ်ရရွိမည္မွာ ေသခ်ာေၾကာင္း၊ မိမိတို႔ PDF တပ္မေတာ္သည္ အနာဂတ္ဖက္ဒရယ္တပ္မေတာ္တည္ေဆာက္ရာတြင္လည္း အဓိကအေရးႀကီးေသာ အခန္းက႑တြင္ ပါဝင္မည္ျဖစ္၍ ယခုကတည္းကပင္ ဖက္ဒရယ္စနစ္ႏွင့္ ဒီမိုကေရစီသေဘာတရားတို႔ကို လက္ကိုင္ျပဳ က်င့္ႀကံဖို႔ လိုအပ္ေၾကာင္း၊ PDF သည္ ျပည္သူ႔အတြက္ အားကိုးယုံၾကည္ရာသာ ျဖစ္ရမည္ျဖစ္ၿပီး ျပည္သူ႔ဆႏၵကို မဆန႔္က်င္ဖို႔ အထူးလိုအပ္ေၾကာင္း၊
ျပည္သူႏွင့္ PDF သည္ ေရႏွင့္ငါးကဲ့သို႔ပင္ က်င့္ႀကံရမည္ျဖစ္ေၾကာင္း၊ Professional စံျပတပ္မေတာ္တရပ္အျဖစ္ ရပ္တည္ႏိုင္ေရးအတြက္ ျပည္သူႏွင့္တသားတည္းရွိမႈ၊ စည္းကမ္းေကာင္းမြန္မႈ၊ အမိန႔္နာခံမႈ၊ စြမ္းရည္ျပည့္ဝမႈတို႔သည္ အေရးႀကီးေၾကာင္း၊
ယခုအခါ တႏိုင္ငံလုံးတြင္ PDF တပ္မေတာ္၏ တပ္ရင္းတပ္ဖြဲ႕ေပါင္းမ်ားစြာ စနစ္တက် စုဖြဲ႕လာႏိုင္ၿပီျဖစ္၍ လူထုက မ်ားစြာအားတက္လ်က္ရွိေၾကာင္း၊ PDF သည္ ေႏြဦးျပည္သူ႔ေတာ္လွန္ေရး၏ အသက္ပမာ အေရးႀကီး၍ လူထုေမွ်ာ္လင့္ခ်က္ပန္းတိုင္ေရာက္သည္အထိ ဉာဏ္ပညာ ဇြဲ သတၱိ လုံ႔လ ဝိရိယအျပည့္ျဖင့္ ဦးေဆာင္ပါဝင္သြားၾကရန္ လိုအပ္ေၾကာင္းစသျဖင့္ ေဆြးေႏြးမွာၾကားသည္။
ထို႔ေနာက္ PDF စစ္သည္ရဲေဘာ္မ်ား၏ ေဆြးေႏြးမႈမ်ား၊ ေမးခြန္းမ်ားကို ယာယီသမၼတသည္ ရင္းႏွီးပြင့္လင္းစြာ ျပန္လည္ေဆြးေႏြး၊ ေျဖၾကားခဲ့ပါသည္။ထို႔ေနာက္ ယာယီသမၼတႏွင့္ အဖြဲ႕သည္ စစ္စခန္းတြင္း အေျခအေနမ်ား၊ PDF စစ္သည္ေတာ္မ်ား၏ လိုအပ္ခ်က္ႏွင့္ စားဝတ္ေနေရး အေျခအေနမ်ားကို ၾကည့္ရႈစစ္ေဆးကာ လိုအပ္သလို ျဖည့္ဆည္းေဆာင္႐ြက္ခဲ့သည္။
ထို႔ေနာက္ ယာယီသမၼတသည္ PDF စစ္သည္ေတာ္မ်ား၏ စစ္ေရးေလ့က်င့္ေနမႈမ်ားကို ၾကည့္ရႈစစ္ေဆးခဲ့ၿပီး စစ္သည္ေတာ္မ်ား၏ အေလးျပဳႏႈတ္ဆက္မႈကို ခံယူၿပီးေနာက္ စခန္းမွ ျပန္လည္ ထြက္ခြာခဲ့ပါသည္။
NUG သမ္မတ ရှေ့တန်းစစ်စခန်းများကို စစ်ဆေး
ရန်ကုန်၊ မေ ၃၀
အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတ ဒူဝါလရှီးလသည် မေလ ၂၄ ရက်နေ့တွင် ရှေ့တန်းစခန်းတစ်နေရာရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော်၏ စစ်သည်ရဲဘော်များ စစ်ဆေးကြောင်း သိရှိရသည်။
ယာယီသမ္မတသည် ရှေ့တန်းစခန်းရှိ PDF စစ်သည်ရဲဘော်များနှင့်တွေ့ဆုံရာတွင် “ရဲဘော်များသည် တိုင်းပြည်၏ သူရဲကောင်းများဖြစ်သလို မျှော်လင့်ချက်လည်း ဖြစ်၍ အထူးလေးစားဂုဏ်ယူပါကြောင်း၊ ပြည်သူ့တော်လှန်ရေးအတွက် မိမိတို့ အသက်ခန္ဓာကိုပါ စတေးထည့်ဝင်နေကြသည့် PDF စစ်သည်တော်များအပါအဝင် ခုခံတွန်းလှန်စစ်တွင် ပါဝင်နေကြသူအားလုံးကို သမိုင်းက ကောင်းစွာ မော်ကွန်းကဗ္ဗည်းတင်ပြီးဖြစ်သလို ဤအရင်းအနှီးများသည် လုံးဝ အဟောသိံကံ ဖြစ်မည်မဟုတ်ကြောင်း၊
ဤသို့သော ရင်းနှီးပါဝင်ခြင်းများကြောင့် ထိုက်တန်သည့် အကျိုးရလဒ်ကောင်းများကိုလည်း မုချရရှိမည်မှာ သေချာကြောင်း၊ မိမိတို့ PDF တပ်မတော်သည် အနာဂတ်ဖက်ဒရယ်တပ်မတော်တည်ဆောက်ရာတွင်လည်း အဓိကအရေးကြီးသော အခန်းကဏ္ဍတွင် ပါဝင်မည်ဖြစ်၍ ယခုကတည်းကပင် ဖက်ဒရယ်စနစ်နှင့် ဒီမိုကရေစီသဘောတရားတို့ကို လက်ကိုင်ပြု ကျင့်ကြံဖို့ လိုအပ်ကြောင်း၊ PDF သည် ပြည်သူ့အတွက် အားကိုးယုံကြည်ရာသာ ဖြစ်ရမည်ဖြစ်ပြီး ပြည်သူ့ဆန္ဒကို မဆန့်ကျင်ဖို့ အထူးလိုအပ်ကြောင်း၊
ပြည်သူနှင့် PDF သည် ရေနှင့်ငါးကဲ့သို့ပင် ကျင့်ကြံရမည်ဖြစ်ကြောင်း၊ Professional စံပြတပ်မတော်တရပ်အဖြစ် ရပ်တည်နိုင်ရေးအတွက် ပြည်သူနှင့်တသားတည်းရှိမှု၊ စည်းကမ်းကောင်းမွန်မှု၊ အမိန့်နာခံမှု၊ စွမ်းရည်ပြည့်ဝမှုတို့သည် အရေးကြီးကြောင်း၊
ယခုအခါ တနိုင်ငံလုံးတွင် PDF တပ်မတော်၏ တပ်ရင်းတပ်ဖွဲ့ပေါင်းများစွာ စနစ်တကျ စုဖွဲ့လာနိုင်ပြီဖြစ်၍ လူထုက များစွာအားတက်လျက်ရှိကြောင်း၊ PDF သည် နွေဦးပြည်သူ့တော်လှန်ရေး၏ အသက်ပမာ အရေးကြီး၍ လူထုမျှော်လင့်ချက်ပန်းတိုင်ရောက်သည်အထိ ဉာဏ်ပညာ ဇွဲ သတ္တိ လုံ့လ ဝိရိယအပြည့်ဖြင့် ဦးဆောင်ပါဝင်သွားကြရန် လိုအပ်ကြောင်းစသဖြင့် ဆွေးနွေးမှာကြားသည်။
ထို့နောက် PDF စစ်သည်ရဲဘော်များ၏ ဆွေးနွေးမှုများ၊ မေးခွန်းများကို ယာယီသမ္မတသည် ရင်းနှီးပွင့်လင်းစွာ ပြန်လည်ဆွေးနွေး၊ ဖြေကြားခဲ့ပါသည်။ထို့နောက် ယာယီသမ္မတနှင့် အဖွဲ့သည် စစ်စခန်းတွင်း အခြေအနေများ၊ PDF စစ်သည်တော်များ၏ လိုအပ်ချက်နှင့် စားဝတ်နေရေး အခြေအနေများကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သလို ဖြည့်ဆည်းဆောင်ရွက်ခဲ့သည်။
ထို့နောက် ယာယီသမ္မတသည် PDF စစ်သည်တော်များ၏ စစ်ရေးလေ့ကျင့်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး စစ်သည်တော်များ၏ အလေးပြုနှုတ်ဆက်မှုကို ခံယူပြီးနောက် စခန်းမှ ပြန်လည် ထွက်ခွာခဲ့ပါသည်။