Cele

“ႏိုင္ငံေပ်ာက္သူ” Short Filim ထဲက မသုရဲ႕ “ငါ ဘာဆက္လုပ္ရမလဲ” ဆိုတဲ့ ေမးခြန္းေလးကေန အေျဖရလိုက္တယ္ ဆိုတဲ့ ပန္ဆယ္လို

ဒီရက္ထဲမွာ ကိုယ္ပြဲေတြသြားတယ္။ ေတာ္လွန္ေရးအတြက္ စကားေတြေျပာတယ္။ ဘြန္းေရာင္းတယ္။ Fund Raise လုပ္ေပးတယ္။ လူေတြအျမင္မွာ ကိုယ္တက္တက္ႂကြႂကြ လႈပ္ရွားေနတယ္ဆိုေပမယ့္ ကိုယ့္စိတ္ထဲမွာ ခံစားေနရတာ ေဝဝါးေနတဲ့ခံစားခ်က္ပဲ။

တစ္ဖက္ျခမ္းမွာ ကိုယ္ဟာ ေပးဆပ္ေနတဲ့လူငယ္ေတြကို တိုက္႐ိုက္ျမင္ေနရတယ္။ အသက္ေတြ၊ ဘဝေတြ၊ ကိုယ္လက္အဂၤါေတြ။ ဒါ့အျပင္ အာဏာရွင္စနစ္ဆိုးေၾကာင့္ ဘဝအပ်က္ႀကီးေတြကို ထမ္းပိုးၿပီး အသက္ရွင္ေနရသူေတြ။ ဥပမာ ႐ြာမီးရႈိ႕ခံရသူေတြ၊ စစ္ေဘးေရွာင္ေတြ၊ ထြက္ေျပးလြတ္ေျမာက္လာၿပီး ဘဝကို သုညက ျပန္စေနရတဲ့ မစႏိုင္ရွာတဲ့ ကိုယ္အပါအဝင္ ဘဝတူေတြ။

တစ္ဖက္ျခမ္းမွာလည္း Normal Life ထဲ ေပ်ာ္ေပ်ာ္ႀကီး စီးေမ်ာေနၾကတဲ့သူေတြ။ မင္းတို႔ေတာ္လွန္ေနတာပဲ၊ ငါတို႔မလိုပါဘူး ေတြးေနတဲ့သူေတြ။ ေတာ္လွန္သူေတြနဲ႔ နာက်င္မႈေတြရင္းႏွီးၿပီး ရလာမယ့္ ဒီမိုကေရစီကို အခန႔္သားယူဖို႔ ေမွ်ာ္လင့္ေနၾကသူေတြ။ စစ္ဖိနပ္ေအာက္မွာ ေနသားက်ေနၾကသူေတြ။ စစ္ဖိနပ္မွာ အခ်င္းခ်င္းနင္းရင္း အေခ်ာင္ေနအေခ်ာင္စားရမယ္ဆိုၿပီး ေပ်ာ္႐ႊင္ေနၾကသူေတြ။

ကိုယ္ဟာ Parallel Universe ႀကီး ႏွစ္ခုကို တၿပိဳင္နက္တည္း ျမင္ေနရသလိုပဲ။ ဝမ္းနည္းရပုံက ေအာ္ေအာ္ရယ္ပစ္ခ်င္ေအာင္ထိ လႈိက္ခါတုန္ရင္ ဝမ္းနည္းရတာမ်ိဳး။ နာနာက်င္က်င္ႀကီး အသံထြက္ရယ္ေမာေနရတဲ့အထိ ႐ူးခ်င္စရာ ေကာင္းတာမ်ိဳး။

မနက္က မိတ္ေဆြ ေတာ္လွန္ေရး အစ္ကိုတစ္ေယာက္ဆီ စာပို႔လိုက္တယ္။ အကိုေရ… ေတာ္လွန္ေရးက ၿပီးသြားၿပီလားလို႔။ အစ္ကိုက ကိုယ့္စာကို Sad Reactေလး ေပးတယ္။ အစ္ကိုတို႔ရပ္ကြက္မွာေတာ့ မၿပီးေသးပါဘူးတဲ့။ ရယ္ေမာတဲ့ Emojiေတြသုံးၿပီး စကားေျပာေနတဲ့အခ်ိန္မွာကို ကိုယ္မ်က္ရည္ေပါက္ေပါက္က်ရတယ္။

ပေဒသာပင္ခ်န္နယ္က တင္လိုက္တဲ့ ႏိုင္ငံေပ်ာက္သူ Short Filim ထဲမွာ မသုေမးသြားတဲ့ေမးခြန္းဟာ ကိုယ့္ရင္ထဲမွာ ပဲ့တင္ထပ္ေနတဲ့ ေမးခြန္းပဲ။

“ငါ ဘာဆက္လုပ္ရမလဲ” ဆိုတဲ့ ေမးခြန္း။ဒီ Short Flim ေလးထဲကပဲ ကိုယ္အေျဖကို ရလိုက္ပါတယ္။

“အရႈံးမေပးနဲ႔၊ အရႈံးမေပးမခ်င္း ငါတို႔ႏိုင္တယ္”အရႈံးမေပးဘူး။ ဆက္တိုက္မယ္။ ဘာေတြပဲ ႀကဳံႀကဳံ ဘယ္လိုေတြ နာက်င္ရ နာက်င္ရ အရႈံးမေပးဘူး။

ငါတို႔အရႈံးမေပးသေ႐ြ႕ သူတို႔အုပ္ခ်ဳပ္လို႔ မရဘူး။ အာဏာသိမ္းၿပီး ျပည္သူကိုသတ္ၿပီး အုပ္ခ်ဳပ္ခ်င္သူေတြရဲ႕ အုပ္ခ်ဳပ္ခြင့္မရျခင္းဟာ ငါတို႔ႏိုင္ၿပီး သူတို႔ရႈံးေနတာ။

ငါတို႔ ဘယ္ေတာ့မွ အရႈံးမေပးဘူး။သူတို႔ရႈံးတဲ့အထိ ငါတို႔ႏိုင္ေအာင္ တိုက္ၾကမယ္။

(ပေဒသာပင္ YouTube Channel မွာ ၾကည့္ျဖစ္ေအာင္ သြားၾကည့္ၾကပါ)

ဒီရက်ထဲမှာ ကိုယ်ပွဲတွေသွားတယ်။ တော်လှန်ရေးအတွက် စကားတွေပြောတယ်။ ဘွန်းရောင်းတယ်။ Fund Raise လုပ်ပေးတယ်။ လူတွေအမြင်မှာ ကိုယ်တက်တက်ကြွကြွ လှုပ်ရှားနေတယ်ဆိုပေမယ့် ကိုယ့်စိတ်ထဲမှာ ခံစားနေရတာ ဝေဝါးနေတဲ့ခံစားချက်ပဲ။

တစ်ဖက်ခြမ်းမှာ ကိုယ်ဟာ ပေးဆပ်နေတဲ့လူငယ်တွေကို တိုက်ရိုက်မြင်နေရတယ်။ အသက်တွေ၊ ဘဝတွေ၊ ကိုယ်လက်အင်္ဂါတွေ။ ဒါ့အပြင် အာဏာရှင်စနစ်ဆိုးကြောင့် ဘဝအပျက်ကြီးတွေကို ထမ်းပိုးပြီး အသက်ရှင်နေရသူတွေ။ ဥပမာ ရွာမီးရှို့ခံရသူတွေ၊ စစ်ဘေးရှောင်တွေ၊ ထွက်ပြေးလွတ်မြောက်လာပြီး ဘဝကို သုညက ပြန်စနေရတဲ့ မစနိုင်ရှာတဲ့ ကိုယ်အပါအဝင် ဘဝတူတွေ။

တစ်ဖက်ခြမ်းမှာလည်း Normal Life ထဲ ပျော်ပျော်ကြီး စီးမျောနေကြတဲ့သူတွေ။ မင်းတို့တော်လှန်နေတာပဲ၊ ငါတို့မလိုပါဘူး တွေးနေတဲ့သူတွေ။ တော်လှန်သူတွေနဲ့ နာကျင်မှုတွေရင်းနှီးပြီး ရလာမယ့် ဒီမိုကရေစီကို အခန့်သားယူဖို့ မျှော်လင့်နေကြသူတွေ။ စစ်ဖိနပ်အောက်မှာ နေသားကျနေကြသူတွေ။ စစ်ဖိနပ်မှာ အချင်းချင်းနင်းရင်း အချောင်နေအချောင်စားရမယ်ဆိုပြီး ပျော်ရွှင်နေကြသူတွေ။

ကိုယ်ဟာ Parallel Universe ကြီး နှစ်ခုကို တပြိုင်နက်တည်း မြင်နေရသလိုပဲ။ ဝမ်းနည်းရပုံက အော်အော်ရယ်ပစ်ချင်အောင်ထိ လှိုက်ခါတုန်ရင် ဝမ်းနည်းရတာမျိုး။ နာနာကျင်ကျင်ကြီး အသံထွက်ရယ်မောနေရတဲ့အထိ ရူးချင်စရာ ကောင်းတာမျိုး။

မနက်က မိတ်ဆွေ တော်လှန်ရေး အစ်ကိုတစ်ယောက်ဆီ စာပို့လိုက်တယ်။ အကိုရေ… တော်လှန်ရေးက ပြီးသွားပြီလားလို့။ အစ်ကိုက ကိုယ့်စာကို Sad Reactလေး ပေးတယ်။ အစ်ကိုတို့ရပ်ကွက်မှာတော့ မပြီးသေးပါဘူးတဲ့။ ရယ်မောတဲ့ Emojiတွေသုံးပြီး စကားပြောနေတဲ့အချိန်မှာကို ကိုယ်မျက်ရည်ပေါက်ပေါက်ကျရတယ်။

ပဒေသာပင်ချန်နယ်က တင်လိုက်တဲ့ နိုင်ငံပျောက်သူ Short Filim ထဲမှာ မသုမေးသွားတဲ့မေးခွန်းဟာ ကိုယ့်ရင်ထဲမှာ ပဲ့တင်ထပ်နေတဲ့ မေးခွန်းပဲ။

“ငါ ဘာဆက်လုပ်ရမလဲ” ဆိုတဲ့ မေးခွန်း။ဒီ Short Flim လေးထဲကပဲ ကိုယ်အဖြေကို ရလိုက်ပါတယ်။

“အရှုံးမပေးနဲ့၊ အရှုံးမပေးမချင်း ငါတို့နိုင်တယ်”အရှုံးမပေးဘူး။ ဆက်တိုက်မယ်။ ဘာတွေပဲ ကြုံကြုံ ဘယ်လိုတွေ နာကျင်ရ နာကျင်ရ အရှုံးမပေးဘူး။

ငါတို့အရှုံးမပေးသရွေ့ သူတို့အုပ်ချုပ်လို့ မရဘူး။ အာဏာသိမ်းပြီး ပြည်သူကိုသတ်ပြီး အုပ်ချုပ်ချင်သူတွေရဲ့ အုပ်ချုပ်ခွင့်မရခြင်းဟာ ငါတို့နိုင်ပြီး သူတို့ရှုံးနေတာ။

ငါတို့ ဘယ်တော့မှ အရှုံးမပေးဘူး။သူတို့ရှုံးတဲ့အထိ ငါတို့နိုင်အောင် တိုက်ကြမယ်။

(ပဒေသာပင် YouTube Channel မှာ ကြည့်ဖြစ်အောင် သွားကြည့်ကြပါ)