Local News






Mizzima – News in Burmese

စစ်ကောင်စီတပ်က ကျောက်ထု လေယာဉ်ကွင်းသို့ စစ်သည်အင်အား ၃၀၀ ခန့် လာချသွား

စစ်ကောင်စီတပ်သည် မကွေးတိုင်း၊ ဆောမြို့နယ် ကျောက်ထုလေယာဉ်ကွင်းသို့ ယနေ့ မေလ ၃၀ ရက်နေ့တွင် စစ်သည် အင်အား ၃၀၀ နီးပါး စစ်လေယာဉ်ဖြင့် လာရောက် ပို့ဆောင် သွားကြောင်း မြေပြင် သတင်းရင်းမြစ်များထံက သိရသည်။

”မနေ့က UAV Drone လာပို့တယ်။ ဒီနေ့ လေယာဉ် အကြီး ဆင်းတယ်။ အဲဒီမှာ စစ်သည်အင်အား ၃၀၀ လောက် ကျောက်ထုလေယာဉ်ကွင်းထဲ ပြန်ရောက်နေပြီ ဆိုတော့ ဒီရက်ပိုင်းအတွင်း ထိုးစစ်ရှိတာ သေချာသလောက်ပဲ ” ဟု မင်းတပ် CDF တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ကျောက်ထုလေယာဉ်ကွင်းအတွင်း စစ်တပ်က အင်အား ဖြည့်တင်း နေခြင်းကြောင့် မင်းတပ် ၊ ကန်ပက်လက်၊ ကျောက်ထု၊ ဆောမြို့နယ် အတွင်းရှိ PDF များ ၊ CDF များ အဆင်သင့် အနေအထား ရှိနေသင့်ကြောင်းလည်း ၎င်းက ဆိုသည်။

ကျောက်ထု လေယာဉ်ကွင်းအတွင်း ရောက်ရှိနေသည့် UAV Drone သည် တစ်တန်ခွဲ အလေးချိန် ရှိပြီး မီးလောင်ဗုံးများကို သယ်ယူတိုက်ခိုက် နိုင်စွမ်း ရှိသောကြောင့် တပ်ရင်းတပ်ဖွဲ့များနှင့် ပြည်သူများ ဗုံးခိုကျင်းများ အမြန်ဆုံး ဆောက်လုပ်ထားကြရန် လိုအပ်ကြောင်းလည်း ၎င်းက ပြောသည်။