“ႏိုင္ငံေပ်ာက္သူ” ဇာတ္လမ္းတိုကို အၾကမ္းဖက္စစ္ေကာင္စီဘက္က ေလာ္ဘီေတြအသုံးျပဳၿပီး ဝင္ေငြမရေစဖို႔အတြက္ ေဒါင္းလုဒ္ဆြဲ ျဖန႔္ေဝမႈေတြျပဳလုပ္ေန
ေမ ၃၀ ၊ ၂၀၂၂
“ႏိုင္ငံေပ်ာက္သူ” ဇာတ္လမ္းတိုက ျပည္သူေတြၾကားမွာ စိတ္ဝင္စားမႈျမင့္တက္ၿပီး ဝင္ၾကည့္ရႈသူဦးေရမ်ားလြန္းေနတာ ေၾကာင့္ အၾကမ္းဖက္စစ္ေကာင္စီဘက္က ေလာ္ဘီေတြအသုံးျပဳၿပီး ဝင္ေငြမရေစဖို႔ ရည္႐ြယ္ခ်က္နဲ႔ ဇာတ္ကားကို ေဒါင္း လုဒ္ဆြဲကာ ျဖန႔္ေဝမႈေတြျပဳလုပ္ေနတာကို PVTV. စစ္ေဆးေတြ႕ရွိပါတယ္။
အဲဒီလို လုပ္ေဆာင္ရာမွာ ေဖ့စ္ဘြတ္ခ္အေကာင့္တုေတြ၊ တယ္လီဂရမ္ခ်န္နယ္ေတြ၊ ဂ႐ုေတြ အသုံးျပဳၿပီး အၾကမ္းဖက္ စစ္ေကာင္စီေထာက္ခံသူေတြကို မသိနားမလည္ဘဲ ယူက်ဴ႕ကတစ္ဆင့္ဝင္ၾကည့္မိရင္ ေတာ္လွန္ေရးဝင္ေငြရရွိသြားမွာ စိုး ရိမ္လို႔ ဇာတ္ကားကို ေဒါင္းလုဒ္ဆြဲၿပီး ျဖန႔္ေဝတာျဖစ္တယ္လို႔ ေျပာထားတဲ့အခ်က္အလက္ေတြကို PVTV က ရရွိထားပါတယ္။
ဒါ႐ိုက္တာ ဏႀကီး စီစဥ္႐ိုက္ကူးၿပီး Padaythar Pin Youtube Channel မွ ထုတ္လြင့္တဲ့ ‘ႏိုင္ငံေပ်ာက္သူ’ ဇာတ္လမ္းတိုကိုအၾကမ္းဖက္ စစ္ေကာင္စီေလာ္ဘီေတြက Download ရယယူၿပီး ခိုးယူျဖန႔္ေဝကာ ၾကည့္ရႈသူ အေရ အတြက္ ေလ်ာ့ပါးေစရန္ ၾကားျဖတ္ လုပ္ေဆာင္ေနတာပါ။
ဇာတ္လမ္းတိုကို မူရင္းChannel မွ တင္ခဲ့ၿပီးခ်ိန္ နာရီပိုင္းအကြာမွာပဲ Download လုပ္ၿပီး ျပန္တင္ထားတဲ့ ဗြီဒီယို ၁၇ ခုခန႔္ ရွိခဲ့တာကို စစ္ေဆးေတြ႕ရွိရသလို ခိုးယူၿပီး ျပန္လည္ျဖန႔္ေဝခံရတဲ့ ဗြီဒီယိုဖိုင္နဲ႔ပတ္သက္တဲ့ ပိုစ့္မ်ား ျဖဳတ္ခ်ေရးအတြက္ Facebook သို႔ တိုင္ၾကားဖို႔ကိုလည္း လူမႈကြန္ယက္ အသုံးျပဳသူအခ်င္းခ်င္း သတိေပးႏႈိးေဆာ္ေန ၾကပါတယ္။
ျပည္သူေတြဘက္ကလည္း မူရင္းတင္ထားတဲ့ ယူက်ဴ႕ခ်န္နယ္မွာၾကည့္ဖို႔အတြက္ တိုက္တြန္းႏႈိးေဆာ္မႈေတြလုပ္ထားပါ တယ္။ ပေဒသာပင္ေပ့ခ်္ရဲ႕ထုတ္ျပန္ခ်က္မွာေတာ့ ၁၂ နာရီအတြင္းမွာ ၾကည့္ရႈသူတစ္သန္းေက်ာ္သြား ၿပီလို႔ တရားဝင္ထုတ္ျပန္ထားတာေတြ႕ရပါတယ္။
ႏိုင္ငံေပ်ာက္သူ ဇာတ္လမ္းတိုကို ဗြီဒီယို ဖိုင္ကို Padaythar Pin Youtube Channel မွ ထုတ္လႊင့္လ်က္ ၾကည့္ရႈႀကိမ္ အေရအတြက္ေၾကာင့္ ရရွိလာတဲ့ ဝင္ေငြေတြကို ေႏြဦးေတာ္လွန္ေရးအတြက္ အသုံးျပဳမွာ ျဖစ္ေၾကာင္း ေၾကညာထားၿပီး Facebook မွာ ျပန္မတင္ဖို႔ ေမတၱာရပ္ခံထားပါတယ္။
ႏိုင္ငံေပ်ာက္သူ ဇာတ္လမ္းတိုကို Video ဖိုင္ကို https://tinyurl.com/PDTPCH မွ တစ္ဆင့္ ဝင္ေရာက္ ၾကည့္ရႈႏိုင္ပါတယ္။
SpringRevolution
“နိုင်ငံပျောက်သူ” ဇာတ်လမ်းတိုကို အကြမ်းဖက်စစ်ကောင်စီဘက်က လော်ဘီတွေအသုံးပြုပြီး ဝင်ငွေမရစေဖို့အတွက် ဒေါင်းလုဒ်ဆွဲ ဖြန့်ဝေမှုတွေပြုလုပ်နေ
မေ ၃၀ ၊ ၂၀၂၂
“နိုင်ငံပျောက်သူ” ဇာတ်လမ်းတိုက ပြည်သူတွေကြားမှာ စိတ်ဝင်စားမှုမြင့်တက်ပြီး ဝင်ကြည့်ရှုသူဦးရေများလွန်းနေတာ ကြောင့် အကြမ်းဖက်စစ်ကောင်စီဘက်က လော်ဘီတွေအသုံးပြုပြီး ဝင်ငွေမရစေဖို့ ရည်ရွယ်ချက်နဲ့ ဇာတ်ကားကို ဒေါင်း လုဒ်ဆွဲကာ ဖြန့်ဝေမှုတွေပြုလုပ်နေတာကို PVTV. စစ်ဆေးတွေ့ရှိပါတယ်။
အဲဒီလို လုပ်ဆောင်ရာမှာ ဖေ့စ်ဘွတ်ခ်အကောင့်တုတွေ၊ တယ်လီဂရမ်ချန်နယ်တွေ၊ ဂရုတွေ အသုံးပြုပြီး အကြမ်းဖက် စစ်ကောင်စီထောက်ခံသူတွေကို မသိနားမလည်ဘဲ ယူကျူ့ကတစ်ဆင့်ဝင်ကြည့်မိရင် တော်လှန်ရေးဝင်ငွေရရှိသွားမှာ စိုး ရိမ်လို့ ဇာတ်ကားကို ဒေါင်းလုဒ်ဆွဲပြီး ဖြန့်ဝေတာဖြစ်တယ်လို့ ပြောထားတဲ့အချက်အလက်တွေကို PVTV က ရရှိထားပါတယ်။
ဒါရိုက်တာ ဏကြီး စီစဉ်ရိုက်ကူးပြီး Padaythar Pin Youtube Channel မှ ထုတ်လွင့်တဲ့ ‘နိုင်ငံပျောက်သူ’ ဇာတ်လမ်းတိုကိုအကြမ်းဖက် စစ်ကောင်စီလော်ဘီတွေက Download ရယယူပြီး ခိုးယူဖြန့်ဝေကာ ကြည့်ရှုသူ အရေ အတွက် လျော့ပါးစေရန် ကြားဖြတ် လုပ်ဆောင်နေတာပါ။
ဇာတ်လမ်းတိုကို မူရင်းChannel မှ တင်ခဲ့ပြီးချိန် နာရီပိုင်းအကွာမှာပဲ Download လုပ်ပြီး ပြန်တင်ထားတဲ့ ဗွီဒီယို ၁၇ ခုခန့် ရှိခဲ့တာကို စစ်ဆေးတွေ့ရှိရသလို ခိုးယူပြီး ပြန်လည်ဖြန့်ဝေခံရတဲ့ ဗွီဒီယိုဖိုင်နဲ့ပတ်သက်တဲ့ ပိုစ့်များ ဖြုတ်ချရေးအတွက် Facebook သို့ တိုင်ကြားဖို့ကိုလည်း လူမှုကွန်ယက် အသုံးပြုသူအချင်းချင်း သတိပေးနှိုးဆော်နေ ကြပါတယ်။
ပြည်သူတွေဘက်ကလည်း မူရင်းတင်ထားတဲ့ ယူကျူ့ချန်နယ်မှာကြည့်ဖို့အတွက် တိုက်တွန်းနှိုးဆော်မှုတွေလုပ်ထားပါ တယ်။ ပဒေသာပင်ပေ့ချ်ရဲ့ထုတ်ပြန်ချက်မှာတော့ ၁၂ နာရီအတွင်းမှာ ကြည့်ရှုသူတစ်သန်းကျော်သွား ပြီလို့ တရားဝင်ထုတ်ပြန်ထားတာတွေ့ရပါတယ်။
နိုင်ငံပျောက်သူ ဇာတ်လမ်းတိုကို ဗွီဒီယို ဖိုင်ကို Padaythar Pin Youtube Channel မှ ထုတ်လွှင့်လျက် ကြည့်ရှုကြိမ် အရေအတွက်ကြောင့် ရရှိလာတဲ့ ဝင်ငွေတွေကို နွေဦးတော်လှန်ရေးအတွက် အသုံးပြုမှာ ဖြစ်ကြောင်း ကြေညာထားပြီး Facebook မှာ ပြန်မတင်ဖို့ မေတ္တာရပ်ခံထားပါတယ်။
နိုင်ငံပျောက်သူ ဇာတ်လမ်းတိုကို Video ဖိုင်ကို https://tinyurl.com/PDTPCH မှ တစ်ဆင့် ဝင်ရောက် ကြည့်ရှုနိုင်ပါတယ်။
SpringRevolution