ဦးၿဖိဳးမင္းသိန္း နဲ႔ မအလ ရဲ႕ ေနာက္ကြယ္ကဇာတ္ရႈပ္ လုပ္ရပ္ျဖင့္ ေပၚၿပီ …..
အမ်ိဳးသားဒီမိုကေရအဖြဲ႕ခ်ဳပ္ (NLD) အစိုးရလက္ထက္ ရန္ကုန္တိုင္းအစိုးရ၊ ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္ႏွင့္ ဖက္စပ္လုပ္ငန္း မ်ားတြင္ နစ္နာမႈမ်ား ရွိခဲ့သည္ဟုစြပ္စြဲကာ အာဏာသိမ္း စစ္ေကာင္စီက အဂတိမႈျဖင့္ ဖြင့္လွစ္အေရးယူရာတြင္ ဝန္ႀကီးခ်ဳပ္ ျဖစ္သူ ဦးၿဖိဳးမင္းသိန္းအား ခ်န္လွပ္ၿပီး ရန္ကုန္တိုင္းအစိုးရအဖြဲ႕ဝင္အခ်ိဳ႕အား ေက်ာက္တံတားၿမိဳ႕နယ္တြင္ ယမန္ေန႔က အမႈဖြင့္ခဲ့သည္။
ဦးၿဖိဳးမင္းသိန္းလက္ထက္ အေကာင္အထည္ေဖာ္သည့္ Yangon Petro (YP) စက္သုံးဆီဆိုင္မ်ားဖြင့္ရန္ ဒဂုံၿမိဳ႕သစ္တြင္ ႏွစ္ ၆၀ ဂရန္ျဖင့္ ေျမေနရာငွားရမ္းရာ၌ အခြန္ဦးစီးဌာန သတ္မွတ္ေဈးထက္ေလ်ာ့ကာ ေပးသြင္းေစခဲ့သျဖင့္ ႏိုင္ငံေတာ္က နစ္ နာမႈမ်ား ရွိသည္ဟုဆိုကာ စစ္ေကာင္စီက အဂတိျဖင့္ အမႈဖြင့္ျခင္း ျဖစ္သည္။
စစ္ေကာင္စီ လက္ေအာက္ခံ အဂတိလိုက္စားမႈတိုက္ဖ်က္ေရးေကာ္မရွင္ အေနျဖင့္မူ သတင္းထုတ္ျပန္ရာတြင္ တိုင္းအစိုးရ ႏွင့္ ဖက္စပ္လုပ္ကိုင္ခဲ့သည့္ စက္သုံးဆီဆိုင္လုပ္ငန္းအမည္အား ေဖာ္ျပျခင္း မျပဳခဲ့ေပ။
ေကာ္မရွင္၏ ထုတ္ျပန္ခ်က္အရ ရန္ကုန္တိုင္းအစိုးရအဖြဲ႕ စိုက္ပ်ိဳးေရး၊ ေမြးျမဴေရး၊ သစ္ေတာႏွင့္ စြမ္းအင္ဝန္ႀကီး ဦးဟံထြန္း ႏွင့္ ရန္ကုန္ၿမိဳ႕ေတာ္ဝန္ ဦးေမာင္ေမာင္စိုးတို႔အား အဂတိလိုက္စားမႈတိုက္ဖ်က္ေရးဥပေဒ ပုဒ္မ ၅၅ အရလည္းေကာင္း၊ ဒုၿမိဳ႕ ေတာ္ဝန္ေဟာင္း ဦးစိုးလြင္၊ အတြင္းေရးမႉးေဟာင္း ေဒၚလႈိင္ေမာ္ဦး၊
တြဲဖက္အတြင္းေရးမႉးေဟာင္း ဦးသန္းႏွင့္ ကုမၸဏီ ဒါ႐ိုက္တာအဖြဲ႕ဝင္ ဦးဇင္မင္းေအာင္တို႔အား အဂတိလိုက္စားမႈတိုက္ဖ်က္ေရးဥပေဒ ပုဒ္မ ၅၅/၆၃ အရလည္းေကာင္း အသီး သီး အမႈဖြင့္လိုက္ေၾကာင္း သိရသည္။
ယခု အမႈဖြင့္အေရးယူမႈတြင္ ပါဝင္ေနသည့္ ကုမၸဏီဒါ႐ိုက္တာ ဦးဇင္မင္းေအာင္ဆိုသူမွာ YP စက္သုံးဆီဆိုင္လုပ္ငန္းတြင္ အစုရွယ္ယာအမ်ားဆုံး ထည့္ဝင္ထားသူတဦးလည္း ျဖစ္သည္။
ေကာ္မရွင္၏ ထုတ္ျပန္ခ်က္တြင္ တိုင္းအစိုးရႏွင့္ အက်ိဳးတူ စက္သုံးဆီဆိုင္ဖြင့္ရန္ ခ်ေပးခဲ့သည့္ ဒဂုံၿမိဳ႕သစ္မွ ဖက္စပ္ ကုမၸဏီပိုင္ေျမ ၆၃ ဧကေက်ာ္အား ကုမၸဏီဒါ႐ိုက္တာ အဖြဲ႕ဝင္အမည္ျဖင့္ ဂရန္ေျပာင္းလဲရန္ ခြင့္ျပဳေပးခဲ့ၿပီး အမည္ေပါက္ ဂရန္ရသူမွ အျခားပုဂၢလိက ကုမၸဏီတခုအား က်ပ္သန္း ၆,၅၇၀ ျဖင့္ ျပန္လည္ ေရာင္းခ်ခဲ့သည့္အတြက္ ေျမမ်ားဆုံးရႈံးခဲ့ ေၾကာင္း စစ္ေကာင္စီက စြပ္စြဲထားသည္။
ထို႔ျပင္ စည္ပင္ေကာ္မတီႏွင့္ ကုမၸဏီတခုတို႔ အက်ိဴးတူေဆာင္႐ြက္သည့္ ေက်ာက္မီးေသြး ထုတ္လုပ္မႈလုပ္ငန္းႏွင့္ ပတ္ သက္ၿပီး ၂၀၁၈-၂၀၁၉၊ ၂၀၁၉-၂၀၂၀ ႏွစ္မ်ားအတြင္း ဓာတ္သတၱဳထုတ္လုပ္ေရး လိုက္နာေဆာင္႐ြက္ရမည့္ အခ်က္မ်ား ပ်က္ကြက္ျခင္း၊ ေက်ာက္မီးေသြး ၁ တန္ တြင္းဝေဈးႏႈန္းအား မူလသတ္မွတ္ေဈး က်ပ္ ၇၇,၀၀၀ ေက်ာ္မွ က်ပ္ ၄၂,၀၀၀ သို႔ ေလွ်ာ့ခ်ခြင့္ျပဳခဲ့ျခင္း၊ လ်ာထားထုတ္လုပ္မႈ ေလွ်ာ့၍ထုတ္လုပ္ရန္ ခြင့္ျပဳေပးျခင္းတို႔ေၾကာင့္ ႏိုင္ငံေတာ္က ရရွိမည့္ က်ပ္သန္း ၅၅၀ ေက်ာ္ နစ္နာခဲ့ေၾကာင္းလည္း စစ္ေကာင္စီက စြပ္စြဲေဖာ္ျပထားသည္။
စည္ပင္ေကာ္မတီ၊ ပန္းဥယ်ာဥ္ႏွင့္ အားကစားမ်ားဌာန အေနျဖင့္ ပန္းဥယ်ာဥ္မ်ားရွိ လုပ္ငန္း ၂၁ ခုအား ကုမၸဏီမ်ားသို႔ ငွားရမ္းစာခ်ဳပ္ရာတြင္ ေဈးႏႈန္းေလ်ာ့ခ် ငွားရမ္းခဲ့ျခင္းအေပၚ ေခတ္ကာလႏွင့္ ေလ်ာ္ညီသည့္ ငွားရမ္းခႏႈန္းထားအတိုင္း သတ္မွတ္ေကာက္ခံရန္ စာရင္းစစ္ခ်ဳပ္႐ုံးက အႀကံျပဳခဲ့ေသာ္လည္း လိုက္နာေဆာင္႐ြက္မႈ မရွိျခင္းေၾကာင့္ ၁ ႏွစ္ငွားရမ္းခ က်ပ္သန္း ၂၁၀၀၀ ေက်ာ္ နစ္နာခဲ့ေၾကာင္းလည္း စစ္ေကာင္စီက ဆိုထားသည္။
ထို႔ျပင္ ၿမိဳ႕ေတာ္အသံလႊင့္လုပ္ငန္း City FM ၏ ဝန္လမ္းလစာမ်ားတြင္ စာခ်ဳပ္အရ အက်ိဳးတူကုမၸဏီႏွင့္ ႏွစ္ဦးႏွစ္ဖက္ ညႇိႏႈိင္းက်ခံရမည္ ျဖစ္ေသာ္လည္း ႏိုင္ငံေတာ္ဘ႑ာေငြမွ က်ခံသုံးစြဲခဲ့၍ စာရင္းစစ္ခ်ဳပ္႐ုံးမွ ျပဳျပင္ႏိုင္ေရး အႀကံျပဳ ကန္႔ ကြက္ခဲ့ျခင္းအေပၚ ျပင္ဆင္ေဆာင္႐ြက္မႈ မရွိသျဖင့္ ၂၀၁၈ ဇူလိုင္မွ ၂၀၂၁ ဇန္နဝါရီအထိ ဝန္ထမ္းမ်ား၏ လစာစရိတ္ အတြက္ ႏိုင္ငံေတာ္မွ က်ပ္သန္း ၇၀ ေက်ာ္ နစ္နာဆုံးရႈံးခဲ့သည္ဟုလည္း ေဖာ္ျပထားသည္။
အာဏာသိမ္း စစ္ေကာင္စီ အေနျဖင့္ NLD အစိုးရလက္ထက္ ဝန္ႀကီးခ်ဳပ္အားလုံးနီးပါးကို ေဒသအတြင္း အက်ိဳးတူဖက္စပ္ လုပ္ငန္းမ်ား၊ တင္ဒါမ်ားႏွင့္ ပတ္သက္ၿပီး အမ်ိဳးမ်ိဳးစြပ္စြဲကာ အဂတိမႈမ်ားျဖင့္ တရားစြဲဆိုေနေသာ္လည္း ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္အား အဂတိမႈျဖင့္ တရားစြဲဆိုရာတြင္ စစ္ေကာင္စီ၏ တရားလိုသက္ေသအျဖစ္ ရပ္တည္ခဲ့သည့္ ဦးၿဖိဳး မင္းသိန္းမွာ ယေန႔အခ်ိန္ထိ တရားစြဲခံရျခင္း မရွိေသးေပ။
ဦးၿဖိဳးမင္းသိန္း အေနျဖင့္ ေဒၚေအာင္ဆန္းစုၾကည္အား ေ႐ႊ ၇ ပိႆာႏွင့္ ေဒၚလာ ၆ သိန္း လာဘ္ေပးခဲ့သည္ဟု ေျပာခဲ့ၿပီး ယင္းအခ်က္အား အေျခခံကာ စစ္ေကာင္စီက ေဒၚေအာင္ဆန္းစုၾကည္အား အဂတိမႈျဖင့္ တရားစြဲဆိုခဲ့ကာ ဧၿပီ ၂၇ ရက္ တြင္ ေထာင္ဒဏ္ ၅ ႏွစ္ ခ်မွတ္ခဲ့သည္။
ယခုကဲ့သို႔ ရန္ကုန္တိုင္းဝန္ႀကီးခ်ဳပ္အျဖစ္ ဦးၿဖိဳးမင္းသိန္း တာဝန္ယူစဥ္က ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္ႏွင့္ ဖက္စပ္လုပ္ငန္းမ်ား တြင္ နစ္နာမႈမ်ား ရွိခဲ့သည္ဟုစြပ္စြဲကာ ရန္ကုန္တိုင္းအစိုးရအဖြဲ႕ဝင္အခ်ိဳ႕အား အဂတိျဖင့္ အမႈဖြင့္ရာတြင္လည္း ဦးၿဖိဳးမင္းသိန္းကို စစ္ေကာင္စီက ခ်န္လွပ္ထားခဲ့ေၾကာင္း ေတြ႕ရွိရသည္။
Credit
ဦးဖြိုးမင်းသိန်း နဲ့ မအလ ရဲ့ နောက်ကွယ်ကဇာတ်ရှုပ် လုပ်ရပ်ဖြင့် ပေါ်ပြီ …..
အမျိုးသားဒီမိုကရေအဖွဲ့ချုပ် (NLD) အစိုးရလက်ထက် ရန်ကုန်တိုင်းအစိုးရ၊ ရန်ကုန်မြို့တော်စည်ပင်နှင့် ဖက်စပ်လုပ်ငန်း များတွင် နစ်နာမှုများ ရှိခဲ့သည်ဟုစွပ်စွဲကာ အာဏာသိမ်း စစ်ကောင်စီက အဂတိမှုဖြင့် ဖွင့်လှစ်အရေးယူရာတွင် ဝန်ကြီးချုပ် ဖြစ်သူ ဦးဖြိုးမင်းသိန်းအား ချန်လှပ်ပြီး ရန်ကုန်တိုင်းအစိုးရအဖွဲ့ဝင်အချို့အား ကျောက်တံတားမြို့နယ်တွင် ယမန်နေ့က အမှုဖွင့်ခဲ့သည်။
ဦးဖြိုးမင်းသိန်းလက်ထက် အကောင်အထည်ဖော်သည့် Yangon Petro (YP) စက်သုံးဆီဆိုင်များဖွင့်ရန် ဒဂုံမြို့သစ်တွင် နှစ် ၆၀ ဂရန်ဖြင့် မြေနေရာငှားရမ်းရာ၌ အခွန်ဦးစီးဌာန သတ်မှတ်ဈေးထက်လျော့ကာ ပေးသွင်းစေခဲ့သဖြင့် နိုင်ငံတော်က နစ် နာမှုများ ရှိသည်ဟုဆိုကာ စစ်ကောင်စီက အဂတိဖြင့် အမှုဖွင့်ခြင်း ဖြစ်သည်။
စစ်ကောင်စီ လက်အောက်ခံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် အနေဖြင့်မူ သတင်းထုတ်ပြန်ရာတွင် တိုင်းအစိုးရ နှင့် ဖက်စပ်လုပ်ကိုင်ခဲ့သည့် စက်သုံးဆီဆိုင်လုပ်ငန်းအမည်အား ဖော်ပြခြင်း မပြုခဲ့ပေ။
ကော်မရှင်၏ ထုတ်ပြန်ချက်အရ ရန်ကုန်တိုင်းအစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် စွမ်းအင်ဝန်ကြီး ဦးဟံထွန်း နှင့် ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးတို့အား အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ အရလည်းကောင်း၊ ဒုမြို့ တော်ဝန်ဟောင်း ဦးစိုးလွင်၊ အတွင်းရေးမှူးဟောင်း ဒေါ်လှိုင်မော်ဦး၊
တွဲဖက်အတွင်းရေးမှူးဟောင်း ဦးသန်းနှင့် ကုမ္ပဏီ ဒါရိုက်တာအဖွဲ့ဝင် ဦးဇင်မင်းအောင်တို့အား အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅/၆၃ အရလည်းကောင်း အသီး သီး အမှုဖွင့်လိုက်ကြောင်း သိရသည်။
ယခု အမှုဖွင့်အရေးယူမှုတွင် ပါဝင်နေသည့် ကုမ္ပဏီဒါရိုက်တာ ဦးဇင်မင်းအောင်ဆိုသူမှာ YP စက်သုံးဆီဆိုင်လုပ်ငန်းတွင် အစုရှယ်ယာအများဆုံး ထည့်ဝင်ထားသူတဦးလည်း ဖြစ်သည်။
ကော်မရှင်၏ ထုတ်ပြန်ချက်တွင် တိုင်းအစိုးရနှင့် အကျိုးတူ စက်သုံးဆီဆိုင်ဖွင့်ရန် ချပေးခဲ့သည့် ဒဂုံမြို့သစ်မှ ဖက်စပ် ကုမ္ပဏီပိုင်မြေ ၆၃ ဧကကျော်အား ကုမ္ပဏီဒါရိုက်တာ အဖွဲ့ဝင်အမည်ဖြင့် ဂရန်ပြောင်းလဲရန် ခွင့်ပြုပေးခဲ့ပြီး အမည်ပေါက် ဂရန်ရသူမှ အခြားပုဂ္ဂလိက ကုမ္ပဏီတခုအား ကျပ်သန်း ၆,၅၇၀ ဖြင့် ပြန်လည် ရောင်းချခဲ့သည့်အတွက် မြေများဆုံးရှုံးခဲ့ ကြောင်း စစ်ကောင်စီက စွပ်စွဲထားသည်။
ထို့ပြင် စည်ပင်ကော်မတီနှင့် ကုမ္ပဏီတခုတို့ အကျိူးတူဆောင်ရွက်သည့် ကျောက်မီးသွေး ထုတ်လုပ်မှုလုပ်ငန်းနှင့် ပတ် သက်ပြီး ၂၀၁၈-၂၀၁၉၊ ၂၀၁၉-၂၀၂၀ နှစ်များအတွင်း ဓာတ်သတ္တုထုတ်လုပ်ရေး လိုက်နာဆောင်ရွက်ရမည့် အချက်များ ပျက်ကွက်ခြင်း၊ ကျောက်မီးသွေး ၁ တန် တွင်းဝဈေးနှုန်းအား မူလသတ်မှတ်ဈေး ကျပ် ၇၇,၀၀၀ ကျော်မှ ကျပ် ၄၂,၀၀၀ သို့ လျှော့ချခွင့်ပြုခဲ့ခြင်း၊ လျာထားထုတ်လုပ်မှု လျှော့၍ထုတ်လုပ်ရန် ခွင့်ပြုပေးခြင်းတို့ကြောင့် နိုင်ငံတော်က ရရှိမည့် ကျပ်သန်း ၅၅၀ ကျော် နစ်နာခဲ့ကြောင်းလည်း စစ်ကောင်စီက စွပ်စွဲဖော်ပြထားသည်။
စည်ပင်ကော်မတီ၊ ပန်းဥယျာဉ်နှင့် အားကစားများဌာန အနေဖြင့် ပန်းဥယျာဉ်များရှိ လုပ်ငန်း ၂၁ ခုအား ကုမ္ပဏီများသို့ ငှားရမ်းစာချုပ်ရာတွင် ဈေးနှုန်းလျော့ချ ငှားရမ်းခဲ့ခြင်းအပေါ် ခေတ်ကာလနှင့် လျော်ညီသည့် ငှားရမ်းခနှုန်းထားအတိုင်း သတ်မှတ်ကောက်ခံရန် စာရင်းစစ်ချုပ်ရုံးက အကြံပြုခဲ့သော်လည်း လိုက်နာဆောင်ရွက်မှု မရှိခြင်းကြောင့် ၁ နှစ်ငှားရမ်းခ ကျပ်သန်း ၂၁၀၀၀ ကျော် နစ်နာခဲ့ကြောင်းလည်း စစ်ကောင်စီက ဆိုထားသည်။
ထို့ပြင် မြို့တော်အသံလွှင့်လုပ်ငန်း City FM ၏ ဝန်လမ်းလစာများတွင် စာချုပ်အရ အကျိုးတူကုမ္ပဏီနှင့် နှစ်ဦးနှစ်ဖက် ညှိနှိုင်းကျခံရမည် ဖြစ်သော်လည်း နိုင်ငံတော်ဘဏ္ဍာငွေမှ ကျခံသုံးစွဲခဲ့၍ စာရင်းစစ်ချုပ်ရုံးမှ ပြုပြင်နိုင်ရေး အကြံပြု ကန့် ကွက်ခဲ့ခြင်းအပေါ် ပြင်ဆင်ဆောင်ရွက်မှု မရှိသဖြင့် ၂၀၁၈ ဇူလိုင်မှ ၂၀၂၁ ဇန်နဝါရီအထိ ဝန်ထမ်းများ၏ လစာစရိတ် အတွက် နိုင်ငံတော်မှ ကျပ်သန်း ၇၀ ကျော် နစ်နာဆုံးရှုံးခဲ့သည်ဟုလည်း ဖော်ပြထားသည်။
အာဏာသိမ်း စစ်ကောင်စီ အနေဖြင့် NLD အစိုးရလက်ထက် ဝန်ကြီးချုပ်အားလုံးနီးပါးကို ဒေသအတွင်း အကျိုးတူဖက်စပ် လုပ်ငန်းများ၊ တင်ဒါများနှင့် ပတ်သက်ပြီး အမျိုးမျိုးစွပ်စွဲကာ အဂတိမှုများဖြင့် တရားစွဲဆိုနေသော်လည်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အား အဂတိမှုဖြင့် တရားစွဲဆိုရာတွင် စစ်ကောင်စီ၏ တရားလိုသက်သေအဖြစ် ရပ်တည်ခဲ့သည့် ဦးဖြိုး မင်းသိန်းမှာ ယနေ့အချိန်ထိ တရားစွဲခံရခြင်း မရှိသေးပေ။
ဦးဖြိုးမင်းသိန်း အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်အား ရွှေ ၇ ပိဿာနှင့် ဒေါ်လာ ၆ သိန်း လာဘ်ပေးခဲ့သည်ဟု ပြောခဲ့ပြီး ယင်းအချက်အား အခြေခံကာ စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်အား အဂတိမှုဖြင့် တရားစွဲဆိုခဲ့ကာ ဧပြီ ၂၇ ရက် တွင် ထောင်ဒဏ် ၅ နှစ် ချမှတ်ခဲ့သည်။
ယခုကဲ့သို့ ရန်ကုန်တိုင်းဝန်ကြီးချုပ်အဖြစ် ဦးဖြိုးမင်းသိန်း တာဝန်ယူစဉ်က ရန်ကုန်မြို့တော်စည်ပင်နှင့် ဖက်စပ်လုပ်ငန်းများ တွင် နစ်နာမှုများ ရှိခဲ့သည်ဟုစွပ်စွဲကာ ရန်ကုန်တိုင်းအစိုးရအဖွဲ့ဝင်အချို့အား အဂတိဖြင့် အမှုဖွင့်ရာတွင်လည်း ဦးဖြိုးမင်းသိန်းကို စစ်ကောင်စီက ချန်လှပ်ထားခဲ့ကြောင်း တွေ့ရှိရသည်။
Credit