Local News

ရဲစခန္း​ပတ္လည္တြင္ ဝါးခြၽန္မ်ားျဖင့္ လုံၿခဳံေရးၿခံစည္း႐ိုးမ်ားျပဳလုပ္ေနၾကၿပီ

ရဲစခန္း​ပတ္လည္တြင္ ဝါးခြၽန္မ်ားျဖင့္ လုံၿခဳံေရးၿခံစည္း႐ိုးမ်ားျပဳလုပ္ေန

ကိုကိုေမာင္/ဧရာဝတီတိုင္းမ္

မအူပင္၊ ေမလ ၃၁ ရက္

ဧရာဝတီတိုင္း၊ မအူပင္ၿမိဳ႕မရဲစခန္းပတ္လည္တြင္ ဝါးခြၽန္မ်ားျဖင့္ လုံၿခဳံေရးၿခံစည္း႐ိုးမ်ားျပဳလုပ္ေနေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။

” တခါမွ မျမင္ဖူးဘူး။ ဝါးေတြကိုခြၽန္ၿပီး စခန္းပတ္ခ်ာလည္မွာ ၿခံစည္း႐ိုးေတြ လုပ္ေနၾကတာ။ ထူးထူးဆန္းဆန္းေတြ ျမင္ေတြ႕ေနရေတာ့ အကုန္လုံးေၾကာက္လန္႔ေနၾကတယ္ ” ဟု မအူပင္ၿမိဳ႕ခံတစ္ဦးက ဧရာဝတီတိုင္းမ္ကို ေျပာသည္။

မအူပင္ၿမိဳ႕မရဲစခန္းတြင္ ျပဳလုပ္ေနသည့္ ၿခံစည္း႐ိုးမွာ ေရွ႕တန္းစစ္ေျမျပင္မ်ားရွိ မဆုတ္တမ္းခံစစ္မ်ားတြင္သာ ျပဳလုပ္ေလ့ရွိေသာ ၿခံစည္း႐ိုးမ်ားျဖစ္သည္ဟု မအူပင္ၿမိဳ႕ခံစစ္မႈထမ္းေဟာင္းတစ္ဦးက သုံးသပ္သည္။

” ၿမိဳ႕မစခန္းမွာလုပ္ေနတဲ့ ၿခံစည္း႐ိုးက ေရွ႕တန္းတပ္စခန္းေတြကို မဆုတ္တမ္းခံစစ္ဆိုၿပီးလုပ္ရင္ ျပဳလုပ္ေနၾကပုံစံပါ။ PDF ေတြကို ေၾကာက္လို႔လုပ္တာျဖစ္ပါလိမ့္မယ္။ ဟိုရက္ကလည္း ဒလန္တစ္ေယာက္အသတ္ခံလိုက္ရတယ္ဆိုေတာ့ ေသြးပ်က္ေနၾကပုံပဲ။

အဲ့ၿခံစည္း႐ိုးက လူမေျပာနဲ႔ ေခြးေတာင္တိုးလို႔ရဘူး” ဟု မအူပင္ၿမိဳ႕ခံ စစ္မႈထမ္းေဟာင္းတစ္ဦးက ဧရာဝတီတိုင္းမ္ကို ေျပာသည္။

မအူပင္ၿမိဳ႕တြင္းတြင္လည္း စစ္ေကာင္စီတပ္မ်ားႏွင့္ သတင္းေပး(ဒလန္)မ်ားက လွည့္ကင္းမ်ားပတ္ေနကာ ၿမိဳ႕အဝင္၊ၿမိဳ႕အထြက္မ်ားတြင္လည္း ရွာေဖြမႈမ်ားျပဳလုပ္ေနၿပီး မအူပင္တံတားအဆင္း GTI ထိပ္တြင္လည္း လမ္းတစ္ျခမ္းပိတ္ကာ တားဆီးစစ္ေဆးေနေၾကာင္း ေဒသခံမ်ား၏ ေျပာဆိုခ်က္မ်ားအရ သိရသည္။

#Ayeyarwaddy_Times

ရဲစခန်းပတ်လည်တွင် ဝါးချွန်များဖြင့် လုံခြုံရေးခြံစည်းရိုးများပြုလုပ်နေ

ကိုကိုမောင်/ဧရာဝတီတိုင်းမ်

မအူပင်၊ မေလ ၃၁ ရက်

ဧရာဝတီတိုင်း၊ မအူပင်မြို့မရဲစခန်းပတ်လည်တွင် ဝါးချွန်များဖြင့် လုံခြုံရေးခြံစည်းရိုးများပြုလုပ်နေကြောင်း ဒေသခံများထံမှ သိရသည်။

” တခါမှ မမြင်ဖူးဘူး။ ဝါးတွေကိုချွန်ပြီး စခန်းပတ်ချာလည်မှာ ခြံစည်းရိုးတွေ လုပ်နေကြတာ။ ထူးထူးဆန်းဆန်းတွေ မြင်တွေ့နေရတော့ အကုန်လုံးကြောက်လန့်နေကြတယ် ” ဟု မအူပင်မြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

မအူပင်မြို့မရဲစခန်းတွင် ပြုလုပ်နေသည့် ခြံစည်းရိုးမှာ ရှေ့တန်းစစ်မြေပြင်များရှိ မဆုတ်တမ်းခံစစ်များတွင်သာ ပြုလုပ်လေ့ရှိသော ခြံစည်းရိုးများဖြစ်သည်ဟု မအူပင်မြို့ခံစစ်မှုထမ်းဟောင်းတစ်ဦးက သုံးသပ်သည်။

” မြို့မစခန်းမှာလုပ်နေတဲ့ ခြံစည်းရိုးက ရှေ့တန်းတပ်စခန်းတွေကို မဆုတ်တမ်းခံစစ်ဆိုပြီးလုပ်ရင် ပြုလုပ်နေကြပုံစံပါ။ PDF တွေကို ကြောက်လို့လုပ်တာဖြစ်ပါလိမ့်မယ်။ ဟိုရက်ကလည်း ဒလန်တစ်ယောက်အသတ်ခံလိုက်ရတယ်ဆိုတော့ သွေးပျက်နေကြပုံပဲ။

အဲ့ခြံစည်းရိုးက လူမပြောနဲ့ ခွေးတောင်တိုးလို့ရဘူး” ဟု မအူပင်မြို့ခံ စစ်မှုထမ်းဟောင်းတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

မအူပင်မြို့တွင်းတွင်လည်း စစ်ကောင်စီတပ်များနှင့် သတင်းပေး(ဒလန်)များက လှည့်ကင်းများပတ်နေကာ မြို့အဝင်၊မြို့အထွက်များတွင်လည်း ရှာဖွေမှုများပြုလုပ်နေပြီး မအူပင်တံတားအဆင်း GTI ထိပ်တွင်လည်း လမ်းတစ်ခြမ်းပိတ်ကာ တားဆီးစစ်ဆေးနေကြောင်း ဒေသခံများ၏ ပြောဆိုချက်များအရ သိရသည်။