Local News

ရခိုင္တြင္ AAႏွင့္ စစ္ေကာင္စီတို႔အၾကား စစ္ေရးတင္းမာေနခ်ိန္ ေရငုတ္သေဘၤာ သြားလာလႈပ္ရွားေန

ရခိုင္တြင္ AAႏွင့္ စစ္ေကာင္စီတို႔အၾကား စစ္ေရးတင္းမာေနခ်ိန္ ေရငုတ္သေဘၤာ သြားလာလႈပ္ရွားေန

‌ရခိုင္၊ ေမ ၃၁၊ ၂၀၂၂။

ယခုလက္ရွိ ရခိုင္ျပည္နယ္အတြင္း ရကၡိဳင့္တပ္ေတာ္ (AA) ႏွင့္ စစ္ေကာင္စီတို႔အၾကား စစ္ေရးတင္းမာ ‌လာေနသည့္အခ်ိန္တြင္ စစ္ေကာင္စီ ေရငုတ္သေဘၤာတစ္စီး ေက်ာက္ျဖဴၿမိဳ႕နယ္၊ သံဇစ္ျမစ္အတြင္း သြားလာလႈပ္ရွားေနသည္ဟု ေဒသခံမ်ားက ေျပာသည္။

ယေန႔ ေမလ ၃၁ ရက္၊ နံနက္ ၉ နာရီေက်ာ္အခ်ိန္ခန႔္တြင္ စစ္ေကာင္စီေရငုတ္သေဘၤာမွာ သံဇစ္ျမစ္အတြင္း မိနစ္ ၃၀ ခန႔္ လွည့္ပတ္သြားလာခဲ့ကာ ဓညဝတီ ေရတပ္စခန္းဌာနခ်ဳပ္ဖက္သို႔ ဝင္သြားသည္ဟု ေဒသခံတဦးကေျပာသည္။

“ေနဗီ တစီးလည္းပါတယ္။ ဘာျဖစ္လို႔သြားတာလည္းေတာ့ မသိဘူး။ ဒါေပမဲ့ ဒီလိုအခ်ိန္မွာ သြားလာေနေတာ့ တိုက္ပြဲျဖစ္လာမွာကို ေၾကာက္တာေပါ့။ ကြၽန္ေတာ္တို႔ကေတာ့ ေအးေအးခ်မ္းခ်မ္းပဲေနခ်င္ပါတယ္။”ဟု အဆိုပါသေဘၤာကို ကိုယ္တိုင္ေတြ႕ျမင္ခဲ့သည့္ ေဒသခံတဦးက ေျပာသည္။

ဓညဝတီ ေရတပ္စခန္းဌာနခ်ဳပ္မွာ သံဇစ္ျမစ္အတြင္းရွိၿပီး၊ ေက်ာက္ျဖဴၿမိဳ႕ႏွင့္ ၆ မိုင္ခန႔္ေဝးသည္။ ယင္းအျပင္ သံဇစ္ျမစ္၏ ဘယ္ဖက္အျခမ္းတြင္ စစ္ေကာင္စီက လွ်ိဳ႕ဝွက္တည္ ေဆာက္ထားသည့္ ေရငုတ္တပ္စခန္းတခုလည္း ရွိသည္။

ေနာက္ထပ္ၿမိဳ႕ခံတစ္ဦးက “ဒီေရငုတ္သေဘၤာက ေရာက္ေနတာေတာ့ ၾကာၿပီ။ ဒါေပမဲ့ ဒီလိုသြားလာေနတာကိုေတာ့ ဒီေန႔မွျမင္ရတာ။ ျပည္သူေတြကို ေၾကာက္လန႔္ေအာင္ လုပ္ေနတာလား။ ဘာျဖစ္လို႔လည္းေတာ့ မခန႔္မွန္း‌တတ္ေတာ့ဘူး၊”ဟု ဆိုသည္။

လက္ရွိရခိုင္ျပည္နယ္တြင္ စစ္ေကာင္စီတပ္မ်ားက စစ္အင္အားတိုးခ်ဲ႕ေနမႈ၊ ျမစ္ေၾကာမ်ားတြင္ စစ္ေနဗီမ်ားျဖင့္ သြားလာေနမႈမ်ားကို ပိုမိုလုပ္ေဆာင္လွ်က္ရွိသည့္အတြက္ အခ်ိန္မေ႐ြးတိုက္ပြဲ ျဖစ္လာႏိုင္ေၾကာင္း ရကၡိဳင့္တပ္ေတာ္ (AA)က ထုတ္ျပန္ထားသည္။

ယင္းအျပင္ ေဒသခံမ်ားအေနျဖင့္လည္း စစ္ေကာင္စီစခန္းရွိရာ ပတ္ဝန္းက်င္ ေနရာအနီးသို႔ သြားလာမႈကို ေရွာင္ၾကဥ္ၾကရန္လည္း AAက တိုက္တြန္း ထားသည္။

#ေျမလတ္အသံ

ရခိုင်တွင် AAနှင့် စစ်ကောင်စီတို့အကြား စစ်ရေးတင်းမာနေချိန် ရေငုတ်သင်္ဘော သွားလာလှုပ်ရှားနေ

‌ရခိုင်၊ မေ ၃၁၊ ၂၀၂၂။

ယခုလက်ရှိ ရခိုင်ပြည်နယ်အတွင်း ရက္ခိုင့်တပ်တော် (AA) နှင့် စစ်ကောင်စီတို့အကြား စစ်ရေးတင်းမာ ‌လာနေသည့်အချိန်တွင် စစ်ကောင်စီ ရေငုတ်သင်္ဘောတစ်စီး ကျောက်ဖြူမြို့နယ်၊ သံဇစ်မြစ်အတွင်း သွားလာလှုပ်ရှားနေသည်ဟု ဒေသခံများက ပြောသည်။

ယနေ့ မေလ ၃၁ ရက်၊ နံနက် ၉ နာရီကျော်အချိန်ခန့်တွင် စစ်ကောင်စီရေငုတ်သင်္ဘောမှာ သံဇစ်မြစ်အတွင်း မိနစ် ၃၀ ခန့် လှည့်ပတ်သွားလာခဲ့ကာ ဓညဝတီ ရေတပ်စခန်းဌာနချုပ်ဖက်သို့ ဝင်သွားသည်ဟု ဒေသခံတဦးကပြောသည်။

“နေဗီ တစီးလည်းပါတယ်။ ဘာဖြစ်လို့သွားတာလည်းတော့ မသိဘူး။ ဒါပေမဲ့ ဒီလိုအချိန်မှာ သွားလာနေတော့ တိုက်ပွဲဖြစ်လာမှာကို ကြောက်တာပေါ့။ ကျွန်တော်တို့ကတော့ အေးအေးချမ်းချမ်းပဲနေချင်ပါတယ်။”ဟု အဆိုပါသင်္ဘောကို ကိုယ်တိုင်တွေ့မြင်ခဲ့သည့် ဒေသခံတဦးက ပြောသည်။

ဓညဝတီ ရေတပ်စခန်းဌာနချုပ်မှာ သံဇစ်မြစ်အတွင်းရှိပြီး၊ ကျောက်ဖြူမြို့နှင့် ၆ မိုင်ခန့်ဝေးသည်။ ယင်းအပြင် သံဇစ်မြစ်၏ ဘယ်ဖက်အခြမ်းတွင် စစ်ကောင်စီက လျှို့ဝှက်တည် ဆောက်ထားသည့် ရေငုတ်တပ်စခန်းတခုလည်း ရှိသည်။

နောက်ထပ်မြို့ခံတစ်ဦးက “ဒီရေငုတ်သင်္ဘောက ရောက်နေတာတော့ ကြာပြီ။ ဒါပေမဲ့ ဒီလိုသွားလာနေတာကိုတော့ ဒီနေ့မှမြင်ရတာ။ ပြည်သူတွေကို ကြောက်လန့်အောင် လုပ်နေတာလား။ ဘာဖြစ်လို့လည်းတော့ မခန့်မှန်း‌တတ်တော့ဘူး၊”ဟု ဆိုသည်။

လက်ရှိရခိုင်ပြည်နယ်တွင် စစ်ကောင်စီတပ်များက စစ်အင်အားတိုးချဲ့နေမှု၊ မြစ်ကြောများတွင် စစ်နေဗီများဖြင့် သွားလာနေမှုများကို ပိုမိုလုပ်ဆောင်လျှက်ရှိသည့်အတွက် အချိန်မရွေးတိုက်ပွဲ ဖြစ်လာနိုင်ကြောင်း ရက္ခိုင့်တပ်တော် (AA)က ထုတ်ပြန်ထားသည်။

ယင်းအပြင် ဒေသခံများအနေဖြင့်လည်း စစ်ကောင်စီစခန်းရှိရာ ပတ်ဝန်းကျင် နေရာအနီးသို့ သွားလာမှုကို ရှောင်ကြဉ်ကြရန်လည်း AAက တိုက်တွန်း ထားသည်။

#မြေလတ်အသံ