Local News

 ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉးႏွင့္ ဇနီးျဖစ္သူတို႔ ေနအိမ္တြင္ ဝင္ေရာက္ ပ-စ္ခ-တ္ခံရ

ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉးႏွင့္ ဇနီးျဖစ္သူတို႔ ေနအိမ္တြင္ ဝင္ေရာက္ ပစ္ခတ္ခံရ

ရန္ကုန္တိုင္း၊ ေကာ့မႉးၿမိဳ႕နယ္၊ ငွက္ေအာ္စမ္းေက်း႐ြာက အုပ္ခ်ဳပ္ေရးမႉးႏွင့္ ႀကံ့ခ္ိုင္ေရးပါတီၿမိဳ႕နယ္ေကာ္မတီဝင္ ဇနီးျဖစ္သူတို႔ ေသနတ္ျဖင့္ ပစ္ခတ္ခံလိုက္ရေၾကာင္း ေဒသတြင္း သတင္းအရင္းအျမစ္ထံမွ သိရသည္။

ေကာ့မႉးၿမိဳ႕နယ္ ငွက္ေအာ္စမ္းေက်း႐ြာ အုပ္ခ်ဳပ္ေရးမႉး ဦးေအာင္မင္းႏွင့္ ဇနီးျဖစ္သူ ေကာ့မႉးၿမိဳ႕နယ္ ျပည္ေထာင္စု ႀကံ့ခိုင္ေရးႏွင့္ ဖြံ႕ၿဖိဳးေရးပါတီ ၿမိဳ႕နယ္ေကာ္မတီဝင္ ေဒၚျမျမမိုးတို႔ ႏွစ္ဦး ယမန္ေန႔ ေမလ ၃၀ ရက္ေန႔ ညေန ၅ နာရီဝန္းက်င္အခ်ိန္က ၎တို႔ ေနထိုင္ရာ ေနအိမ္အတြင္း ဝင္ေရာက္ပစ္ခတ္ခံလိုက္ရျခင္း ျဖစ္သည္။

“သူတို႔ လင္မယား ႏွစ္ေယာက္ေနထိုင္တဲ့ ေနအိမ္ထဲကို ေသနတ္နဲ႔ ဝင္ပစ္တာ။ ေလးငါးခ်က္ေလာက္ရွိမယ္ထင္တယ္။ အမ်ိဳးသားျဖစ္တဲ့ အုပ္ခ်ဳပ္ေရးမႉး ေအာင္မင္းကေတာ့ အေရးေပၚမွာ တင္ထားရတယ္။ အမ်ိဳးသမီးျဖစ္သူက ေသသြားတယ္။ ျပည္သူေတြကို ဖိႏွိပ္မႈေတြမွာ သူ႔အမ်ိဳးသမီးက ပိုဆိုးတယ္” ဟု ေကာ့မႉးေဒသခံ သတင္းရင္းျမစ္က ေျပာသည္။

ပစ္ခတ္မႈကို ကာကြယ္ေရးတပ္ဖြဲ႕တစ္ခုျဖစ္သည့္ 5 Brothers Younger အဖြဲ႕က ျပဳလုပ္ခဲ့ျခင္း ျဖစ္ေၾကာင္း သတင္းထုတ္ျပန္ထားၿပီး အေသးစိတ္ကို သိရွိႏိုင္ရန္ ဆက္လက္စုံစမ္းလ်က္ရွိသည္။

ေသနတ္ျဖင့္ ပစ္ခတ္ခံလိုက္ရသည့္ ငွက္ေအာ္စမ္းေက်း႐ြာ အုပ္ခ်ဳပ္ေရးမႉးႏွင့္ ဇနီးျဖစ္သူတို႔သည့္ ငွက္ေအာ္စမ္းေက်း႐ြာအတြင္း စစ္ေကာင္စီတပ္ဖြဲ႕ႏွင့္ ပူးေပါင္းကာ ျပည္သူမ်ားကို ဖိႏွိပ္ေနသူ ျဖစ္ေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။

၎တို႔ႏွစ္ဦးသည္ ေကာ့မႉးၿမိဳ႕နယ္ မက်ီးကန္-က်ိဳက္ေထာ္ လမ္းမေပၚတြင္ စစ္ေကာင္စီယာဥ္တန္း ၿပီးခဲ့သည့္ ေမလ ၃ ရက္ေန႔ ညေနပိုင္းက ၾကားျဖတ္တိုက္ခိုက္ခံရၿပီး စစ္ဗ္ိုလ္တစ္ဦးအပါအဝင္ ႏွစ္ဦးေသဆုံးခဲ့သည့္ ျဖစ္စဥ္တြင္ အနီးရွိေက်း႐ြာမ်ားမွ ျပည္သူ ၃၀၀ ေက်ာ္ကို တစ္ပတ္ေက်ာ္ၾကာ ဖမ္းဆီးခဲ့ၿပီး ညႇဥ္းပန္းႏွိပ္စက္မႈမ်ား ကို စစ္ေကာင္စီတပ္ဖြဲ႕ႏွင့္ ပူးေပါင္းကာ လုပ္ေဆာင္ခဲ့သူမ်ား ျဖစ္ေၾကာင္း ေဒသခံမ်ားက ဆိုသည္။

ပစ္ခတ္ရွင္းလင္းမႈျဖစ္စဥ္ျဖစ္ပြားၿပီးေနာက္ စစ္ေကာင္စီတပ္က ျဖစ္စဥ္ျဖစ္ပြားရာေနရာအနီးတစ္ဝိုက္တြင္ စစ္ေဆးမႈမ်ားျပဳလုပ္ခဲ့ၿပီး လက္ရွိအခ်ိန္အထိ ဖမ္းဆီးခံထားရသူမရွိေသးေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။

ပုံစာ – ပစ္ခတ္ခံရမႈေၾကာင့္ ေသဆုံးခဲ့သည့္ ေကာ့မႈးၿမိဳ႕နယ္ ႀကံခိုင္ေရးပါတီ ၿမိဳ႕နယ္ေကာ္မတီဝင္ ေဒါျမျမမိုး

source-mizzima

ကော့မှူးမြို့နယ် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ဇနီးဖြစ်သူတို့ နေအိမ်တွင် ဝင်ရောက် ပစ်ခတ်ခံရ

ရန်ကုန်တိုင်း၊ ကော့မှူးမြို့နယ်၊ ငှက်အော်စမ်းကျေးရွာက အုပ်ချုပ်ရေးမှူးနှင့် ကြံ့ခိုင်ရေးပါတီမြို့နယ်ကော်မတီဝင် ဇနီးဖြစ်သူတို့ သေနတ်ဖြင့် ပစ်ခတ်ခံလိုက်ရကြောင်း ဒေသတွင်း သတင်းအရင်းအမြစ်ထံမှ သိရသည်။

ကော့မှူးမြို့နယ် ငှက်အော်စမ်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအောင်မင်းနှင့် ဇနီးဖြစ်သူ ကော့မှူးမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မြို့နယ်ကော်မတီဝင် ဒေါ်မြမြမိုးတို့ နှစ်ဦး ယမန်နေ့ မေလ ၃၀ ရက်နေ့ ညနေ ၅ နာရီဝန်းကျင်အချိန်က ၎င်းတို့ နေထိုင်ရာ နေအိမ်အတွင်း ဝင်ရောက်ပစ်ခတ်ခံလိုက်ရခြင်း ဖြစ်သည်။

“သူတို့ လင်မယား နှစ်ယောက်နေထိုင်တဲ့ နေအိမ်ထဲကို သေနတ်နဲ့ ဝင်ပစ်တာ။ လေးငါးချက်လောက်ရှိမယ်ထင်တယ်။ အမျိုးသားဖြစ်တဲ့ အုပ်ချုပ်ရေးမှူး အောင်မင်းကတော့ အရေးပေါ်မှာ တင်ထားရတယ်။ အမျိုးသမီးဖြစ်သူက သေသွားတယ်။ ပြည်သူတွေကို ဖိနှိပ်မှုတွေမှာ သူ့အမျိုးသမီးက ပိုဆိုးတယ်” ဟု ကော့မှူးဒေသခံ သတင်းရင်းမြစ်က ပြောသည်။

ပစ်ခတ်မှုကို ကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်သည့် 5 Brothers Younger အဖွဲ့က ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားပြီး အသေးစိတ်ကို သိရှိနိုင်ရန် ဆက်လက်စုံစမ်းလျက်ရှိသည်။

သေနတ်ဖြင့် ပစ်ခတ်ခံလိုက်ရသည့် ငှက်အော်စမ်းကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ဇနီးဖြစ်သူတို့သည့် ငှက်အော်စမ်းကျေးရွာအတွင်း စစ်ကောင်စီတပ်ဖွဲ့နှင့် ပူးပေါင်းကာ ပြည်သူများကို ဖိနှိပ်နေသူ ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

၎င်းတို့နှစ်ဦးသည် ကော့မှူးမြို့နယ် မကျီးကန်-ကျိုက်ထော် လမ်းမပေါ်တွင် စစ်ကောင်စီယာဉ်တန်း ပြီးခဲ့သည့် မေလ ၃ ရက်နေ့ ညနေပိုင်းက ကြားဖြတ်တိုက်ခိုက်ခံရပြီး စစ်ဗိုလ်တစ်ဦးအပါအဝင် နှစ်ဦးသေဆုံးခဲ့သည့် ဖြစ်စဉ်တွင် အနီးရှိကျေးရွာများမှ ပြည်သူ ၃၀၀ ကျော်ကို တစ်ပတ်ကျော်ကြာ ဖမ်းဆီးခဲ့ပြီး ညှဉ်းပန်းနှိပ်စက်မှုများ ကို စစ်ကောင်စီတပ်ဖွဲ့နှင့် ပူးပေါင်းကာ လုပ်ဆောင်ခဲ့သူများ ဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

ပစ်ခတ်ရှင်းလင်းမှုဖြစ်စဉ်ဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်က ဖြစ်စဉ်ဖြစ်ပွားရာနေရာအနီးတစ်ဝိုက်တွင် စစ်ဆေးမှုများပြုလုပ်ခဲ့ပြီး လက်ရှိအချိန်အထိ ဖမ်းဆီးခံထားရသူမရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

ပုံစာ – ပစ်ခတ်ခံရမှုကြောင့် သေဆုံးခဲ့သည့် ကော့မှုးမြို့နယ် ကြံခိုင်ရေးပါတီ မြို့နယ်ကော်မတီဝင် ဒေါမြမြမိုး

source-mizzima