Local News

စစ္ေကာင္စီႏွင့္ေပါင္းၿပီး PDFမ်ားအား အျမစ္ျဖဳတ္မည္ဟု

စစ္ေကာင္စီႏွင့္ေပါင္းၿပီး PDFမ်ားအား အျမစ္ျဖဳတ္မည္ဟုႀကိမ္းဝါးေနသည့္ ပ်ဴတစ္ဦး သုတ္သင္ရွင္းလင္းခံရ

ေအာင္ေဇယ်/People’s Spring

စစ္ကိုင္းတိုင္း၊ မုံ႐ြာၿမိဳ႕နယ္တြင္ အၾကမ္းဖက္စစ္ေကာင္စီႏွင့္ေပါင္းၿပီး PDF မ်ားအား အျမစ္ျဖဳတ္မည္ဟုႀကိမ္းဝါးေနေသာ ပ်ဴေစာထီးတစ္ဦး သုတ္သင္ရွင္းလင္းခဲ့ေၾကာင္း Black Hunter People Task Force အဖြဲ႕က ေျပာသည္။

ယမန္ေန႔(ေမလ၃၀ရက္)ညေန ၃နာရီဝန္းက်င္က မုံ႐ြာ – မႏၲေလးလမ္း၊ ေခ်ာင္းဦးလမ္းပိုင္းတစ္ေနရာတြင္ ေတာပုေက်း႐ြာမွ ပ်ဴေစာထီးတစ္ဦးအား Black Hunter People Task Force အဖြဲ႕က သုတ္သင္ရွင္းလင္းခဲ့ျခင္း ျဖစ္သည္။

၎သည္ အၾကမ္းဖက္စစ္ေကာင္စီ၏ ပ်ဴသင္တန္းတက္ေရာက္ထားၿပီး ေတာပုေက်း႐ြာပ်ဴအဖြဲ႕ဝင္တစ္ဦးျဖစ္ေၾကာင္း Black Hunter People Task Force အဖြဲ႕က ေျပာသည္။

၎သည္ လက္နက္အားကိုးျဖင့္ အနီးနားရွိေက်း႐ြာမ်ားအား ဒုကၡမ်ိဳးစုံေပးျခင္း၊ ေက်း႐ြာေနျပည္သူမ်ားအား ေအာ္ဟစ္ဆဲဆိုၿခိမ္းေျခာက္ရမ္းကားသည့္အျပင္ ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ဝင္မ်ားကိုလည္း စစ္ေကာင္စီႏွင့္ေပါင္း၍ အျမစ္ျဖတ္ရွင္းလင္းမည္ဟု ေႂကြးေၾကာ္ထားသူျဖစ္ေၾကာင္း Black Hunter People Task Force အဖြဲ႕က ေျပာသည္။

ေမလ ၂၂ရက္ကလည္း မြန္းလြဲ ၂ နာရီခြဲခန္႔တြင္ မုံ႐ြာၿမိဳ႕နယ္၊ ေတာပုေက်း႐ြာေန ပ်ဴေစာထီးအဖြဲ႕ဝင္ အမ်ိဳးသားႏွစ္ဦးအား မုံ႐ြာ-ေခ်ာင္းဦးလမ္းေဘးတစ္ေနရာတြင္ Monywa Black Hunter People’s Task Forceက ရွင္းလင္းခဲ့သည္။

ဧၿပီလ ၁၇ ရက္က မုံ႐ြာ – မႏၲေလးလမ္းေပၚတြင္ စစ္အာဏာရွင္ဆန္႔က်င္ေရးဆႏၵျပပြဲက်င္းပၿပီးခ်ိန္ လမ္းပိုင္းကင္းေစာင့္ေပးေနေသာ ေခ်ာင္းဦးၿမိဳ႕နယ္ PDF အဖြဲ႕မွ ရဲေဘာ္ငါးဦး ပစ္ခတ္သတ္ျဖတ္ျခင္းခံခဲ့ရၿပီး ၎တို႔အားသတ္ျဖတ္သြားသူမ်ားတြင္ ေတာပု႐ြာမွ ပ်ဴေစာထီးမ်ားပါဝင္ေၾကာင္း ​ေဒသခံမ်ားက ေျပာသည္။

#လူထုေႏြဦး

စစ်ကောင်စီနှင့်ပေါင်းပြီး PDFများအား အမြစ်ဖြုတ်မည်ဟုကြိမ်းဝါးနေသည့် ပျူတစ်ဦး သုတ်သင်ရှင်းလင်းခံရ

အောင်ဇေယျ/People’s Spring

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီနှင့်ပေါင်းပြီး PDF များအား အမြစ်ဖြုတ်မည်ဟုကြိမ်းဝါးနေသော ပျူစောထီးတစ်ဦး သုတ်သင်ရှင်းလင်းခဲ့ကြောင်း Black Hunter People Task Force အဖွဲ့က ပြောသည်။

ယမန်နေ့(မေလ၃၀ရက်)ညနေ ၃နာရီဝန်းကျင်က မုံရွာ – မန္တလေးလမ်း၊ ချောင်းဦးလမ်းပိုင်းတစ်နေရာတွင် တောပုကျေးရွာမှ ပျူစောထီးတစ်ဦးအား Black Hunter People Task Force အဖွဲ့က သုတ်သင်ရှင်းလင်းခဲ့ခြင်း ဖြစ်သည်။

၎င်းသည် အကြမ်းဖက်စစ်ကောင်စီ၏ ပျူသင်တန်းတက်ရောက်ထားပြီး တောပုကျေးရွာပျူအဖွဲ့ဝင်တစ်ဦးဖြစ်ကြောင်း Black Hunter People Task Force အဖွဲ့က ပြောသည်။

၎င်းသည် လက်နက်အားကိုးဖြင့် အနီးနားရှိကျေးရွာများအား ဒုက္ခမျိုးစုံပေးခြင်း၊ ကျေးရွာနေပြည်သူများအား အော်ဟစ်ဆဲဆိုခြိမ်းခြောက်ရမ်းကားသည့်အပြင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များကိုလည်း စစ်ကောင်စီနှင့်ပေါင်း၍ အမြစ်ဖြတ်ရှင်းလင်းမည်ဟု ကြွေးကြော်ထားသူဖြစ်ကြောင်း Black Hunter People Task Force အဖွဲ့က ပြောသည်။

မေလ ၂၂ရက်ကလည်း မွန်းလွဲ ၂ နာရီခွဲခန့်တွင် မုံရွာမြို့နယ်၊ တောပုကျေးရွာနေ ပျူစောထီးအဖွဲ့ဝင် အမျိုးသားနှစ်ဦးအား မုံရွာ-ချောင်းဦးလမ်းဘေးတစ်နေရာတွင် Monywa Black Hunter People’s Task Forceက ရှင်းလင်းခဲ့သည်။

ဧပြီလ ၁၇ ရက်က မုံရွာ – မန္တလေးလမ်းပေါ်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲကျင်းပပြီးချိန် လမ်းပိုင်းကင်းစောင့်ပေးနေသော ချောင်းဦးမြို့နယ် PDF အဖွဲ့မှ ရဲဘော်ငါးဦး ပစ်ခတ်သတ်ဖြတ်ခြင်းခံခဲ့ရပြီး ၎င်းတို့အားသတ်ဖြတ်သွားသူများတွင် တောပုရွာမှ ပျူစောထီးများပါဝင်ကြောင်း ဒေသခံများက ပြောသည်။

#လူထုနွေဦး