Next Generation Hope ရဲ႕ ခ်ိန္ကိုက္ဗုံး စမ္းသပ္ထုတ္လုပ္မႈေအာင္ျမင္ (႐ုပ္/သံ)
ယင္းမာပင္၊ ေမ ၂၉၊ ၂၀၂၂။
စစ္ကိုင္းတိုင္း၊ ယင္းမာပင္ၿမိဳ႕နယ္အေျခစိုက္ Next Generation Hope အဖြဲ႕က ခ်ိန္ကိုက္ဗုံး စမ္းသပ္ထုတ္လုပ္မႈ ေအာင္ျမင္ခဲ့တယ္လို႔ အဲ့ဒီအဖြဲ႕ရဲ႕ တာဝန္ရွိသူက ေျပာပါတယ္။
ခုတီထြင္လိုက္တာက တမိနစ္ Timer ခ်ိန္ကိုက္ဗုံး အမ်ိဳးအစားလို႔ သိရၿပီး၊ မိုင္းအႀကီး အေသးအမ်ိဳးမ်ိဳးနဲ႔ တြဲၿပီး အသုံးျပဳလို႔ရတယ္လို႔လည္း ဆိုပါတယ္။
“အခ်ိန္သတ္မွတ္ၿပီး ေထာင္ထားရတာေပါ့။ ကိုယ္လိုခ်င္တဲ့အခ်ိန္အတိုင္းအတာကို လုပ္ထားလို႔ရတယ္၊ အဲ့ဆားကစ္နဲ႔တြဲၿပီး မိုင္းအႀကီးအေသး ႀကိဳက္တာနဲ႔ ခ်ိတ္သုံးလို႔ရပါတယ္၊ ခ်ိန္ကိုက္ဗုံး အမ်ိဳးအစား အဲဆားကစ္မ်ိဳးကေတာ့ အရင္ကတည္းကသုံးဖူးပါတယ္၊ ခုခ်ိန္က် မိုင္းေတြနဲ႔တြဲသုံး ၾကည့္တာေပါ့၊
အဲ့ဒါက ပုံမွန္မိုင္းေတြလိုပဲ ထိခိုက္ပ်က္စီးႏိုင္ပါတယ္၊ ဆားကစ္နဲ႔ တြဲခ်ိတ္မယ့္ မိုင္းအႀကီး အေသး ေပၚမူတည္ၿပီး ထိခိုက္ပ်က္စီးမႈ ကြာသြားမွာပါ။” လို႔ ေျပာပါတယ္။
ဒီခ်ိန္ကိုက္ဗုံးကို စမ္းသပ္တာေအာင္ျမင္ထားၿပီး၊ လက္ေတြ႕အသုံးမခ်ရေသးဘူးလို႔လည္း ဆိုပါတယ္။ Next Generation Hope အဖြဲ႕ဟာ အရင္ကလည္း လက္နက္မ်ိဳးႀကီးမ်ိဳးစုံကို ကိုယ္တိုင္ထုတ္လုပ္ၿပီး စစ္ေကာင္စီကို တိုက္ခိုက္တဲ့ တိုက္ပြဲေတြမွာ အသုံးျပဳေနတာလို႔လည္း သိရပါတယ္။
#ေျမလတ္အသံ
Next Generation Hope ရဲ့ ချိန်ကိုက်ဗုံး စမ်းသပ်ထုတ်လုပ်မှုအောင်မြင် (ရုပ်/သံ)
ယင်းမာပင်၊ မေ ၂၉၊ ၂၀၂၂။
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်အခြေစိုက် Next Generation Hope အဖွဲ့က ချိန်ကိုက်ဗုံး စမ်းသပ်ထုတ်လုပ်မှု အောင်မြင်ခဲ့တယ်လို့ အဲ့ဒီအဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။
ခုတီထွင်လိုက်တာက တမိနစ် Timer ချိန်ကိုက်ဗုံး အမျိုးအစားလို့ သိရပြီး၊ မိုင်းအကြီး အသေးအမျိုးမျိုးနဲ့ တွဲပြီး အသုံးပြုလို့ရတယ်လို့လည်း ဆိုပါတယ်။
“အချိန်သတ်မှတ်ပြီး ထောင်ထားရတာပေါ့။ ကိုယ်လိုချင်တဲ့အချိန်အတိုင်းအတာကို လုပ်ထားလို့ရတယ်၊ အဲ့ဆားကစ်နဲ့တွဲပြီး မိုင်းအကြီးအသေး ကြိုက်တာနဲ့ ချိတ်သုံးလို့ရပါတယ်၊ ချိန်ကိုက်ဗုံး အမျိုးအစား အဲဆားကစ်မျိုးကတော့ အရင်ကတည်းကသုံးဖူးပါတယ်၊ ခုချိန်ကျ မိုင်းတွေနဲ့တွဲသုံး ကြည့်တာပေါ့၊
အဲ့ဒါက ပုံမှန်မိုင်းတွေလိုပဲ ထိခိုက်ပျက်စီးနိုင်ပါတယ်၊ ဆားကစ်နဲ့ တွဲချိတ်မယ့် မိုင်းအကြီး အသေး ပေါ်မူတည်ပြီး ထိခိုက်ပျက်စီးမှု ကွာသွားမှာပါ။” လို့ ပြောပါတယ်။
ဒီချိန်ကိုက်ဗုံးကို စမ်းသပ်တာအောင်မြင်ထားပြီး၊ လက်တွေ့အသုံးမချရသေးဘူးလို့လည်း ဆိုပါတယ်။ Next Generation Hope အဖွဲ့ဟာ အရင်ကလည်း လက်နက်မျိုးကြီးမျိုးစုံကို ကိုယ်တိုင်ထုတ်လုပ်ပြီး စစ်ကောင်စီကို တိုက်ခိုက်တဲ့ တိုက်ပွဲတွေမှာ အသုံးပြုနေတာလို့လည်း သိရပါတယ်။
#မြေလတ်အသံ