Local News



လူငယ့်ခေတ်

ဇွန် ၁





#လူငယ့်ခေတ်

အတွဲလိုက်တာဝေးပစ်ရှော့တိုက်အမြောက်(MLRS)ကို ထရပ်ကားပေါ်တင်ပြီး အကြမ်းဖက်စစ်တပ်ဂိတ်ကိုပစ်ခတ် (ရုပ်သံ)

လူငယ့်ခေတ်

ဇွန် ၁

အတွဲလိုက်တာဝေးပစ်ရှော့တိုက်အမြောက် (Multiple Launch Rocket System MLRS )ကို ပြီးခဲ့တဲ့ မေလ၃၁ရက်နေ့က စမ်းသပ်အောင်မြင်ခဲ့ပြီးတဲ့နောက်

အဲ့ဒီအတွဲလိုက်အဝေးပစ်အမြောက်ကို ထရပ်ကားပေါ်တင်ကာ ဘုတလင်မြို့က အကြမ်းဖက်စစ်တပ်ဂိတ်ကို ပစ်ခဲ့တယ်လို့ ဒုံးပျံ Local PDFက ဒီကနေ့မှာ သတင်းထုတ်ပြန်ပါတယ်။

အတွဲလိုက်အဝေးပစ်အမြောက်ကို ထရပ်ကားပေါ်တင်ကာ ဒီကနေ့ ဇွန်လ၁ရက် နေ့လည်ပိုင်းမှာ စစ်ကိုင်းတိုင်း ဘုတလင်မြို့တောင်ဘက်အထွက် ကြောင်ပန်းတောရကျောင်းနားက အကြမ်းဖက်စစ်တပ်ဂိတ်ကို ပစ်ခဲ့တာလို့ ဒုံးပျံ Local PDFက ဆိုပါတယ်။

အကြမ်းဖက်စစ်တပ်ရဲ့ အထိအခိုက်ကိုမသိရသေးပေမယ့် အမြောက်ဆံတွေဟာ ဂိတ်အနီးနားမှာဘဲ ကျရောက်ပေါက်ကွဲခဲ့တယ်လို့လဲ ဒုံးပျံ Local PDFက ဆိုပါတယ်။

#လူငယ့်ခေတ်