ျမစ္သားအေျခစိုက္ ပုဂၢလိကေက်ာင္းတစ္ေက်ာင္းမွ ေက်ာင္းအပ္ခမ်ားပယ္ဖ်က္၍ အခမဲ့သင္ၾကားေပးမည္
ျမစ္သားၿမိဳ႕နယ္အေျခစိုက္ ပုဂၢလိကကိုယ္ပိုင္ ေက်ာင္းျဖစ္ေသာ Kaung For You Federal Private School မွ ေက်ာင္းလခသတ္မွတ္ခ်က္မ်ားအားလုံးကိုပယ္ဖ်က္၍ အခမဲ့သင္ၾကားေပးသြာမည္ျဖစ္ေၾကာင္း အသိေပးေၾကညာ သည္။
ကိုယ္ပိုင္ေက်ာင္းမ်ား၏ အခန္းက႑ႏွင့္ မူဝါဒကို တိက်စြာမခ်မွတ္နိုင္ေသးေသာ ဖက္ဒရယ္ဒီမိုကေရစီ ပညာေရး အကူးအေျပာင္း ၾကား ကာလတြင္ Kaung For You Federal Private School သည္
ယခုႏွစ္ဇူလိုင္လတြင္ ဖြင့္လွစ္မည့္ ၂၀၂၂- ၂၀၂၃ပညာသင္ႏွစ္၏ အေျခခံ ပညာအတန္းမ်ားအားလုံးကို အခမဲ့ပညာေရးစနစ္ ေဖာ္ေဆာင္ရန္ ဆုံးျဖတ္သည္ဟု အသိေပးသည္။
ထို႔အျပင္ ေက်ာင္း၌ ခန႔္ထားၿပီးျဖစ္ေသာ သင္ၾကားေရးႏွင့္ စီမံခန႔္ခြဲမႈဆိုင္ရာ CDM ဆ ရာ၊ ဆရာမမ်ား၏ သတ္မွတ္လစာမ်ား ဂုဏ္ျပဳခ်ီးျမႇင့္နိုင္ရန္ျပည္တြင္းျပည္ပ အလႉရွင္မ်ား၏ အကူအညီျဖင့္ စြမ္းစြမ္းတမံ ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း ထုတ္ျပန္သည္။
ထို႔ေၾကာင့္ Kaung For You ပညာေရးအဖြဲ႕အစည္းသည္ ေႏြဦးဆရာအတတ္သင္တကၠ သိုလ္(Spring Normal University)၏ အဓိပတိ၊ ျမန္မာ့ဖက္ဒရယ္ပညာေရးစနစ္၏လမ္းျပသူ ဆရာႀကီးေဒါက္တာသိန္းလြင္၏
ဩဝါဒႏွင့္ လမ္းညႊန္ခ်က္ကို နာယူလ်က္ ေက်ာင္းလခသတ္မွတ္ခ်က္မ်ားကိုပယ္ဖ်က္၍ အခမဲ့ကိုယ္ပိုင္ေက်ာင္းအျဖစ္ ရပ္တည္သြားမည္ဟုေဖာ္ျပသည္။
Kaung For You ပညာေရးအဖြဲ႕ကို ၂၀၁၄ ခုႏွစ္တြင္ စတင္တည္ေထာင္ခဲ့ၿပီး ၂၀၂၁ ခုႏွစ္အာဏာသိမ္းၿပီးေနာက္ပိုင္း ျမစ္သားၿမိဳ႕နယ္ CDM ပညာေရးဝန္ထမ္း ၁,၁၁၁ ဦးကို ကိုယ္စားျပဳေသာ အဖြဲ႕အစည္းျဖစ္လာခဲ့သည္။ Crd- လူထုေႏြဦး
မြစ်သားအခြေစိုက် ပုဂ္ဂလိကကျောင်းတစ်ကျောင်းမှ ကျောင်းအပ်ခများပယ်ဖျက်၍ အခမဲ့သင်ကြားပေးမည်
မြစ်သားမြို့နယ်အခြေစိုက် ပုဂ္ဂလိကကိုယ်ပိုင် ကျောင်းဖြစ်သော Kaung For You Federal Private School မှ ကျောင်းလခသတ်မှတ်ချက်များအားလုံးကိုပယ်ဖျက်၍ အခမဲ့သင်ကြားပေးသွာမည်ဖြစ်ကြောင်း အသိပေးကြေညာ သည်။
ကိုယ်ပိုင်ကျောင်းများ၏ အခန်းကဏ္ဍနှင့် မူဝါဒကို တိကျစွာမချမှတ်နိုင်သေးသော ဖက်ဒရယ်ဒီမိုကရေစီ ပညာရေး အကူးအပြောင်း ကြား ကာလတွင် Kaung For You Federal Private School သည်
ယခုနှစ်ဇူလိုင်လတွင် ဖွင့်လှစ်မည့် ၂၀၂၂- ၂၀၂၃ပညာသင်နှစ်၏ အခြေခံ ပညာအတန်းများအားလုံးကို အခမဲ့ပညာရေးစနစ် ဖော်ဆောင်ရန် ဆုံးဖြတ်သည်ဟု အသိပေးသည်။
ထို့အပြင် ကျောင်း၌ ခန့်ထားပြီးဖြစ်သော သင်ကြားရေးနှင့် စီမံခန့်ခွဲမှုဆိုင်ရာ CDM ဆ ရာ၊ ဆရာမများ၏ သတ်မှတ်လစာများ ဂုဏ်ပြုချီးမြှင့်နိုင်ရန်ပြည်တွင်းပြည်ပ အလှူရှင်များ၏ အကူအညီဖြင့် စွမ်းစွမ်းတမံ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်သည်။
ထို့ကြောင့် Kaung For You ပညာရေးအဖွဲ့အစည်းသည် နွေဦးဆရာအတတ်သင်တက္က သိုလ်(Spring Normal University)၏ အဓိပတိ၊ မြန်မာ့ဖက်ဒရယ်ပညာရေးစနစ်၏လမ်းပြသူ ဆရာကြီးဒေါက်တာသိန်းလွင်၏
ဩဝါဒနှင့် လမ်းညွှန်ချက်ကို နာယူလျက် ကျောင်းလခသတ်မှတ်ချက်များကိုပယ်ဖျက်၍ အခမဲ့ကိုယ်ပိုင်ကျောင်းအဖြစ် ရပ်တည်သွားမည်ဟုဖော်ပြသည်။
Kaung For You ပညာရေးအဖွဲ့ကို ၂၀၁၄ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ၂၀၂၁ ခုနှစ်အာဏာသိမ်းပြီးနောက်ပိုင်း မြစ်သားမြို့နယ် CDM ပညာရေးဝန်ထမ်း ၁,၁၁၁ ဦးကို ကိုယ်စားပြုသော အဖွဲ့အစည်းဖြစ်လာခဲ့သည်။ Crd- လူထုနွေဦး