Local News

ယေန႔ သတင္းစာရွင္းလင္းပြဲမွာ ဂ်ိဳးဘိုင္ဒန္ကို စိ-န္ေခ-ၚတယ္ဆိုတဲ့ ဘိုးေတာ္..

ယေန႔ သတင္းစာရွင္းလင္းပြဲမွာ ဂ်ိဳးဘိုင္ဒန္ကို စိန္ေခၚတယ္ဆိုတဲ့ ဘိုးေတာ္..

အျပည့္အစုံကို ေအာက္တြင္ ႐ုပ္သံဖိုင္ ေဖာ္ျပထားပါသည္။

ခရက္ဒစ္ ဗြီဒီယို

ဘားလမ္းေပါက္ကြဲမႈကို ေသဆုံးသူက်ဴးလြန္ခဲ့ျခင္းျဖစ္ေၾကာင္း စစ္ေကာင္စီစြပ္စြဲခဲ့ပါေသးတယ္

ရန္ကုန္တိုင္း ေက်ာက္တံတားၿမိဳ႕နယ္ ဘာလမ္းမွတ္တိုင္တြင္ ေမလ ၃၁ ရက္ေန႔က ျဖစ္ပြားခဲ့ေသာ ေပါက္ကြဲမႈကို ေသဆုံးသြားခဲ့သူက က်ဴးလြန္ခဲ့ျခင္းျဖစ္ေၾကာင္း စစ္ေကာင္စီက စြပ္စြဲေျပာဆိုလိုက္သည္။

ယခုကဲ့သို႔စြပ္စြဲေျပာဆိုမႈကို ယေန႔ ေနျပည္ေတာ္တြင္ျပဳလုပ္သည့္ စစ္ေကာင္စီသတင္းစာရွင္းလင္းပြဲတြင္ စစ္ေကာင္စီေျပာခြင့္ရပုဂၢိဳလ္ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေမးျမန္းသူမရွိဘဲ ေျပာၾကားခဲ့ျခင္းျဖစ္သည္။

၎၏ေျပာဆိုခ်က္အရ ေသဆုံးသူ၏ဖုန္းကိုစစ္ေဆးရာတြင္ ဗုံးေဖာက္ခြဲရန္ခိုင္းေစမႈမ်ား၊ PDF မ်ားႏွင့္ ဆက္သြယ္ထားေသာ အေထာက္အထားမ်ားေတြ႕ရွိရေၾကာင္းဆိုသည္။ ထို႔အျပင္ CCTV မွတ္တမ္းအခ်ိဳ႕ ကိုလည္း ျပသခဲ့ေသးသည္။

စစ္ေကာင္စီျပန္ၾကားေရး၏ေျပာၾကားခ်က္အရ ဗုံးေပါက္ကြဲမႈကိုေဆာင္႐ြက္သူမွာ ကိုေအာင္ႀကီး(ေခၚ) ထိန္လင္းထြန္းျဖစ္ၿပီး ေက်ာက္တံတားၿမိဳ႕နယ္ရွိ ကြန္ျပဴတာဆိုင္တစ္ဆိုင္မွဝန္ထမ္းျဖစ္သည္ဟု စြပ္စြဲ ထားေၾကာင္း ေတြ႕ရသည္။

သတင္းစာရွင္းလင္းပြဲ ေနာက္ဆုံးအခ်ိန္တြင္ အေရးတႀကီးပုံစံမ်ိဳးျဖင့္ေျပာျပခဲ့သည့္ အဆိုပါစြပ္စြဲခ်က္မွာ ေပါက္ကြဲမႈျဖစ္ပြားၿပီးေနာက္ စစ္ေကာင္စီဝါဒီျဖန႔္မီဒီယာအခ်ိဳ႕တြင္ စြပ္စြဲမႈမ်ားႏွင့္ထပ္တူပင္ျဖစ္သည္။

ေပါက္ကြဲမႈသည္ ကားမွတ္တိုင္တြင္လူအမ်ားအျပားရွိေနစဥ္ ေပါက္ကြဲခဲ့ျခင္းျဖစ္ၿပီး လူတစ္ဦးေသဆုံးကာ ကိုးဦးဒဏ္ရာရရွိခဲ့သည္။အဆိုပါေပါက္ကြဲမႈသည္ လူအမ်ားအျပားရွိေနခ်ိန္တြင္ ေပါက္ကြဲခဲ့ျခင္းျဖစ္ၿပီး ေပါက္ကြဲမႈႏွင့္ပတ္သက္၍ ေျမေအာက္ေတာ္လွန္ေရးအဖြဲ႕မ်ားက ျငင္းခ်က္ထုတ္ထားၿပီး အဆိုပါေပါက္ကြဲမႈကိုရႈတ္ခ်ေၾကာင္း NUG က ထုတ္ျပန္ထားသည္။

ယနေ့ သတင်းစာရှင်းလင်းပွဲမှာ ဂျိုးဘိုင်ဒန်ကို စိန်ခေါ်တယ်ဆိုတဲ့ ဘိုးတော်..

အပြည့်အစုံကို အောက်တွင် ရုပ်သံဖိုင် ဖော်ပြထားပါသည်။

ခရက်ဒစ် ဗွီဒီယို

ဘားလမ်းပေါက်ကွဲမှုကို သေဆုံးသူကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း စစ်ကောင်စီစွပ်စွဲခဲ့ပါသေးတယ်

ရန်ကုန်တိုင်း ကျောက်တံတားမြို့နယ် ဘာလမ်းမှတ်တိုင်တွင် မေလ ၃၁ ရက်နေ့က ဖြစ်ပွားခဲ့သော ပေါက်ကွဲမှုကို သေဆုံးသွားခဲ့သူက ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း စစ်ကောင်စီက စွပ်စွဲပြောဆိုလိုက်သည်။

ယခုကဲ့သို့စွပ်စွဲပြောဆိုမှုကို ယနေ့ နေပြည်တော်တွင်ပြုလုပ်သည့် စစ်ကောင်စီသတင်းစာရှင်းလင်းပွဲတွင် စစ်ကောင်စီပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ်ဇော်မင်းထွန်းက မေးမြန်းသူမရှိဘဲ ပြောကြားခဲ့ခြင်းဖြစ်သည်။

၎င်း၏ပြောဆိုချက်အရ သေဆုံးသူ၏ဖုန်းကိုစစ်ဆေးရာတွင် ဗုံးဖောက်ခွဲရန်ခိုင်းစေမှုများ၊ PDF များနှင့် ဆက်သွယ်ထားသော အထောက်အထားများတွေ့ရှိရကြောင်းဆိုသည်။ ထို့အပြင် CCTV မှတ်တမ်းအချို့ ကိုလည်း ပြသခဲ့သေးသည်။

စစ်ကောင်စီပြန်ကြားရေး၏ပြောကြားချက်အရ ဗုံးပေါက်ကွဲမှုကိုဆောင်ရွက်သူမှာ ကိုအောင်ကြီး(ခေါ်) ထိန်လင်းထွန်းဖြစ်ပြီး ကျောက်တံတားမြို့နယ်ရှိ ကွန်ပြူတာဆိုင်တစ်ဆိုင်မှဝန်ထမ်းဖြစ်သည်ဟု စွပ်စွဲ ထားကြောင်း တွေ့ရသည်။

သတင်းစာရှင်းလင်းပွဲ နောက်ဆုံးအချိန်တွင် အရေးတကြီးပုံစံမျိုးဖြင့်ပြောပြခဲ့သည့် အဆိုပါစွပ်စွဲချက်မှာ ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် စစ်ကောင်စီဝါဒီဖြန့်မီဒီယာအချို့တွင် စွပ်စွဲမှုများနှင့်ထပ်တူပင်ဖြစ်သည်။

ပေါက်ကွဲမှုသည် ကားမှတ်တိုင်တွင်လူအများအပြားရှိနေစဉ် ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး လူတစ်ဦးသေဆုံးကာ ကိုးဦးဒဏ်ရာရရှိခဲ့သည်။အဆိုပါပေါက်ကွဲမှုသည် လူအများအပြားရှိနေချိန်တွင် ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ပေါက်ကွဲမှုနှင့်ပတ်သက်၍ မြေအောက်တော်လှန်ရေးအဖွဲ့များက ငြင်းချက်ထုတ်ထားပြီး အဆိုပါပေါက်ကွဲမှုကိုရှုတ်ချကြောင်း NUG က ထုတ်ပြန်ထားသည်။

အသံနားေထာင္မရသူမ်ားအတြက္ ေအာက္ကဗီဒီယိုၾကည့္ရန္