နိုင်ငံပျောက်သူဇတ်ကားကို ကြည့်ခဲ့တယ်လို့ သတင်း စာရှင်းလင်းပွဲတွင် ဇော်မင်းထွန်းပြော
ဇွန်လ ၁
နိူင်ငံပျောက်သူဇတ်ကားကို ကြည့်ခဲ့တယ်လို့ သတင်း စာရှင်းလင်းပွဲတွင် ဇော်မင်းထွန်းပြော
ဇွန်လ ၁
ယခုရက်ပိုင်းအတွင်းမှာ အင်တာနက်စာမျက်နှာကတစ်ဆင့် ထုတ်လွှင့်ခဲ့တဲ့ “နိုင်ငံပျောက်သူ”ဇာတ်လမ်းတိုကို ကြည့်ရှုတဲ့အထဲမှာ စစ်ကောင်စီဘက်ကလည်း ပါဝင်နေတယ်လို့ သိရပါတယ်။
“ဟိုတစ်နေ့ကလည်း ကျွန်တော်တို့ ဝါဒဖြန့်တဲ့ရုပ်ရှင်ကားတစ်ကား ကြည့်လိုက်ပါတယ်။ အဲ့ဒီမှာ သူတို့ပြောသလိုပေါ့ အရှုံးမပေးမချင်း ငါတို့နိုင်တယ်ဆိုတာပေါ့။ ပြောချင်တာက နားထောင်လို့ကောင်းတဲ့ စကားလုံးတိုင်းက စားလို့ကောင်းတဲ့စကားလုံးတော့မဟုတ်ဘူး၊
နားထောင်လို့ကောင်းတဲ့စကားလုံးတိုင်းက အဆိပ်သင့်တာတွေရှိပါတယ်”လို့ ယနေ့ ဇွန်လ ၁ရက်နေ့ နေပြည်တော်မှာ ပြုလုပ်တဲ့ စစ်ကောင်စီရဲ့ သတင်းစာရှင်းလင်းပွဲမှာ အဆိုပါရုပ်ရှင်ဇာတ်ကား ကြည့်ရှု့ခဲ့တာနဲ့ပတ်သက်ပြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက ထည့်သွင်းပြောဆိုခဲ့တာဖြစ်ပါတယ်။
အဆိုပါ “အရှုံးမပေးမချင်း ငါတို့နိုင်တယ်”ဆိုတဲ့ စကားလုံးသည် “နိုင်ငံပျောက်သူ”ရုပ်ရှင်ဇာတ်လမ်းတိုမှာ ပါဝင်သည့် စာသားဖြစ်ကာ ဇာတ်ကားကြည့်ရှု့ခဲ့တဲ့ ပြည်သူများအကြား ရေပန်းစားနေတဲ့စကားလုံးဖြစ်နေပါတယ်။
“နိုင်ငံပျောက်သူ”ဇာတ်လမ်းတိုကို မေလ ၃၀ရက်နေ့ကစပြီး ယူကျူ့ချန်နယ်မှာ ထုတ်လွှင့်ပြသခဲ့ပြီး ဒါရိုက်တာ ဏကြီးက ပုံဖော်ဖန်တီးခဲ့ကာ ကြည့်ရှုသူ သန်းဂဏန်းကျော်အထိ ရှိခဲ့တာလည်းဖြစ်ပါတယ်။TMA