ယာဥ္စစ္အဖြဲ႕က ကားရပ္မေပး၍ပစ္ခတ္ရာ ဒုရဲမႉးတစ္ဦးေသ
ေက်ာ္ေဇာ/People’s Spring
ယမန္ေန႔က ပဲခူးၿမိဳ႕ သုံးပြင့္ ရဲမႉးတစ္ေယာက္ကို ရဲအခ်င္းခ်င္း_က_ပစ္သတ္
ျဖစ္စဥ္မွာ ညေန ၅_နာရီ ခန႔္ က ပဲခူးတကၠသိုလ္နားရွိ မီးပြိဳင့္မွာ ရဲ မ်ားက စစ္ေဆးေရး ေဆာင္႐ြက္ ေနစဥ္
အိမ္စီးကား တစ္စီးမွာ ကုန္ကားနဲ႔ ကြယ္ေန၍ စစ္ေဆးတဲ့ ေနရာမွ အနည္းငယ္ ေက်ာ္ၿပီးမွ ရပ္လိုက္ရာစစ္ေဆးေရး အဖြဲ႕ မွ ရဲ တစ္ေယာက္က၎ ကား ကို တံခါးဆြဲဖြင့္ၿပီးဘာမေျပာညာမေျပာနဲ႔ ကားေမာင္းလာသူရဲ႕ နားထင္ကို ေတ့ၿပီး ေသနတ္နဲ႔ ပစ္ခ် လိုက္သည္ ဟု သိရ ပါတယ္
၎ အပစ္ ခံရသူမွာ အရပ္ဝတ္ျဖင့္ ကားေမာင္းလာေသာ သုံးပြင့္_ရဲအုပ္ တစ္ေယာက္ ျဖစ္ေနၿပီး၎ ေနရာမွာပင္ ပြဲခ်င္းၿပီး_ေသဆုံးသြားေၾကာင္း သတင္းရရွိပါတယ္
ျဖစ္စဥ္မွာ ယေန႔(ဇြန္ ၁)ညေန ၅နာရီခန္႔က ရန္ကုန္ – မႏၲေလးလမ္းေဟာင္း ပဲခူးတကၠသိုလ္အ နီးလမ္းဆုံတြင္ စစ္ေကာင္စီလက္ေအာက္ခံရဲမ်ားက တားဆီးစစ္ေဆးခဲ့သည္။
ထိုသို႔ စစ္ေဆးမႈမ်ားျပဳလုပ္ေနစဥ္ အိမ္စီးကားတစ္စီးမွာ ခ်က္ခ်င္းရပ္တန္႔မေပးဘဲ ကုန္တင္ကားတစ္စီးႏွင့္ကြယ္ကာ ေရွ႕သို႔ေက်ာ္သြားစဥ္ စစ္ေဆးေရးအဖြဲ႕မွ ရဲတစ္ဦးက ကားေနာက္သို႔ေျပးလိုက္ၿပီး ကားတံခါးဆြဲဖြင့္ၿပီး အနီးကပ္ပစ္ခတ္ခဲ့ျခင္းျဖစ္သည္ဟု ေဒသခံမ်ားက ေျပာ သည္။
ေသဆုံးသြားသူမွာ သီဟဆိုသူျဖစ္ၿပီး ၎သည္ ပဲခူးၿမိဳ႕ဇာတိျဖစ္ကာ စစ္ေကာင္စီလက္ေအာက္ တြင္ ဒုရဲမႉးရာထူးျဖင့္ ျပင္ဦးလြင္ၿမိဳ႕၌ တာဝန္က်ေနသူျဖစ္သည္။
“ျပင္ဦးလြင္ကေန လာလည္တာ။ ပဲခူးၿမိဳ႕ကေမြးရပ္ေျမအိမ္ကို၊ သူအိမ္က ဆည္ေျမာင္းလမ္းမွာ”ဟု ပဲခူးၿမိဳ႕ခံတစ္ဦးက ေျပာသည္။
စစ္ေကာင္စီလက္ေအာက္ခံတပ္ဖြဲ႕ဝင္အခ်င္းခ်င္း ပစ္သတ္ခံရ၍ ေသဆုံးသြားသူ ဒုရဲမႉးသီဟ၏ ႐ုပ္အေလာင္းကို ပဲခူးေဆး႐ုံႀကီး ရင္ခြဲ႐ုံသို႔ ပို႔ထားေၾကာင္း သိရသည္။
(ေသဆုံးသူ ဒုရဲမႉးသီဟအား ေတြ႕ရစဥ္)
ပဲခူးမြို့တွင် ယာဉ်စစ်အဖွဲ့က ကားရပ်မပေး၍ပစ်ခတ်ရာ ဒုရဲမှူးတစ်ဦးသေ
ကျော်ဇော/People’s Spring
ယမန်နေ့က ပဲခူးမြို့ သုံးပွင့် ရဲမှူးတစ်ယောက်ကို ရဲအချင်းချင်း_က_ပစ်သတ်
ဖြစ်စဉ်မှာ ညနေ ၅_နာရီ ခန့် က ပဲခူးတက္ကသိုလ်နားရှိ မီးပွိုင့်မှာ ရဲ များက စစ်ဆေးရေး ဆောင်ရွက် နေစဉ်
အိမ်စီးကား တစ်စီးမှာ ကုန်ကားနဲ့ ကွယ်နေ၍ စစ်ဆေးတဲ့ နေရာမှ အနည်းငယ် ကျော်ပြီးမှ ရပ်လိုက်ရာစစ်ဆေးရေး အဖွဲ့ မှ ရဲ တစ်ယောက်က၎င်း ကား ကို တံခါးဆွဲဖွင့်ပြီးဘာမပြောညာမပြောနဲ့ ကားမောင်းလာသူရဲ့ နားထင်ကို တေ့ပြီး သေနတ်နဲ့ ပစ်ချ လိုက်သည် ဟု သိရ ပါတယ်
၎င်း အပစ် ခံရသူမှာ အရပ်ဝတ်ဖြင့် ကားမောင်းလာသော သုံးပွင့်_ရဲအုပ် တစ်ယောက် ဖြစ်နေပြီး၎င်း နေရာမှာပင် ပွဲချင်းပြီး_သေဆုံးသွားကြောင်း သတင်းရရှိပါတယ်
ဖြစ်စဉ်မှာ ယနေ့(ဇွန် ၁)ညနေ ၅နာရီခန့်က ရန်ကုန် – မန္တလေးလမ်းဟောင်း ပဲခူးတက္ကသိုလ်အ နီးလမ်းဆုံတွင် စစ်ကောင်စီလက်အောက်ခံရဲများက တားဆီးစစ်ဆေးခဲ့သည်။
ထိုသို့ စစ်ဆေးမှုများပြုလုပ်နေစဉ် အိမ်စီးကားတစ်စီးမှာ ချက်ချင်းရပ်တန့်မပေးဘဲ ကုန်တင်ကားတစ်စီးနှင့်ကွယ်ကာ ရှေ့သို့ကျော်သွားစဉ် စစ်ဆေးရေးအဖွဲ့မှ ရဲတစ်ဦးက ကားနောက်သို့ပြေးလိုက်ပြီး ကားတံခါးဆွဲဖွင့်ပြီး အနီးကပ်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက ပြော သည်။
သေဆုံးသွားသူမှာ သီဟဆိုသူဖြစ်ပြီး ၎င်းသည် ပဲခူးမြို့ဇာတိဖြစ်ကာ စစ်ကောင်စီလက်အောက် တွင် ဒုရဲမှူးရာထူးဖြင့် ပြင်ဦးလွင်မြို့၌ တာဝန်ကျနေသူဖြစ်သည်။
“ပြင်ဦးလွင်ကနေ လာလည်တာ။ ပဲခူးမြို့ကမွေးရပ်မြေအိမ်ကို၊ သူအိမ်က ဆည်မြောင်းလမ်းမှာ”ဟု ပဲခူးမြို့ခံတစ်ဦးက ပြောသည်။
စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့ဝင်အချင်းချင်း ပစ်သတ်ခံရ၍ သေဆုံးသွားသူ ဒုရဲမှူးသီဟ၏ ရုပ်အလောင်းကို ပဲခူးဆေးရုံကြီး ရင်ခွဲရုံသို့ ပို့ထားကြောင်း သိရသည်။
(သေဆုံးသူ ဒုရဲမှူးသီဟအား တွေ့ရစဉ်)