Local News

၀ ရဲ႕ ျပည္နယ္ေတာင္းဆိုမႈ ​ေဇာ္မင္းထြန္း ေျဖရွင္းၿပီ ….

၀ ရဲ႕ ျပည္နယ္ေတာင္းဆိုမႈ ေဇာ္မင္းထြန္း ေျဖရွင္းၿပီ ….

လက္ရွိျပည္တြင္းေရးမွာ ဘယ္သူပဲ အုပ္ခ်ဳပ္ခ်ဳပ္ ဗမာတိုင္းရင္းသားေတြရဲ႕ အတြင္းေရးသာျဖစ္ၿပီး ပဋိပကၡပိုမျဖစ္ေစလိုတာေၾကာင့္ ဘယ္ဘက္မွလိုက္မွာမဟုတ္ဘူးဆိုၿပီး “ဝ”ျပည္နယ္ကိုယ္စားလွယ္ေတြဘက္ကေျပာလာပါတယ္။

စစ္ေကာင္စီဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ ဖိတ္ေခၚတဲ့ ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲကို တက္ေရာက္ခ်ိန္ “ဝ”ျပည္နယ္ကိုယ္စားလွယ္အဖြဲ႕က အခုလိုတင္ျပေျပာဆိုခဲ့တာလို႔ ဆိုပါတယ္။

လက္ရွိပဋိပကၡျဖစ္ေနတဲ့ သက္ဆိုင္သူေတြအေနနဲ႔ စစ္ေရးပဋိပကၡေၾကာင့္ တန္ဖိုးရွိတဲ့အသက္ေတြ ဆုံးရႈံးတာ၊ လူမႈအသိုင္းအဝိုင္းနဲ႔လူမ်ိဳးေတြၾကား ကြဲျပားမႈနဲ႔အမုန္းတရားေတြ ေရွာင္ရွားဖို႔ ေတြ႕ဆုံေဆြးေႏြးေရးမႈကေန အျမန္ဆုံးေျဖရွင္းဖို႔ တိုက္တြန္းခဲ့တယ္လို႔လည္း ဆိုပါတယ္။

စစ္ေကာင္စီဥကၠ႒ “ဝ”ျပည္ေသြးစည္းညီၫြတ္ေရးပါတီ(UWSP)ဒုတိယဥကၠ႒ ဦးေလာ့ယာကုဦးေဆာင္တဲ့ အဖြဲ႕တို႔ မေန႔ ေမ ၃၀ရက္မွ ာေနျပည္ေတာ္မွာေတြ႕ဆုံၾကတာျဖစ္ပါတယ္။

ဒါ့ျပင္ ကိုယ္စားလွယ္အဖြဲ႕ ဟာ စစ္ေကာင္စီဥကၠ႒နဲ႔ေတြ႕ဆုံခ်ိန္မွာ “ဝ”ျပည္နယ္ကို ခြဲထြက္မွာမဟုတ္တဲ့အေၾကာင္း၊ ႏိုင္ငံေတာ္ကာကြယ္ေရးနဲ႔သံတမန္ေရးရာကလြဲၿပီး စီမံအုပ္ခ်ဳပ္မႈအပိုင္းကိုေတာ့ ဆက္လုပ္မွာ ျဖစ္တဲ့အေၾကာင္း၊ “ဝ”အမ်ိဳးသားကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရျပည္နယ္တည္ေထာင္ဖို႔ ေတာင္းဆိုခဲ့တယ္လို႔လည္း ဆိုပါတယ္။

“ဝ” တပ္ဖြဲ႕ ဟာ တစ္ႏိုင္ငံလုံးအပစ္အခတ္ရပ္စဲေရးလက္မွတ္ေရးထိုးမထားတဲ့ အဖြဲ႕ ျဖစ္ေပမယ့္ တပ္နဲ႔ တိုက္ပြဲမျဖစ္တာ ႏွစ္ေပါင္း ၃၀ ေက်ာ္ပါၿပီ။ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕ေတြထဲမွာေတာ့ အင္အားအႀကီးဆုံးအဖြဲ႕လည္းျဖစ္ပါတယ္။

၀ ရဲ့ ပြည်နယ်တောင်းဆိုမှု ဇော်မင်းထွန်း ဖြေရှင်းပြီ ….

လက်ရှိပြည်တွင်းရေးမှာ ဘယ်သူပဲ အုပ်ချုပ်ချုပ် ဗမာတိုင်းရင်းသားတွေရဲ့ အတွင်းရေးသာဖြစ်ပြီး ပဋိပက္ခပိုမဖြစ်စေလိုတာကြောင့် ဘယ်ဘက်မှလိုက်မှာမဟုတ်ဘူးဆိုပြီး “ဝ”ပြည်နယ်ကိုယ်စားလှယ်တွေဘက်ကပြောလာပါတယ်။

စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဖိတ်ခေါ်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တက်ရောက်ချိန် “ဝ”ပြည်နယ်ကိုယ်စားလှယ်အဖွဲ့က အခုလိုတင်ပြပြောဆိုခဲ့တာလို့ ဆိုပါတယ်။

လက်ရှိပဋိပက္ခဖြစ်နေတဲ့ သက်ဆိုင်သူတွေအနေနဲ့ စစ်ရေးပဋိပက္ခကြောင့် တန်ဖိုးရှိတဲ့အသက်တွေ ဆုံးရှုံးတာ၊ လူမှုအသိုင်းအဝိုင်းနဲ့လူမျိုးတွေကြား ကွဲပြားမှုနဲ့အမုန်းတရားတွေ ရှောင်ရှားဖို့ တွေ့ဆုံဆွေးနွေးရေးမှုကနေ အမြန်ဆုံးဖြေရှင်းဖို့ တိုက်တွန်းခဲ့တယ်လို့လည်း ဆိုပါတယ်။

စစ်ကောင်စီဥက္ကဋ္ဌ “ဝ”ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSP)ဒုတိယဥက္ကဋ္ဌ ဦးလော့ယာကုဦးဆောင်တဲ့ အဖွဲ့တို့ မနေ့ မေ ၃၀ရက်မှ ာနေပြည်တော်မှာတွေ့ဆုံကြတာဖြစ်ပါတယ်။

ဒါ့ပြင် ကိုယ်စားလှယ်အဖွဲ့ ဟာ စစ်ကောင်စီဥက္ကဋ္ဌနဲ့တွေ့ဆုံချိန်မှာ “ဝ”ပြည်နယ်ကို ခွဲထွက်မှာမဟုတ်တဲ့အကြောင်း၊ နိုင်ငံတော်ကာကွယ်ရေးနဲ့သံတမန်ရေးရာကလွဲပြီး စီမံအုပ်ချုပ်မှုအပိုင်းကိုတော့ ဆက်လုပ်မှာ ဖြစ်တဲ့အကြောင်း၊ “ဝ”အမျိုးသားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်တည်ထောင်ဖို့ တောင်းဆိုခဲ့တယ်လို့လည်း ဆိုပါတယ်။

“ဝ” တပ်ဖွဲ့ ဟာ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးလက်မှတ်ရေးထိုးမထားတဲ့ အဖွဲ့ ဖြစ်ပေမယ့် တပ်နဲ့ တိုက်ပွဲမဖြစ်တာ နှစ်ပေါင်း ၃၀ ကျော်ပါပြီ။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေထဲမှာတော့ အင်အားအကြီးဆုံးအဖွဲ့လည်းဖြစ်ပါတယ်။