Local News

လူသိနည္းေသာ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ဘ၀ဇာတ္ေၾကာင္း

လူသိနည္းေသာ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ဘ၀ဇာတ္ေၾကာင္း

လက္ရွိ အာဏာသိမ္းစစ္ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္၏ ဘ၀ဇာတ္ေၾကာင္း၊ မိဘမ်ားႏွင့္ပတ္သက္၍ လူသိနည္းေသာအေၾကာင္းအရာမ်ားကို မဇၩိမက စုံစမ္းေဖာ္ထုတ္ရသမွ် ျပန္လည္ေဖာ္ျပလိုက္ပါသည္။

ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္၏ မိဘႏွစ္ပါးျဖစ္ေသာ ဦးခင္လႈိင္၊ ေဒၚလွမူတို႔ႏွစ္ဦးလုံးမွာ တနသၤာရီတိုင္းေဒသႀကီး၊ ထားဝယ္ဇာတိျဖစ္ၾကကာ ဘုရားႀကီးလမ္းေျမာက္႐ြာရပ္ကြက္ ေ႐ႊေတာင္စားလမ္းရွိ ႏွစ္ေဆာင္ၿပိဳင္အိမ္တစ္ခုတြင္ ေနခဲ့ဖူးၾကသည္။ ထားဝယ္ၿမိဳ႕သို႔ေရာက္လွ်င္ အဆိုပါေနအိမ္သို႔ ေနာင္တြင္စစ္ေခါင္းေဆာင္ျဖစ္လာသူက အလည္ပတ္ဝင္ေလ့ရွိသည္။ အာဏာသိမ္းၿပီးကာစတြင္ ဦးခင္လႈိင္ႏွင့္အမ်ိဳးေတာ္စပ္သူ အဆိုပါေနအိမ္ရွိလူမ်ားလုံၿခဳံေရးစိုးရိမ္မႈျဖင့္ ေနရာေ႐ႊ႕ေျပာင္းေနထိုင္မႈမ်ားျဖစ္ေပၚခဲ့သည္ဟု ေဒသခံတစ္ဦးက မဇၩိမသို႔ေျပာသည္။

ပညာေရးဝန္ထမ္းမ်ားျဖစ္ၾကေသာ မိဘမ်ားက မေကြးတိုင္းေဒသႀကီး၊ မင္းဘူးၿမိဳ႕သို႔ေျပာင္းေ႐ႊ႕တာဝန္ထမ္းေဆာင္ရင္း ၁၉၅၆ ခုႏွစ္ ဇူလိုင္လ ၃ ရက္ေန႔တြင္ ေမာင္မင္းေအာင္လႈိင္ကို ေမြးဖြားသည္။ သူငယ္စဥ္က အိမ္နာမည္ ဖိုးသာေအးဟုေခၚကာ အမ်ိဳးသားသုံးေယာက္၊ အမ်ိဳးသမီးႏွစ္ေယာက္ပါသည့္ ေမြးခ်င္းငါးေယာက္အနက္ စတုတၱေျမာက္ျဖစ္သည္။

ဖခင္ျဖစ္သူ ပန္းခ်ီဆရာ ဦးခင္လႈိင္သည္ မင္းဘူးၿမိဳ႕မွ မႏၲေလးဆရာအတတ္သင္သိပၸံေက်ာင္း (STDC)၏ ပန္းခ်ီဌာနမႉးအျဖစ္ ၁၉၆၁ ခုႏွစ္တြင္ ေျပာင္းေ႐ႊ႕တာဝန္က်ေသာအခါ ေမာင္မင္းေအာင္လႈိင္မွာ မႏၲေလးတြင္ မူလတန္းစတက္ရၿပီး ၁၉၆၆ ခုႏွစ္အထိ ပညာသင္ၾကားခဲ့သည္။

ဦးခင္လႈိင္ ပညာေရးဝန္ႀကီးဌာနမွ ေဆာက္လုပ္ေရးဝန္ႀကီးဌာန၏ ပန္းခ်ီ၊ ပန္းပုဌာနသို႔ကူးေျပာင္းကာ မႏၲေလးမွ ရန္ကုန္သို႔ ေျပာင္းေ႐ႊ႕တာဝန္က်ေသာအခါ ၁၉၆၇ ခုႏွစ္တြင္ ေမာင္မင္းေအာင္လႈိင္မွာ ရန္ကုန္အထက (၁) လသာတြင္ ဆက္လက္ပညာသင္ၾကားကာ ၁၉၇၂ ခုႏွစ္တြင္ ဒႆမတန္းေအာင္ျမင္ခဲ့သည္။ထိုစဥ္က ရန္ကုန္ၿမိဳ႕ရွိ ၎တို႔ေနအိမ္မွာ ဆူးေလဗဟိုမီးသတ္ေရွ႕ဘက္က တိုက္ခန္းတစ္ခုတြင္ျဖစ္ကာ ဗိုလ္ခ်ဳပ္ႀကီးေနဝင္းအာဏာသိမ္ၿပီးေနာက္ျပည္သူပိုင္သိမ္းၿပီး နီးစပ္ရာဝန္ထမ္းမ်ားကိုေပးထားေလ့ရွိသည့္ တိုက္ခန္းမ်ားထဲမွတစ္ခုျဖစ္သည္။

ဒႆမတန္းေအာင္ၿပီးေနာက္ ကိုမင္းေအာင္လႈိင္မွာ ရန္ကုန္တကၠသိုလ္ ဥပေဒပညာ တက္ေရာက္သင္ၾကားရင္း ၁၉၇၄ ခုႏွစ္တြင္ စစ္တကၠသိုလ္ ဗိုလ္ေလာင္းသင္တန္း အပတ္စဥ္ (၁၉) ဝင္ခြင့္ရရွိခဲ့ရာ ျပင္ဦးလြင္ၿမိဳ႕ရွိ စစ္တကၠသိုလ္သို႔ တက္ေရာက္သည္။ ” မင္းေအာင္လႈိင္က ေမာင္ႏွစ္မေတြထဲ ဂ်စ္ကန္ကန္ႏိုင္တယ္” ဟု ငယ္ဘ၀ အိမ္နီးခ်င္းတစ္ဦးက မဇၩိမကိုေျပာသည္။

ဖခင္ျဖစ္သူဦးခင္လႈိင္သည္ ေဆာက္လုပ္ေရးဝန္ႀကီးဌာန ပန္းခ်ီဌာနတြင္ ပန္းခ်ီဦးစီးအရာရွိအျဖစ္ တာဝန္ထမ္းေဆာင္ၿပီး ပင္စင္ယူခါနီး ႏွစ္ႏွစ္အလိုတြင္ ဌာနတြင္းလက္ေအာက္ဝန္ထမ္းမ်ားက စုေပါင္းလက္မွတ္ထိုးတိုင္ၾကားခ်က္ေၾကာင့္ အလုပ္ျဖဳတ္ခံခဲ့ရသည္။ သို႔ေသာ္ ထိုစဥ္က ေဆာက္လုပ္ေရးဝန္ႀကီးျဖစ္ေသာ ဗိုလ္မႉးခ်ဳပ္စိန္ဝင္း အကူညီျဖင့္ ပင္စင္ခံစားခြင့္ေတာ့ရခဲ့သည္။

၁၉၆၂ ခုႏွစ္တြင္အာဏာသိမ္းေသာ ဗိုလ္ခ်ဳပ္ႀကီးေနဝင္း၏ ေတာ္လွန္ေရးေကာင္စီတြင္ အဖြဲ႕ဝင္ျဖစ္ခဲ့ဖူးေသာ ဗိုလ္မႉးခ်ဳပ္စိန္ဝင္းသည္ ၁၉၆၄ ခုႏွစ္တြင္ ေတာ္လွန္ေရးအစိုးရအဖြဲ႕ ျပည္သူ႔လုပ္ငန္း ႏွင့္အိမ္ရာ ေဆာက္လုပ္ေရး ဌာန တာဝန္ခံ(ဝန္ႀကီး) ျဖစ္လာခဲ့ရာက ဦးခင္လႈိင္ ဝန္ႀကီးဌာနေျပာင္းလဲလုပ္ကိုင္ႏိုင္ျခင္းအတြက္ ပင္မအေၾကာင္းျဖစ္ခဲ့သည္။ ဝန္ႀကီးခ်ဳပ္အထိျဖစ္သြားခဲ့ေသာ ဗိုလ္ခ်ဳပ္စိန္ဝင္းသည္ေမာ္လၿမိဳင္ၿမိဳ႕ တြင္ေမြးဖြားခဲ့ေသာ္လည္း ထားဝယ္တြင္ငယ္စဥ္ကပင္အ႐ြယ္ေရာက္သည္အထိေနထိုင္ခဲ့ဖူးသည္။

ဦးခင္လႈိင္သည္ ဘ၀ေႏွာင္းပိုင္းကို ပဲခူးၿမိဳ႕ ေ႐ႊသာေလ်ာင္းဘုရားအေနာက္ဘက္ဇရပ္တြင္ ​ေနထိုင္သြားခဲ့ၿပီး မထင္မရွားျဖင့္ ကြယ္လြန္သြားခဲ့သည္။ ကြယ္လြန္ၿပီးေနာက္ သူႏွင့္ညိစြန္းမႈျပဳခဲ့သည္ဟုဆိုၾကေသာ သားအမိမွာ သီလရွင္ဝတ္သြားခဲ့သည္ဟု မိတ္ေဆြေဟာင္းမ်ားက မဇၩိမကို ေျပာသည္။

လူသိနည်းသော ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဘဝဇာတ်ကြောင်း

လက်ရှိ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ဘဝဇာတ်ကြောင်း၊ မိဘများနှင့်ပတ်သက်၍ လူသိနည်းသောအကြောင်းအရာများကို မဇ္ဈိမက စုံစမ်းဖော်ထုတ်ရသမျှ ပြန်လည်ဖော်ပြလိုက်ပါသည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ မိဘနှစ်ပါးဖြစ်သော ဦးခင်လှိုင်၊ ဒေါ်လှမူတို့နှစ်ဦးလုံးမှာ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ဇာတိဖြစ်ကြကာ ဘုရားကြီးလမ်းမြောက်ရွာရပ်ကွက် ရွှေတောင်စားလမ်းရှိ နှစ်ဆောင်ပြိုင်အိမ်တစ်ခုတွင် နေခဲ့ဖူးကြသည်။ ထားဝယ်မြို့သို့ရောက်လျှင် အဆိုပါနေအိမ်သို့ နောင်တွင်စစ်ခေါင်းဆောင်ဖြစ်လာသူက အလည်ပတ်ဝင်လေ့ရှိသည်။ အာဏာသိမ်းပြီးကာစတွင် ဦးခင်လှိုင်နှင့်အမျိုးတော်စပ်သူ အဆိုပါနေအိမ်ရှိလူများလုံခြုံရေးစိုးရိမ်မှုဖြင့် နေရာရွှေ့ပြောင်းနေထိုင်မှုများဖြစ်ပေါ်ခဲ့သည်ဟု ဒေသခံတစ်ဦးက မဇ္ဈိမသို့ပြောသည်။

ပညာရေးဝန်ထမ်းများဖြစ်ကြသော မိဘများက မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့သို့ပြောင်းရွှေ့တာဝန်ထမ်းဆောင်ရင်း ၁၉၅၆ ခုနှစ် ဇူလိုင်လ ၃ ရက်နေ့တွင် မောင်မင်းအောင်လှိုင်ကို မွေးဖွားသည်။ သူငယ်စဉ်က အိမ်နာမည် ဖိုးသာအေးဟုခေါ်ကာ အမျိုးသားသုံးယောက်၊ အမျိုးသမီးနှစ်ယောက်ပါသည့် မွေးချင်းငါးယောက်အနက် စတုတ္တမြောက်ဖြစ်သည်။

ဖခင်ဖြစ်သူ ပန်းချီဆရာ ဦးခင်လှိုင်သည် မင်းဘူးမြို့မှ မန္တလေးဆရာအတတ်သင်သိပ္ပံကျောင်း (STDC)၏ ပန်းချီဌာနမှူးအဖြစ် ၁၉၆၁ ခုနှစ်တွင် ပြောင်းရွှေ့တာဝန်ကျသောအခါ မောင်မင်းအောင်လှိုင်မှာ မန္တလေးတွင် မူလတန်းစတက်ရပြီး ၁၉၆၆ ခုနှစ်အထိ ပညာသင်ကြားခဲ့သည်။

ဦးခင်လှိုင် ပညာရေးဝန်ကြီးဌာနမှ ဆောက်လုပ်ရေးဝန်ကြီးဌာန၏ ပန်းချီ၊ ပန်းပုဌာနသို့ကူးပြောင်းကာ မန္တလေးမှ ရန်ကုန်သို့ ပြောင်းရွှေ့တာဝန်ကျသောအခါ ၁၉၆၇ ခုနှစ်တွင် မောင်မင်းအောင်လှိုင်မှာ ရန်ကုန်အထက (၁) လသာတွင် ဆက်လက်ပညာသင်ကြားကာ ၁၉၇၂ ခုနှစ်တွင် ဒဿမတန်းအောင်မြင်ခဲ့သည်။ထိုစဉ်က ရန်ကုန်မြို့ရှိ ၎င်းတို့နေအိမ်မှာ ဆူးလေဗဟိုမီးသတ်ရှေ့ဘက်က တိုက်ခန်းတစ်ခုတွင်ဖြစ်ကာ ဗိုလ်ချုပ်ကြီးနေဝင်းအာဏာသိမ်ပြီးနောက်ပြည်သူပိုင်သိမ်းပြီး နီးစပ်ရာဝန်ထမ်းများကိုပေးထားလေ့ရှိသည့် တိုက်ခန်းများထဲမှတစ်ခုဖြစ်သည်။

ဒဿမတန်းအောင်ပြီးနောက် ကိုမင်းအောင်လှိုင်မှာ ရန်ကုန်တက္ကသိုလ် ဥပဒေပညာ တက်ရောက်သင်ကြားရင်း ၁၉၇၄ ခုနှစ်တွင် စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်း အပတ်စဉ် (၁၉) ဝင်ခွင့်ရရှိခဲ့ရာ ပြင်ဦးလွင်မြို့ရှိ စစ်တက္ကသိုလ်သို့ တက်ရောက်သည်။ ” မင်းအောင်လှိုင်က မောင်နှစ်မတွေထဲ ဂျစ်ကန်ကန်နိုင်တယ်” ဟု ငယ်ဘ၀ အိမ်နီးချင်းတစ်ဦးက မဇ္ဈိမကိုပြောသည်။

ဖခင်ဖြစ်သူဦးခင်လှိုင်သည် ဆောက်လုပ်ရေးဝန်ကြီးဌာန ပန်းချီဌာနတွင် ပန်းချီဦးစီးအရာရှိအဖြစ် တာဝန်ထမ်းဆောင်ပြီး ပင်စင်ယူခါနီး နှစ်နှစ်အလိုတွင် ဌာနတွင်းလက်အောက်ဝန်ထမ်းများက စုပေါင်းလက်မှတ်ထိုးတိုင်ကြားချက်ကြောင့် အလုပ်ဖြုတ်ခံခဲ့ရသည်။ သို့သော် ထိုစဉ်က ဆောက်လုပ်ရေးဝန်ကြီးဖြစ်သော ဗိုလ်မှူးချုပ်စိန်ဝင်း အကူညီဖြင့် ပင်စင်ခံစားခွင့်တော့ရခဲ့သည်။

၁၉၆၂ ခုနှစ်တွင်အာဏာသိမ်းသော ဗိုလ်ချုပ်ကြီးနေဝင်း၏ တော်လှန်ရေးကောင်စီတွင် အဖွဲ့ဝင်ဖြစ်ခဲ့ဖူးသော ဗိုလ်မှူးချုပ်စိန်ဝင်းသည် ၁၉၆၄ ခုနှစ်တွင် တော်လှန်ရေးအစိုးရအဖွဲ့ ပြည်သူ့လုပ်ငန်း နှင့်အိမ်ရာ ဆောက်လုပ်ရေး ဌာန တာဝန်ခံ(ဝန်ကြီး) ဖြစ်လာခဲ့ရာက ဦးခင်လှိုင် ဝန်ကြီးဌာနပြောင်းလဲလုပ်ကိုင်နိုင်ခြင်းအတွက် ပင်မအကြောင်းဖြစ်ခဲ့သည်။ ဝန်ကြီးချုပ်အထိဖြစ်သွားခဲ့သော ဗိုလ်ချုပ်စိန်ဝင်းသည်မော်လမြိုင်မြို့ တွင်မွေးဖွားခဲ့သော်လည်း ထားဝယ်တွင်ငယ်စဉ်ကပင်အရွယ်ရောက်သည်အထိနေထိုင်ခဲ့ဖူးသည်။

ဦးခင်လှိုင်သည် ဘဝနှောင်းပိုင်းကို ပဲခူးမြို့ ရွှေသာလျောင်းဘုရားအနောက်ဘက်ဇရပ်တွင် နေထိုင်သွားခဲ့ပြီး မထင်မရှားဖြင့် ကွယ်လွန်သွားခဲ့သည်။ ကွယ်လွန်ပြီးနောက် သူနှင့်ညိစွန်းမှုပြုခဲ့သည်ဟုဆိုကြသော သားအမိမှာ သီလရှင်ဝတ်သွားခဲ့သည်ဟု မိတ်ဆွေဟောင်းများက မဇ္ဈိမကို ပြောသည်။