Local News


ရန်ကုန်၊ ဇွန် ၂






ခေတ်သစ်သစ် အယ်ဒီတာချုပ် ဦးသာလွန်ဇောင်းထက်နှင့် ဦးကံဇော်တို့ကို ရဲတပ်ဖွဲ့က လိုက်လံဖမ်းဆီးနေ(ရုပ်/သံ)

ရန်ကုန်၊ ဇွန် ၂

ရန်ကုန်ခေတ်သစ်သစ်အယ်ဒီတာချုပ် ဦးသာလွန်ဇောင်းထက်နှင့် ဦးကံဇော်တို့ကို ရဲတပ်ဖွဲ့က နေထိုင်ခဲ့ရာ ရန်ကုန်ရှိ အိမ်များတွင် လိုက်လံ ဖမ်းဆီးလျက်ရှိပြီး နေအိမ်များကိုလည်း ဆက်တိုက်ဆိုသလို ချိတ်ပိတ်လျက်ရှိကြောင်း သိရှိရသည်။

၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၃ ရက်နေ့တွင်တောင်ဥက္ကလာပရှိ အယ်ဒီတာဦးကံဇော်နေထိုင်ခဲ့သော နေအိမ်ကို ဝင်ရောက် စီးနင်းခဲ့ပြီး လူဖမ်းမိခြင်းမရှိသဖြင့် ဓာတ်ပုံနှင့်သန်းခေါင်စာရင်းမှတ်တမ်းများကို ယူသွားခဲ့ကြသည်။

ခေတ်သစ်သစ် အယ်ဒီတာချုပ် သာလွန်ဇောင်းထက်၏ စမ်းချောင်းမြို့နယ်၊ မင်း လမ်း၊ အိမ်အမှတ် ၆၅ ၊ ၅ လွှာ (A) နေအိမ်ကို ဖေဖော်ဝါရီလအတွင်း အကြမ်းဖက် စစ်ကောင်စီက ချိတ်ပိတ်ခဲ့ပြီး ခေတ်သစ်အယ်ဒီတာဟောင်း မခင်နှင်းကြည် သာ နေထိုင်ဖူးခဲ့သည့် စမ်းချောင်းမြို့နယ်၊ မြင့်မိုရ်လမ်း ၊ အမှတ် ၇ မင်းတိရိစ္ဆာန်ဆေး ကုခန်းအိမ်ကိုမတ်လ ၂၃ ရက်နေ့ နံနက်ပိုင်း ဝရမ်းစာလာကပ်ပြီး ချိတ်ပိတ်သွား ခဲ့သည်။

အလားတူ အယ်ဒီတာဟောင်း မခင်နှင်းကြည်သာ ငှားနေခဲ့ဖူးသည့် အလုံမြို့ နယ်မှ တိုက်ခန်းတစ်ခုကို စစ်ကောင်စီက ချိတ်ပိတ်ခဲ့သည်။

ခေတ်သစ်သစ် သတင်းဌာန၏ တည်ထောင်သူနှင့် အယ်ဒီတာချုပ် သာလွန်ဇောင်းထက်၊ အယ်ဒီတာ ကံဇော်၊ အယ်ဒီတာဟောင်း ခင်နှင်းကြည်သာတို့ကို စစ်ကောင်စီက ပုဒ်မ ၁၂၄ (က) ၊ ပုဒ်မ ၁၇ (၁) ၊ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀ (က) ၊ ၅၂ (က)။ ပုဒ်မ ၅၀၅ (က) တို့ဖြင့် အမှုဖွင့်ထားပြီး အဆို ပါ ပုဒ်မများသည် သေဒဏ်အထိ ချမှတ်နိုင်သော ပုဒ်မများလည်းဖြစ်သည်။