Local News

အိမ္စီးကားတစ္စီးကို စစ္တပ္က ကားျဖင့္ လိုက္တိုက္ၿပီး ကားသမား အပါအဝင္ အမ်ိဳးသမီးမ်ားကို ဖမ္းဆီးသြာ

မႏၲေလး၊ စစ္ကိုင္းႏွင့္ အျမန္လမ္းေနရာမ်ားတြင္ စစ္တပ္က ျပည္သူမ်ားကို အျပစ္မရွိဘဲ ဖမ္းဆီးၿပီး ေငြညႇစ္မႈမ်ား၊ စခန္းေခၚ ႐ိုက္ႏွက္ညႇဥ္းပန္းမႈမ်ား ဆက္တိုက္ျဖစ္ေပၚေန(႐ုပ္/သံ)

ရန္ကုန္၊ ဇြန္ ၂

မႏၲေလး၊ စစ္ကိုင္းႏွင့္ အျမန္လမ္းအပါအဝင္ ၿမိဳ႕ႀကီးမ်ားတြင္ စစ္တပ္က ျပည္သူမ်ားကို အျပစ္မရွိဘဲ အေၾကာင္းမဲ့ ဖမ္းဆီးၿပီး ေငြညႇစ္မႈမ်ား၊ စခန္းေခၚ ႐ိုက္ႏွက္ညႇဥ္းပန္းမႈမ်ား ဆက္တိုက္ျဖစ္ေပၚေနေၾကာင္း ေဒသခံမ်ားက ရန္ကုန္ေခတ္သစ္သတင္းဌာနသို႔ ေျပာဆိုသည္။

မႏၲေလးတိုင္း၊ အမရပူရၿမိဳ႕နယ္၊ New Day ဓာတ္ဆီဆိုင္နားတြင္ ယေန႔ နံနက္ ၁၁ နာရီအခ်ိန္ အိမ္စီးကားတစ္စီးကို စစ္တပ္က ကားျဖင့္ လိုက္တိုက္ၿပီး ကားသမား အပါအဝင္ အမ်ိဳးသမီးမ်ားကို ဖမ္းဆီးသြားေၾကာင္း၊ မည္သည့္ အတြက္ ေၾကာင့္ ဖမ္းဆီးသည္ကို မသိရေၾကာင္း‌ ေဒသခံတစ္ဦးက ရန္ကုန္ေခတ္သစ္သတင္းဌာနသို႔ ေျပာဆိုသည္။

အလားတူ ဇြန္လ ၁ ရက္ေန႔ ည ၁၀ နာရီအခ်ိန္ ရန္ကုန္-မႏၲေလး အျမန္လမ္း ေနျပည္ေတာ္ တိုးဂိတ္အေက်ာ္ မိုင္တိုင္ ၂၀၅ ႏွင့္ ၂၁၀ ၾကား ေနျပည္ေတာ္- မိထၳီလာ အသြားဘက္အျခမ္း အျမန္လမ္းေပၚဖြင့္လစ္ထားေသာ စားေသာက္ဆိုင္ကို အမည္မသိ ေခါင္းစြပ္ဝတ္ထားေသာ ေသနတ္ကိုင္ ခန္႔မွန္း ၁၅ ဦးခန္႔ ေရာက္ ရွိလာၿပီး ညအိပ္ရပ္နားေနသည့္ ကား ၈ စီးခန္႔ႏွင္ ေယာက္က်ားေလး ၁၀ ဦးခန႔္ကို ကားမ်ားႏွင့္အတူ ဖမ္းဆီးေခၚေဆာင္သြားေၾကာင္း၊

ဇြန္လ ၂ ရက္ေန႔အထိ ဖမ္းဆီးခံရသူမ်ား၏ သတင္း မရရွိဘဲ ေပ်ာက္ဆုံးေနေၾကာင္း ၊ ရဲဘက္က စစ္တပ္က ဖမ္းဆီးသည္ဟု မွတ္ခ်က္ျပဳထားေၾကာင္း၊ သတင္းမေပါက္ၾကား ေစရန္ ရဲမ်ားက ေဒသခံမ်ားကို ၿခိမ္းေျခာက္ ဖိအားေပးေနေၾကာင္း ေဒသခံမ်ားက ရန္ကုန္ေခတ္သစ္သတင္းဌာနသို႔ ေျပာဆိုသည္။

ထို႔ျပင္ မႏၲေလးတိုင္း၊ ပုသိမ္ႀကီး ၿမိဳနယ္ ေ႐ႊစာရံ႐ြာ ခ႐ိုင္ ခ်င္းဆက္လမ္း တံတားတြင္ ယေန႔ မြန္းလြဲ ၂ နာရီဝန္းက်င္အခ်ိန္ လူငယ္၂ ဦးကို စစ္တပ္က ေသနတ္ျဖင့္ အခ်က္၂၀ေက်ာ္ပစ္ခက္ ဖမ္းဆီးသြားေၾကာင္း၊ လူငယ္ ၂ ဦးမွာ ဒဏ္ရာရရွိသြားေၾကာင္း ေဒသခံမ်ားက ေျပာဆိုၾကသည္။

အလားတူ စစ္ကိုင္းတိုင္း ခင္ဦး-ေရဦးတံတားအေရွ႕ဘက္အျခမ္းတြင္ ဇြန္လ ၂ ရက္ေန႔ မြန္းတည့္ ၁၂ နာရီအခ်ိန္ ပဲေကာက္ျပန္လာေသာ အလုပ္သမ မိန္း ကေလး ၁၅ ဦးကို စစ္တပ္က တားဆီးစစ္ေဆးမႈမ်ား လုပ္ေဆာင္ၿပီး “PDF အလိုမရွိ” ဟု ေႂကြးေၾကာ္ခိုင္းကာ ျပန္လႊတ္လိုက္ေၾကာင္း ေဒသခံမ်ား၏ အဆိုအရ သိရွိရသည္။

ဗီဒီယို- မႏၲေလးတိုင္း၊ အမရပူရၿမိဳ႕နယ္၊ New Day ဓာတ္ဆီဆိုင္နားတြင္ ယေန႔ နံနက္ ၁၁ နာရီအခ်ိန္ အိမ္စီးကားတစ္စီးကို စစ္တပ္က ကားျဖင့္ လိုက္တိုက္ၿပီး ကားသမား အပါအဝင္ အမ်ိဳးသမီးမ်ားကို ဖမ္းဆီးသြားသည့္ဗီဒီယို။

မန္တလေး၊ စစ်ကိုင်းနှင့် အမြန်လမ်းနေရာများတွင် စစ်တပ်က ပြည်သူများကို အပြစ်မရှိဘဲ ဖမ်းဆီးပြီး ငွေညှစ်မှုများ၊ စခန်းခေါ် ရိုက်နှက်ညှဉ်းပန်းမှုများ ဆက်တိုက်ဖြစ်ပေါ်နေ(ရုပ်/သံ)

ရန်ကုန်၊ ဇွန် ၂

မန္တလေး၊ စစ်ကိုင်းနှင့် အမြန်လမ်းအပါအဝင် မြို့ကြီးများတွင် စစ်တပ်က ပြည်သူများကို အပြစ်မရှိဘဲ အကြောင်းမဲ့ ဖမ်းဆီးပြီး ငွေညှစ်မှုများ၊ စခန်းခေါ် ရိုက်နှက်ညှဉ်းပန်းမှုများ ဆက်တိုက်ဖြစ်ပေါ်နေကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

မန္တလေးတိုင်း၊ အမရပူရမြို့နယ်၊ New Day ဓာတ်ဆီဆိုင်နားတွင် ယနေ့ နံနက် ၁၁ နာရီအချိန် အိမ်စီးကားတစ်စီးကို စစ်တပ်က ကားဖြင့် လိုက်တိုက်ပြီး ကားသမား အပါအဝင် အမျိုးသမီးများကို ဖမ်းဆီးသွားကြောင်း၊ မည်သည့် အတွက် ကြောင့် ဖမ်းဆီးသည်ကို မသိရကြောင်း‌ ဒေသခံတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

အလားတူ ဇွန်လ ၁ ရက်နေ့ ည ၁၀ နာရီအချိန် ရန်ကုန်-မန္တလေး အမြန်လမ်း နေပြည်တော် တိုးဂိတ်အကျော် မိုင်တိုင် ၂၀၅ နှင့် ၂၁၀ ကြား နေပြည်တော်- မိထ္ထီလာ အသွားဘက်အခြမ်း အမြန်လမ်းပေါ်ဖွင့်လစ်ထားသော စားသောက်ဆိုင်ကို အမည်မသိ ခေါင်းစွပ်ဝတ်ထားသော သေနတ်ကိုင် ခန့်မှန်း ၁၅ ဦးခန့် ရောက် ရှိလာပြီး ညအိပ်ရပ်နားနေသည့် ကား ၈ စီးခန့်နှင် ယောက်ကျားလေး ၁၀ ဦးခန့်ကို ကားများနှင့်အတူ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း၊

ဇွန်လ ၂ ရက်နေ့အထိ ဖမ်းဆီးခံရသူများ၏ သတင်း မရရှိဘဲ ပျောက်ဆုံးနေကြောင်း ၊ ရဲဘက်က စစ်တပ်က ဖမ်းဆီးသည်ဟု မှတ်ချက်ပြုထားကြောင်း၊ သတင်းမပေါက်ကြား စေရန် ရဲများက ဒေသခံများကို ခြိမ်းခြောက် ဖိအားပေးနေကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

ထို့ပြင် မန္တလေးတိုင်း၊ ပုသိမ်ကြီး မြိုနယ် ရွှေစာရံရွာ ခရိုင် ချင်းဆက်လမ်း တံတားတွင် ယနေ့ မွန်းလွဲ ၂ နာရီဝန်းကျင်အချိန် လူငယ်၂ ဦးကို စစ်တပ်က သေနတ်ဖြင့် အချက်၂၀ကျော်ပစ်ခက် ဖမ်းဆီးသွားကြောင်း၊ လူငယ် ၂ ဦးမှာ ဒဏ်ရာရရှိသွားကြောင်း ဒေသခံများက ပြောဆိုကြသည်။

အလားတူ စစ်ကိုင်းတိုင်း ခင်ဦး-ရေဦးတံတားအရှေ့ဘက်အခြမ်းတွင် ဇွန်လ ၂ ရက်နေ့ မွန်းတည့် ၁၂ နာရီအချိန် ပဲကောက်ပြန်လာသော အလုပ်သမ မိန်း ကလေး ၁၅ ဦးကို စစ်တပ်က တားဆီးစစ်ဆေးမှုများ လုပ်ဆောင်ပြီး “PDF အလိုမရှိ” ဟု ကြွေးကြော်ခိုင်းကာ ပြန်လွှတ်လိုက်ကြောင်း ဒေသခံများ၏ အဆိုအရ သိရှိရသည်။

ဗီဒီယို- မန္တလေးတိုင်း၊ အမရပူရမြို့နယ်၊ New Day ဓာတ်ဆီဆိုင်နားတွင် ယနေ့ နံနက် ၁၁ နာရီအချိန် အိမ်စီးကားတစ်စီးကို စစ်တပ်က ကားဖြင့် လိုက်တိုက်ပြီး ကားသမား အပါအဝင် အမျိုးသမီးများကို ဖမ်းဆီးသွားသည့်ဗီဒီယို။