Local News

စစ်တပ်အဖြစ်ကလည်းေ-မြွပွေးကို ခါးပိုက်ထဲ ပိုက်ရတာထက်ဆိုးနေပြီ


ရီလည်း ရီချင်စရာပဲလေရဲနဲ့ စစ်သားပြသာနာတက်အထက်ကို သက်ေ-သပေးဖို့လျှိုဝှက် video ရိုက်တာပြင်ပကို ပေါက်ကြားတယ်ပေါက်ကြားမူ အရေးယူဖို့မြို့နယ် ခရိုင် တိုင်း အလိုက်ကိုလျှိုဝှက်ပြီး စစ်ဆေးနေတာအဲဒါပါ အပြင်ထပ်ပေါက်ကြားဒီတိုင်းဆို တယောက်ယောက်ဟန်ပြအရေးယူမိရင်တောင်မီဒီယာထဲကို ထပ်ပြီးတော့



မကွေး၊ ဇွန် ၂၊ ၂၀၂၂။








#မြေလတ်အသံ

စစ်တပ်အဖြစ်ကလည်း ေ-မြွပွေးကို ခါးပိုက်ထဲပိုက်ရတာထက်ဆိုးနေပုံပဲ

ရီလည်း ရီချင်စရာပဲလေရဲနဲ့ စစ်သားပြသာနာတက်အထက်ကို သက်ေ-သပေးဖို့လျှိုဝှက် video ရိုက်တာပြင်ပကို ပေါက်ကြားတယ်ပေါက်ကြားမူ အရေးယူဖို့မြိ့ုနယ် ခရိုင် တိုင်း အလိုက်ကိုလျှိုဝှက်ပြီး စစ်ဆေးနေတာအဲဒါပါ အပြင်ထပ်ပေါက်ကြားဒီတိုင်းဆို တယောက်ယောက်ဟန်ပြအရေးယူမိရင်တောင်မီဒီယာထဲကို ထပ်ပြီးတော့

လျှိုဝှက် ပေါက်ကြားအုံးမှာပဲ မုန်းစွဲထဲက ကျော်ကျော်ဗိုလ်ဗားရှင်းနဲ့ ပြောရမယ်ဆိုရင်မအလ တယောက် သောင်ပြင်မှာဒူးထောက်ထိုင်နေပြီးတော့ငိုကြီးချက်မနဲ့ လက်သီးတန်းပြီးလျှိုဝှက်တွေ ဘယ်လောက်ထိ ပေါက်ကြားနေအုံးမှာလဲကွာဆိုပြီးအော်နေတဲ့ပုံ မြင်ယောင်လာ

မကွေးရဲစခန်း ဗီဒီယိုပေါက်ကြားမှု မြို့နယ်၊ ခရိုင်၊ တိုင်း ရဲတပ်ဖွဲ့ဝင်အများအပြား စစ်ဆေးခံနေရ

မကွေး၊ ဇွန် ၂၊ ၂၀၂၂။

မကွေးမြို့၊ မြို့ပတ်လမ်းနဲ့ တောင်တွင်းလမ်းထောင့် ဆုံမကျည်းအဝိုင်းထိပ်မှာရှိတဲ့ အမှတ် ၂ ရဲစခန်းမှာ မေလ ၃၁ ရက်နေ့ကစစ်ကောင်စီမကွေးလေတပ် စစ်သားနဲ့ အမှတ် ၂ ရဲစခန်းမှူး ရန်ဖြစ်တဲ့ ဗီဒီယိုဖိုင်ကို ဇွန်လ ၁ ရက်နေ့ မနေ့က လူမှုကွန်ရက်မှာ ပေါက်ကြားပျံ့နှံ့လာတာနဲ့ ပတ်သက်ပြီး ရဲတပ်ဖွဲ့ဝင်အများအပြား စစ်ဆေးခံနေရတယ်လို့ မကွေးရဲတပ်ဖွဲ့အသိုင်းအဝိုင်းထံက သိရပါတယ်။

အဲ့ဒီဗီဒီယိုကို ရဲတပ်ဖွဲ့ဝင်တဦးက ဖြစ်စဉ်ရဲ့မှတ်တမ်း အထောက်အထားအနေနဲ့ ရိုက်ကူးထားခဲ့တာဖြစ်ပြီး အထက်ရုံးတွေကို အဲဒီဗီဒီယိုဖိုင်ကိုပေးပို့ တင်ပြရာကနေ ပေါက်ကြားပျံ့နှံ့ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။

ဗီဒီယိုဖိုင်ပေါက်ကြားတာနဲ့ပတ်သက်ပြီး အမှတ် ၂ မကွေးမြို့မရဲစခန်းကတဆင့် တင်ပြခဲ့တဲ့ မြို့နယ်၊ ခရိုင်၊ တိုင်းရဲတပ်ဖွဲ့များမှ အဆိုပါဗီဒီယိုဖိုင်နဲ့ ဆက်စပ်သူရဲတပ်ဖွဲ့ဝင်အရာရှိတွေ အစစ်ဆေးခံနေရတာလို့ သိရပါတယ်။

“အမှတ် ၂ က မကွေးမြို့မစခန်းဘဲ။ အဲ့ဒီဖိုင်ကိုရိုက်တာက ဒုရဲအုပ်တယောက်လို့သိရတယ်။ သူကတော့ ဒီဖိုင်ကို ဖရဲသီးလုပ်ဖို့ ရိုက်တာမဟုတ်ဘူး။ စစ်တပ်နဲ့ ဖြစ်တာဆိုတော့ စုံစမ်းစစ်ဆေးရေးခုံရုံး(စုံ/ခုံ)တွေ ဘာတွေဖွဲ့ရမယ်ဆိုရင် သူတို့ရဲတွေဘက်ကိုလှည့်လာရင် သူတို့မမှားပါဘူး။ တပ်ကစထိုးကြိတ်တာဆိုတာမျိုး တင်ပြဖို့မှတ်တမ်းတင်ထားတဲ့သဘော။ အဲ့ဒီကနေ အဆင့်ဆင့်အဲ့ဒီဖိုင်ကို ပို့ပြီး တင်ပြတာကနေကြားထဲက အပြင်ကိုပေါက်ကြားတာလို့ သိရတယ်။

Privacy ပေါက်တဲ့ပုံစံမျိုးပေါ့။ အဲ့တာကြောင့် အဲ့ဒီဗီဒီယိုဖိုင်နဲ့ဆက်စပ်တဲ့ မြို့နယ်ရုံးတို့ ခရိုင်တို့ တိုင်းရုံးတို့ကရဲတွေပါ အစစ်ခံနေရတယ်လို့သိရတယ်” လို့ မကွေးရဲတပ်ဖွဲ့နဲ့နီးစပ်တဲ့ အမည်မဖော်လိုသူက မြေလတ်အသံကို ပြောပါတယ်။

အဲ့ဒီဗီဒီယိုဖိုင်နဲ့ပတ်သက်ပြီး စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့အကြားဝေဖန်မှုတွေမြင့်တက်နေပြီး မနေ့က ပြုလုပ်တဲ့ စစ်ကောင်စီသတင်းစာရှင်းလင်းပွဲမှာ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို ဗီဒီယိုဖိုင် ရိုက်ကူးတဲ့သူကို ဖော်ထုတ်အရေးယူဆောင်ရွက်ပေးဖို့ စစ်တပ်ထောက်ခံသူတွေက တိုက်တွန်းထားပါတယ်။

ပြီးခဲ့တဲ့ ဧပြီလထဲကဘဲ မကွေးတိုင်းစစ်ကောင်စီအစည်းအဝေးမှာပြောကြားခဲ့တဲ့ အစည်းအဝေးမှတ်တမ်း အသံဖိုင်ကို ရန်ကုန်ခေတ်သစ်မီဒီယာကိုပေးပို့ခဲ့လို့ဆိုပြီး မကွေးစစ်ကောင်စီအတွင်းရေးမှူးကို စစ်ကောင်စီတပ်က ဖမ်းဆီးထားတယ်လို့ သိရပါတယ်။

#မြေလတ်အသံ