Knowledge
စည်းပွားပျက်မယ့် အိမ်နိမိတ်
အိမ်တွင်းမှာ လာဘ်မတိတ်အောင် ဒီအချက်(၃၃)ချက်ကိုရှောင်
(၁)မီးဖိုအားစလောင်းဖုံးအုပ်ခြင်း
(၂)အိမ်ထောင်ဦးစီးလင်ယောင်္ကျားအားနိမ့်ကျသောနေရာတွင်ထားခြင်း
(၃)မိမိဇနီးသည်အားညာဘက်တွင်အိပ်စေခြင်း
(၄)စားသောက်သောအိုးခွက်ပန်းကန်များအားလွှင့်ပြစ်ခြင်း
(၅)ထမင်ဟင်းချက်ရင်းသီချင်းဆိုခြင်း
(၆)နေဝင်ခါစအချိန်တွင်အိပ်စက်ခြင်း
(၇)နေဝင်မိုးချုပ်လေချွန်ခြင်း
(၈)နေမထွက်ခင်ကြွေးပေး ကြွေးယူ ကြွေးတောင်းခံရခြင်း
(၉)နေဝင်နေထွက်ချိန်သန်းရှာခြင်း
(၁၀)နေဝင်နေထွက်ချိန်ကလေးများအားရိုက်ခြင်း
(၁၁)နေမွန်းတည့်ချိန်တိရိစ္ဆာန်များအားသတ်ဖြတ်ခြင်း
(၁၂)နေဝင် နေထွက်ချိန်တွင်ကျိန်စာတိုက်ခြင်း
(၁၃)အမျိုးသမီးများမိုးချုပ်ချိန်ဆံပင်ဖားလျှားဖြင့်အပြင်သို့သွားခြင်း
(၁၄)အမျိုးသမီးများ၏ မသန့်ရှင်းသောပစ္စည်းများကိုအိမ်ဦးခန်း၌ထားခြင်းစွန့်ပစ်ခြင်း
(၁၅)မိမိဝတ်သောပုဆိုး ထမိန်ဖြင့်မျက်နှာသုတ်ခြင်း
(၁၆)အိမ်အပေါက်အားနောက်ပြန်ဝင်ခြင်း
(၁၇)မျက်နှာမသစ်ပဲအစာစားခြင်း
(၁၈)မိမိခန္ဓာကိုယ်မှအမွှေးအမျှင်နှင့်မသန့်ရှင်းသောပစ္စည်းများအိမ်အတွင်းစွန့်ပစ်ခြင်း
(၁၉)သောက်ရေအိုးရေမလဲပဲခြောက်နေခြင်း
(၂၀)သောက်ရေအိုးမှ ရေကိုထမင်းဟင်းချက်ရာတွင်သုံးခြင်း
(၂၁)လင်သားအားစိတ်ဆိုး၍ကျောခိုင်းအိပ်ခြင်း
(၂၂)သားသမီး၊ဇနီးကို လင်သားက ငွေ(သို့မဟုတ်)အစားအစာပစ်ပေးခြင်း
(၂၃)အဝတ်အစားများပြောင်းပြန်ဝတ်ခြင်း
(၂၄)အိမ်အပေါက်အားကျောခိုင်းထိုင်ခြင်း
(၂၅)ထမင်းစားရင်းအိပ်ငိုက်ခြင်း
(၂၆)အိမ်၏မျက်နှာစာတွင် ကလေးငယ်အားအပေါ့အလေးစွန့်ခိုင်းခြင်း
(၂၇)ထမင်းရည်ပူအားမြေကြီးပေါ်သို့တိုက်ရိုက်ငှဲ့ချခြင်း
(၂၈)မိမိအိမ်သို့လာသော တောင်းစားသူများအား ဆဲဆိုလွှတ်ခြင်း
(၂၉)အိမ်သာတက်ရင်းအစားစားခြင်း
(၃၀)စားသောက်ပြီးအိုးခွက်ပန်းကန်များကိုအချိန်ကြာမြင့်စွာမဆေးပဲထားခြင်း
(၃၁)အိုးခွက်ပန်းကန်များကိုတီး၍သီချင်ဆိုခြင်း
(၃၂)အိမ်ရှေ့တည့်တည့်တွင်ထမိန်စကတ်များကိုလှန်းခြင်း၊ချွတ်ထားခြင်း
(၃၃)မိမိအိမ်တွင် မွေးမြူထားသောတိရိစ်ဆာန် များအားအစာမကျွေးပဲ လှောင်ထားခြင်းရိုက်နှက်ခြင်းတို့ကိုရှောင်ပါ။credit