ကျိုက်ထိုနဲ့သိမ်ဇရပ်ကြားကို အကြမ်းဖက်စစ်ကောင်စီတပ်တွေ လက်နက်ကြီးတွေနဲ့ပစ်ပြီးထိုးစစ်ဆင်ဖို့ပြင်နေ
Breaking News
ကျိုက်ထို ၊ ဇွန် ၂၊၂၀၂၂
ဒီနေ့ညနေ ၆နာရီ ကျော်ကစပြီး မွန်ပြည်နယ် ကျိုက်ထိုနဲ့ သိမ်ဇရပ်ကြားမှာအကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ ကလက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်မှုတွေ အဆက်မပြတ်လုပ်ဆောင်နေပြီး
အင်အား ၁၅၀လောက်နဲ့ ထိုးစစ်ဆင်ဖို့ပြင်ဆင်နေကြောင်း မြေပြင်က KNLA တပ်မဟာမှူးက Salween Press ကိုပြောပါတယ်။
“ ပစ်လိုက်တဲ့လက်နက်ကြီးကျည်တွေက မြေပေါ်တောင် မကျသေးဘူး နောက်ထပ်အလုံးတွေ ထပ်ပစ်နေတယ်
အင်အား ၁၅၀ လောက်နဲ့ထိုးစစ်ဆင်ဖို့အစီစဉ်ရှိတယ်လို့ သတင်းရထားတယ် “ လို့ KNLA အမှတ် ၁ လက်အောက်ခံ တပ်ရင်း ၃ က တပ်ရင်းမှူးတစ်ဦးက ဆိုပါတယ် ။
ကျိုက်ထိုနဲ့သိမ်ဇရပ်ကြား ပျဉ်းကတုံးကုန်းမှာအကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ဒီကနေ့ညမှာပဲ အင်အား ၁၅၀ လောက်နဲ့ ထိုးစစ်ဆင်ဖို့ စထွက်နေပြီလို့ မြေပြင်သတင်းတွေက သိရပါတယ်။
#Salweenpress