Local News

ဦးသန္းေ႐ႊသားမက္ ႏိုင္ငံျခားေရးမွာ ၫႊန္ခ်ဳပ္ျဖစ္လာ

ဦးသန္းေ႐ႊသားမက္ ႏိုင္ငံျခားေရးမွာ ၫႊန္ခ်ဳပ္ျဖစ္လာ

ဧရာဝတီ

စိန္စီေသာည ဟူေသာ မဂၤလာေဆာင္ ဗီဒီယိုျဖင့္ လူသိမ်ားခဲ့ေသာ ဗိုလ္ခ်ဳပ္မႉးႀကီး( ၿငိမ္း ) သန္းေ႐ႊ၏ သားမက္ျဖစ္သူ ဦးေဇာ္ၿဖိဳးဝင္းအား ႏိုင္ငံျခားေရးဝန္ႀကီးဌာန မဟာဗ်ဴဟာေလ့လာေရးႏွင့္ ေလ့က်င့္ေရး ဦးစီးဌာန ၫႊန္ၾကားေရးမႉးခ်ဳပ္အျဖစ္ ဇြန္လ ၃ ရက္ေန႔က ခန႔္အပ္လိုက္သည္

ဇြန္လ ၃ ရက္ေန႔ထုတ္ ျမန္မာ့အလင္း သတင္းစာတြင္ ႏိုင္ငံျခားေရးဝန္ႀကီးဌာန မဟာဗ်ဴဟာေလ့လာေရးႏွင့္ ေလ့က်င့္ေရးဦးစီးဌာန မွ ဒုတိယၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးေဇာ္ၿဖိဳးဝင္းအား အဆိုပါဌာန၏ ၫႊန္ၾကားေရးမႉးခ်ဳပ္ျဖစ္ အစမ္းခန႔္လိုက္သည္ဟု ေဖာ္ျပထားသည္။

“ဦးသန္းေ႐ႊသားမက္ဆိုေတာ့ ဖားၿပီး ေနရာေပးတာေပါ့ဗ်ာ။ တကယ္ေတာ့ သူလည္း မိုးက်ေ႐ႊကိုပဲ။ ကုန္သြယ္ေရးကေန MOFA ( ႏိုင္ငံျခားေရးဝန္ႀကီးဌာန) ကိုေျပာင္းလာတာ” ဟုႏိုင္ငံျခားေရးဝန္ႀကီးဌာနမွာ အရာထမ္းတဦးက ေျပာသည္။

ၫႊန္ၾကားေရးမႉးခ်ဳပ္ျဖစ္လာသူ ဦးေဇာ္ၿဖိဳးဝင္းသည္ ဗိုလ္ခ်ဳပ္မႉးႀကီးသန္းေ႐ႊ၏ သမီးျဖစ္သူ ေဒၚသႏၲာေ႐ႊ၏ခင္ပြန္းျဖစ္ၿပီး သူတို႔ႏွစ္ဦးမဂၤလာေဆာင္စဥ္က ခ႐ိုနီသူေဌး ဦးေတဇမွ စိန္တဆင္စာ လက္ဖြဲ႕ခဲ့ၿပီး သူတို႔မဂၤလာပြဲအား စိန္စီေသာ ညနာမည္ျဖင့္ လူသိမ်ားခဲ့သည္။

ဦးသန်းရွှေသားမက် နိုင်ငံခြားရေးမှာ ညွှန်ချုပ်ဖြစ်လာ

ဧရာဝတီ

စိန်စီသောည ဟူသော မင်္ဂလာဆောင် ဗီဒီယိုဖြင့် လူသိများခဲ့သော ဗိုလ်ချုပ်မှူးကြီး( ငြိမ်း ) သန်းရွှေ၏ သားမက်ဖြစ်သူ ဦးဇော်ဖြိုးဝင်းအား နိုင်ငံခြားရေးဝန်ကြီးဌာန မဟာဗျူဟာလေ့လာရေးနှင့် လေ့ကျင့်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်အဖြစ် ဇွန်လ ၃ ရက်နေ့က ခန့်အပ်လိုက်သည်

ဇွန်လ ၃ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် နိုင်ငံခြားရေးဝန်ကြီးဌာန မဟာဗျူဟာလေ့လာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်ဖြိုးဝင်းအား အဆိုပါဌာန၏ ညွှန်ကြားရေးမှူးချုပ်ဖြစ် အစမ်းခန့်လိုက်သည်ဟု ဖော်ပြထားသည်။

“ဦးသန်းရွှေသားမက်ဆိုတော့ ဖားပြီး နေရာပေးတာပေါ့ဗျာ။ တကယ်တော့ သူလည်း မိုးကျရွှေကိုပဲ။ ကုန်သွယ်ရေးကနေ MOFA ( နိုင်ငံခြားရေးဝန်ကြီးဌာန) ကိုပြောင်းလာတာ” ဟုနိုင်ငံခြားရေးဝန်ကြီးဌာနမှာ အရာထမ်းတဦးက ပြောသည်။

ညွှန်ကြားရေးမှူးချုပ်ဖြစ်လာသူ ဦးဇော်ဖြိုးဝင်းသည် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ သမီးဖြစ်သူ ဒေါ်သန္တာရွှေ၏ခင်ပွန်းဖြစ်ပြီး သူတို့နှစ်ဦးမင်္ဂလာဆောင်စဉ်က ခရိုနီသူဌေး ဦးတေဇမှ စိန်တဆင်စာ လက်ဖွဲ့ခဲ့ပြီး သူတို့မင်္ဂလာပွဲအား စိန်စီသော ညနာမည်ဖြင့် လူသိများခဲ့သည်။