Cele

ကမာၻႀကီးမွာ “ႏိုင္ျမင္း” က ငါတို႔ျပည္သူေတြဆိုတာ အသံေတြထြက္လာပါၿပီတဲ့

ယုံလိုက္စမ္းပါ… ကမာၻႀကီးမွာ “ႏိုင္ျမင္း” က ငါတို႔ျပည္သူေတြဆိုတာ အသံေတြထြက္လာပါၿပီတဲ့

၂၀၂၁ ေဖေဖာ္ဝါရီတုန္းက စစ္တပ္က ႏိုင္ႏိုင္တယ္လို႔ ေရးသားခဲ့တဲ့ ႏိုင္ငံတကာေဆာင္းပါးရွင္က ၂၀၂၂ေမလမွာ ေရးသားတဲ့ စစ္တပ္က ရႈံးလိမ့္မယ္လို႔ ေရးလာတယ္။ ေခတ္သစ္မွာ ဘာသာျပန္ေဆာင္းပါး တင္ထားတယ္။ ဖတ္ၾကည့္သင့္တယ္။

ေျပးပြဲတစ္ခုမွာ ေျပးေနတဲ့သူေတြ မျမင္တဲ့ရႈေထာင့္ေတြကို ေဘးက ရပ္ၾကည့္ေနသူေတြက ပိုျမင္ႏိုင္တယ္။ ဒီေတာ္လွန္​ေရးမွာ ဒီေဆာင္းပါးရွင္လိုလူက ေဘးကရပ္ၾကည့္ေနတဲ့သူပဲ။ သူတို႔အျမင္က ဒီေတာ္လွန္ေရးကို ဘယ္လိုျမင္လဲဆိုတာ စိတ္ဝင္စားစရာေတာ့ ေကာင္းတယ္။

ေရးထားတာေတာ့ အစုံပဲ။ ကိုယ္စိတ္ဝင္စားတာက ေတာ္လွန္ေရး အဆင့္ ၃ဆင့္ဆိုတဲ့ အရာပဲ။

(၁)ျပည္သူ႔ခုခံမႈ

(၂)ေျပာက္က်ားစနစ္

(၃)ေဒသထိန္းခ်ဳပ္စနစ္ (သူကေတာ့ အရွည္ႀကီးေရးထားတာ၊ ကိုယ္က ခ်ဳံ႕ေရးျပတာ)

နံပါတ္(၃)အဆင့္ကိုေရာက္ရင္ လပ္တီး ရႈံးၿပီပဲတဲ့။ ဆိုေတာ့ကာ ေတာ္လွန္ေရးကို ျပန္ၾကည့္လိုက္ေတာ့ နံပါတ္(၁) အဆင့္က လြန္ေျမာက္သြားၿပီ။ နံပါတ္(၂) အဆင့္ကို ေရာက္ေနၿပီ။ နံပါတ္(၃) အဆင့္ကို ကူးေျပာင္းဖို႔ ဝိုင္း႐ုန္းေနၾကတဲ့ အေနအထားကို ေရာက္ေနၿပီဆိုတာပဲ။

ေတာ္လွန္ေရးကာလ တစ္ႏွစ္ေက်ာ္လာၿပီဆိုေတာ့ အားလုံး ပင္ပန္းေနၾကၿပီ။ တခါတရံ စိတ္ဓါတ္က်ရေတြရွိတယ္။ ဒါေပမယ့္ Conclusion ျပန္ထုတ္လိုက္ရင္ ရွင္းလင္းတဲ့ အေျဖက ဒီေတာ္လွန္ေရးဟာ နံပါတ္(၂) အဆင့္ကို ေရာက္ေနၿပီဆိုတာ ျငင္းစရာမရွိတဲ့ အေနအထားပဲ။

နံပါတ္(၃) အဆင့္ကို ကူးေျပာင္းႏိုင္ဖို႔ တပ္ဖြဲ႕စုစည္းမႈေတြ လက္နက္စုေဆာင္းမႈေတြဟာလည္း အေျခအေနအတိုင္းအတာအဆင့္တစ္ခုထိ ေရာက္ရွိေနၿပီ။ တစ္ႏွစ္ေက်ာ္အတြင္း ဒီေလာက္ တိုးတက္ျမန္ဆန္တဲ့ ေတာ္လွန္ေရး ဘယ္ေခတ္မွာ ရွိခဲ့ဖူးလဲ။

နံပါတ္(၃) အဆင့္ဟာ အခက္အခဲဆုံးနဲ႔ ေအာင္ပြဲရဖို႔ အနီးကပ္ဆုံးကာလပဲ။ ငါတို႔ဟာ ဒီေနရာနီးနီးထိ ေရာက္လာၿပီဆိုတာ သိပ္အားတက္စရာေကာင္းတဲ့အရာပဲ။ယုံၾကည္မႈထားစမ္းပါ။ ငါတို႔ မႏိုင္ေသးသလို သူတို႔လည္း မႏိုင္ေသးဘူး။ ငါတို႔ပင္ပန္းေနသလို သူတို႔လည္း ပင္ပန္းေနတယ္။ ငါတို႔ မနားရသလို သူတို႔လည္း မနားရဘူး။ ငါတို႔ဘက္မွာ အဆုံးအရႈံးေတြရွိသလို သူတို႔လည္း ေသတယ္။ ေသခ်ာတာက သူတို႔က ပိုေသတယ္။ အဲ့ေတာ့ ငါတို႔က မရႈံးေသးတဲ့ အျပင္ ႏိုင္ေနတာ။ သူတို႔က မႏိုင္ေသးတဲ့အျပင္ ရႈံးကိုေနတာ။

ၾကက္ကေလး ငွက္ကေလးဖမ္းသလို အာဏာသိမ္းျခင္းကို ေခတ္အဆက္ဆက္ အလြယ္ေလး လုပ္လာတဲ့ ျမန္မာ့ႏိုင္ငံေရးေစာက္က်င့္ဆိုးသမိုင္းမွာ ဒီတစ္ေခါက္ဟာ သူတို႔အတြက္ အခက္ခဲဆုံး အထိနာဆုံး ရႈံးကိုရႈံးမယ့္ပြဲပဲ။ ျပည္သူရဲ႕ အ႐ုန္းကန္ဆုံး သမိုင္းသစ္ပဲ။

နတ္စီတဲ့အိပ္မက္ေတြ လြယ္လြယ္နဲ႔ မရဘူး။ ႀကီးမားတဲ့ ေအာင္ျမင္မႈေတြဟာ အလြယ္ေလး မရဘူး။ ႏိုင္ငံတစ္ခုလုံးရဲ႕ အနာဂတ္၊ လူသန္းေပါင္းမ်ားစြာရဲ႕ အနာဂတ္နဲ႔ မ်ိဳးဆက္ေတြရဲ႕ အနာဂတ္ေတြ ေျပာင္းလဲဖို႔ဆိုတာ ႀကီးမားတဲ့ ေအာင္ျမင္မႈျဖစ္တဲ့အတြက္ ရင္းႏွီးေပးဆပ္ေနၾကရတာပဲ။

အားမလို အားမရျဖစ္ရင္ အခ်င္းခ်င္းပတ္ရမ္းမယ့္အစား အလုပ္ပိုလုပ္ၾကရမယ္။ ဘယ္UN မွ မလာဘူး၊ ဘယ္USမွာ မလာဘူး။ မလာလည္း ကိစၥမရွိဘူး။ ဒီေနရာထိ ငါတို႔ ေလွ်ာက္ခဲ့ၿပီးၿပီ။

အဆုံးထိ မေလွ်ာက္ရင္ အစကတည္းက မေလွ်ာက္ခဲ့သလိုပဲ။ ႏွစ္ခါနာတယ္။ ရင္းႏွီးေပးဆပ္ခဲ့ရတဲ့ အသက္ေတြ ဘဝေတြ၊ ေသသူေတြကို လစ္လ်ဴမရႈေသာ အားျဖင့္ ရွင္ေနသူေတြက ပိုသန္မာၾကရမယ္။

ယုံစမ္းပါ….ကမာၻႀကီးမွာ ႏိုင္ျမင္းက ငါတို႔ျပည္သူေတြဆိုတာ အသံထြက္လာၿပီ။ ႏိုင္ျမင္းကို ေ႐ြးေလာင္းမယ့္ ကမာၻႀကီးအတြက္ ႏိုင္ျမင္းက ဒီမွာေဟ့လို႔ နား႐ြက္ဆြဲျပသႏိုင္တဲ့ အေျခအေနေရာက္လာေတာ့မွာ။

ငါတို႔က ႏိုင္ကိုႏိုင္မွာ

ယုံလိုက်စမ်းပါ… ကမ္ဘာကြီးမှာ “နိုင်မြင်း” က ငါတို့ပြည်သူတွေဆိုတာ အသံတွေထွက်လာပါပြီတဲ့

၂၀၂၁ ဖေဖော်ဝါရီတုန်းက စစ်တပ်က နိုင်နိုင်တယ်လို့ ရေးသားခဲ့တဲ့ နိုင်ငံတကာဆောင်းပါးရှင်က ၂၀၂၂မေလမှာ ရေးသားတဲ့ စစ်တပ်က ရှုံးလိမ့်မယ်လို့ ရေးလာတယ်။ ခေတ်သစ်မှာ ဘာသာပြန်ဆောင်းပါး တင်ထားတယ်။ ဖတ်ကြည့်သင့်တယ်။

ပြေးပွဲတစ်ခုမှာ ပြေးနေတဲ့သူတွေ မမြင်တဲ့ရှုထောင့်တွေကို ဘေးက ရပ်ကြည့်နေသူတွေက ပိုမြင်နိုင်တယ်။ ဒီတော်လှန်ရေးမှာ ဒီဆောင်းပါးရှင်လိုလူက ဘေးကရပ်ကြည့်နေတဲ့သူပဲ။ သူတို့အမြင်က ဒီတော်လှန်ရေးကို ဘယ်လိုမြင်လဲဆိုတာ စိတ်ဝင်စားစရာတော့ ကောင်းတယ်။

ရေးထားတာတော့ အစုံပဲ။ ကိုယ်စိတ်ဝင်စားတာက တော်လှန်ရေး အဆင့် ၃ဆင့်ဆိုတဲ့ အရာပဲ။

(၁)ပြည်သူ့ခုခံမှု

(၂)ပြောက်ကျားစနစ်

(၃)ဒေသထိန်းချုပ်စနစ် (သူကတော့ အရှည်ကြီးရေးထားတာ၊ ကိုယ်က ချုံ့ရေးပြတာ)

နံပါတ်(၃)အဆင့်ကိုရောက်ရင် လပ်တီး ရှုံးပြီပဲတဲ့။ ဆိုတော့ကာ တော်လှန်ရေးကို ပြန်ကြည့်လိုက်တော့ နံပါတ်(၁) အဆင့်က လွန်မြောက်သွားပြီ။ နံပါတ်(၂) အဆင့်ကို ရောက်နေပြီ။ နံပါတ်(၃) အဆင့်ကို ကူးပြောင်းဖို့ ဝိုင်းရုန်းနေကြတဲ့ အနေအထားကို ရောက်နေပြီဆိုတာပဲ။

တော်လှန်ရေးကာလ တစ်နှစ်ကျော်လာပြီဆိုတော့ အားလုံး ပင်ပန်းနေကြပြီ။ တခါတရံ စိတ်ဓါတ်ကျရတွေရှိတယ်။ ဒါပေမယ့် Conclusion ပြန်ထုတ်လိုက်ရင် ရှင်းလင်းတဲ့ အဖြေက ဒီတော်လှန်ရေးဟာ နံပါတ်(၂) အဆင့်ကို ရောက်နေပြီဆိုတာ ငြင်းစရာမရှိတဲ့ အနေအထားပဲ။

နံပါတ်(၃) အဆင့်ကို ကူးပြောင်းနိုင်ဖို့ တပ်ဖွဲ့စုစည်းမှုတွေ လက်နက်စုဆောင်းမှုတွေဟာလည်း အခြေအနေအတိုင်းအတာအဆင့်တစ်ခုထိ ရောက်ရှိနေပြီ။ တစ်နှစ်ကျော်အတွင်း ဒီလောက် တိုးတက်မြန်ဆန်တဲ့ တော်လှန်ရေး ဘယ်ခေတ်မှာ ရှိခဲ့ဖူးလဲ။

နံပါတ်(၃) အဆင့်ဟာ အခက်အခဲဆုံးနဲ့ အောင်ပွဲရဖို့ အနီးကပ်ဆုံးကာလပဲ။ ငါတို့ဟာ ဒီနေရာနီးနီးထိ ရောက်လာပြီဆိုတာ သိပ်အားတက်စရာကောင်းတဲ့အရာပဲ။ယုံကြည်မှုထားစမ်းပါ။ ငါတို့ မနိုင်သေးသလို သူတို့လည်း မနိုင်သေးဘူး။ ငါတို့ပင်ပန်းနေသလို သူတို့လည်း ပင်ပန်းနေတယ်။ ငါတို့ မနားရသလို သူတို့လည်း မနားရဘူး။ ငါတို့ဘက်မှာ အဆုံးအရှုံးတွေရှိသလို သူတို့လည်း သေတယ်။ သေချာတာက သူတို့က ပိုသေတယ်။ အဲ့တော့ ငါတို့က မရှုံးသေးတဲ့ အပြင် နိုင်နေတာ။ သူတို့က မနိုင်သေးတဲ့အပြင် ရှုံးကိုနေတာ။

ကြက်ကလေး ငှက်ကလေးဖမ်းသလို အာဏာသိမ်းခြင်းကို ခေတ်အဆက်ဆက် အလွယ်လေး လုပ်လာတဲ့ မြန်မာ့နိုင်ငံရေးစောက်ကျင့်ဆိုးသမိုင်းမှာ ဒီတစ်ခေါက်ဟာ သူတို့အတွက် အခက်ခဲဆုံး အထိနာဆုံး ရှုံးကိုရှုံးမယ့်ပွဲပဲ။ ပြည်သူရဲ့ အရုန်းကန်ဆုံး သမိုင်းသစ်ပဲ။

နတ်စီတဲ့အိပ်မက်တွေ လွယ်လွယ်နဲ့ မရဘူး။ ကြီးမားတဲ့ အောင်မြင်မှုတွေဟာ အလွယ်လေး မရဘူး။ နိုင်ငံတစ်ခုလုံးရဲ့ အနာဂတ်၊ လူသန်းပေါင်းများစွာရဲ့ အနာဂတ်နဲ့ မျိုးဆက်တွေရဲ့ အနာဂတ်တွေ ပြောင်းလဲဖို့ဆိုတာ ကြီးမားတဲ့ အောင်မြင်မှုဖြစ်တဲ့အတွက် ရင်းနှီးပေးဆပ်နေကြရတာပဲ။

အားမလို အားမရဖြစ်ရင် အချင်းချင်းပတ်ရမ်းမယ့်အစား အလုပ်ပိုလုပ်ကြရမယ်။ ဘယ်UN မှ မလာဘူး၊ ဘယ်USမှာ မလာဘူး။ မလာလည်း ကိစ္စမရှိဘူး။ ဒီနေရာထိ ငါတို့ လျှောက်ခဲ့ပြီးပြီ။

အဆုံးထိ မလျှောက်ရင် အစကတည်းက မလျှောက်ခဲ့သလိုပဲ။ နှစ်ခါနာတယ်။ ရင်းနှီးပေးဆပ်ခဲ့ရတဲ့ အသက်တွေ ဘဝတွေ၊ သေသူတွေကို လစ်လျူမရှုသော အားဖြင့် ရှင်နေသူတွေက ပိုသန်မာကြရမယ်။

ယုံစမ်းပါ….ကမ္ဘာကြီးမှာ နိုင်မြင်းက ငါတို့ပြည်သူတွေဆိုတာ အသံထွက်လာပြီ။ နိုင်မြင်းကို ရွေးလောင်းမယ့် ကမ္ဘာကြီးအတွက် နိုင်မြင်းက ဒီမှာဟေ့လို့ နားရွက်ဆွဲပြသနိုင်တဲ့ အခြေအနေရောက်လာတော့မှာ။

ငါတို့က နိုင်ကိုနိုင်မှာ