Local News


မဲခေါင်၊ ဇွန် ၃




မြောင်တွင်အကျအဆုံးများသည့် စစ်ကောင်စီ တိုက်ခိုက်ရေးရဟတ်ယာဉ်ဖြင့် လေကြောင်းပစ်ကူရ (ရုပ်သံ)

မဲခေါင်၊ ဇွန် ၃

မြောင်မြို့နယ် တမဆေးကန်ကျေးရွာ မေ ၂၇၊ ၂၈ နှင့် ၂၉ တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ အကျအဆုံးများသောကြောင့် ညီနောင်‌ တော်လှန်ရေးအင်အားစုများအား လေကြောင်းပစ်ကူဖြင့်လာရောက်ပစ်ခဲ့ရသည်။

ယင်းတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ အရာရှိအပါအဝင် ၁၇ ယောက်သေဆုံးပြီး တော်လှန်ရေးပူးပေါင်းအဖွဲ့များဘက်မှ ၁ ဦးကျဆုံးကာ ၈ ဦးထိခိုက်ခဲ့သည်။

အကျအဆုံးများသည့် စစ်ကောင်စီသည် လေကြောင်းပစ်ကူဖြင့်လာရောက် တိုက်ခိုက်ချိန်တွင် တော်လှန်ရေးရဲဘော်တစ်ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့သည်ဟု MRA က ထုတ်ပြန်သည်။