Local News

ကိုဂ်င္မီ၊ ကိုေဇယ်ာေသာ္ အပါဝင္ ေတာ္လွန္ေရးရဲေဘာ္မ်ားကို ေ-သဒ-ဏ္စီရင္လွ်င္

အယ္ဒီတာ့အာေဘာ္

ကိုဂ်င္မီ၊ ကိုေဇယ်ာေသာ္ အပါဝင္ ေတာ္လွန္ေရးရဲေဘာ္မ်ားကို ေ-သဒ-ဏ္စီရင္လွ်င္ မင္းေအာင္လႈိင္၊ စိုးဝင္းႏွင့္ စစ္ေခါင္းေဆာင္မ်ားလည္း ေသဒဏ္ မလြဲမေသ ျပန္ခံရမည္

အၾကမ္းဖက္ စစ္ရာဇဝတ္ေကာင္ မင္းေအာင္လႈိင္ ဦးေဆာင္တဲ့ စစ္ေကာင္စီက ျပည္သူလူထုဘက္မွ ေတာ္လွန္ တိုက္ပြဲဝင္ေနေသာ ရဲေဘာ္မ်ားကို ဖမ္းဆီး၍ ဥပေဒမဲ့ ေသဒဏ္ခ်ထားမႈမ်ားစြာ လုပ္ေဆာင္လ်က္ရွိသည္။

ႏိုင္ငံေရးအက်ဥ္းသားမ်ား ကူညီေစာင့္ေရွာက္ေရးအသင္း (AAPP) ၏ စာရင္းမ်ားအရ ထိုျပစ္ဒဏ္က်ခံရသူထဲမွ အ သက္ ၁၈ ႏွစ္ေအာက္ ကေလး (၂) ဦး အပါအဝင္ (၇၂) ဦးမွာ ေသဒဏ္ခ်မွတ္ခံထားရသည္။ မ်က္ကြယ္ ေသဒဏ္ခ်မွတ္ျခင္းခံထားရသူ (၄၁) ဦး အပါအဝင္ (၁၂၀) ဦးမွာ မ်က္ကြယ္ ျပစ္ဒဏ္ခ်မွတ္ျခင္းခံထားရသည္။ ထိုေၾကာင့္ ေသဒဏ္ခ်မွတ္ခံထားရသူ စုစုေပါင္း (၁၁၃) ဦးရွိၿပီျဖစ္သည္။

အၾကမ္းဖက္စစ္ေကာင္စီသည္ ႏိုင္ငံေတာ္အာဏာကို ဥပေဒမဲ့ သိမ္းယူခဲ့ၿပီး အျပစ္ မဲ့ ျပည္သူေထာင္ခ်ီကို ပုံစံမ်ိဳးႏွင့္ သတ္ျဖတ္ခဲ့သည္။ ယခုအခါ လူထုဘက္ေတာ္သား ေတာ္လွန္ေရး ညီေနာင္ ရဲေဘာ္မ်ားကို ေသဒဏ္စီရင္ရန္ ထုတ္ ေဖာ္ေျပာဆိုလာျခင္းမွာ ေတာ္လွန္ေရး အင္အားစုမ်ားႏွင့္ ျပည္သူလူထုကို ထပ္ မံစိန္ေခၚျခင္းပင္ျဖစ္သည္။

အၾကမ္းဖက္ ေျပာခြင့္ရ ေဇာ္မင္းထြန္း၏ အဆိုအရ ကိုဂ်င္မီ၊ ကိုေဇယ်ာေသာ္၊ ကိုလွမ်ိဳးေအာင္၊ ကိုေအာင္သူရေဇာ္တို႔ကို ေသဒဏ္အတည္ျပဳေၾကာင္း မီဒီယာမ်ားက ေရးသားၾကသည္။ ေသဒဏ္အတည္ျပဳၿပီး အက်ဥ္းဦးစီးဌာနက ေသ ဒဏ္ေပးလိမ့္မည္ဟု အၾကမ္းဖက္ ေျပာခြင့္ရ ေဇာ္မင္းထြန္းက ဆိုသည္။

ဖမ္းဆီးထားသည့္ လူထုဘက္ေတာ္သား ရဲေဘာ္မ်ားကို သတ္ျဖတ္ျခင္းသည္ တရားမဝင္ အာဏာသိမ္းစစ္တပ္အေနျဖင့္ စစ္ရာဇဝတ္မႈႏွင့္ လူသတ္မႈကို စိန္ေခၚ က်ဴးလြန္ျခင္းပင္ျဖစ္သည္။

လူမ်ိဳးတုန္းသတ္ျဖတ္ေနေသာ စစ္ေကာင္စီသည္ တရားမဝင္ လက္နက္ျဖင့္ အာဏာရယူထားေသာ ရာဇဝတ္လူဆိုးဂိုဏ္းသာျဖစ္ရာ လူထုဘက္ေတာ္သားမ်ားကို သတ္ျဖတ္ပါလွ်င္ စစ္ေကာင္စီေခါင္းေဆာင္ မင္းေအာင္လႈိင္၊ စိုးဝင္း၊ ေခါင္းေဆာင္မ်ား၊ မိသားစု၊ ေဆြမ်ိဳးမ်ား၏ အနာဂတ္လည္း အဆုံးသတ္ မေကာင္းႏိုင္သည္မွာ အေသအခ်ာပင္ျဖစ္သည္။

မင္းေအာင္လႈိင္၊ စိုးဝင္း၊ စစ္ေခါင္းေဆာင္အားလုံးအေနျဖင့္ လူထုဘက္ ေတာ္သားမ်ားကို သတ္ျဖတ္မည္ဆိုလွ်င္ တစ္ခ်ိန္က အီရတ္အာဏာရွင္ ဆဒမ္ဟူစိန္၊ လစ္ဗ်ား အာဏာရွင္ေဟာင္း ကဒါဖီတို႔ကဲ့သို႔ မလွမပ ေသဆုံး အဆုံးသတ္မည္ကို ႀကိဳေတြးထားရန္လိုပါလိမ့္မည္။

မင္းေအာင္လႈိင္၊ စိုးဝင္းႏွင့္စစ္ေခါင္းေဆာင္မ်ား၏ မိသားစု ေဆြမ်ိဳးမ်ားအေန ျဖင့္လည္း ယင္းကဲ့သို႔ေသာ အေသဆိုးသည့္ အနာဂတ္ဆိုးမ်ား ေရာက္လာမည္။ ေဆြစဥ္မ်ိဳးဆက္ လူထု၏ အမုန္းတရားႏွင့္ ကလဲ့စားေခ်မႈကို ရင္ဆိုင္ရမည္။

လူထုသည္ သည္းခံေနမည္မဟုတ္သကဲ့သို႔ ၿငိမ္ခံေနမည္လည္းမဟုတ္ပါ။ မင္းေအာင္လႈိင္၊ စိုးဝင္းႏွင့္ စစ္ေခါင္း ေဆာင္မ်ားႏွင့္ စစ္တပ္အသိုင္းအ၀ိုင္းအတြက္ တန္ျပန္ေသာ ေသဒဏ္ ျပစ္ဒဏ္မ်ားကို လူထုက မလြဲမေသြ ယူေဆာင္လာမည္မွာ အေသအခ်ာပင္ျဖစ္သည္။source-khit thit

အယ်ဒီတာ့အာဘော်

ကိုဂျင်မီ၊ ကိုဇေယျာသော် အပါဝင် တော်လှန်ရေးရဲဘော်များကို သေဒဏ်စီရင်လျှင် မင်းအောင်လှိုင်၊ စိုးဝင်းနှင့် စစ်ခေါင်းဆောင်များလည်း သေဒဏ် မလွဲမသေ ပြန်ခံရမည်

အကြမ်းဖက် စစ်ရာဇဝတ်ကောင် မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်ကောင်စီက ပြည်သူလူထုဘက်မှ တော်လှန် တိုက်ပွဲဝင်နေသော ရဲဘော်များကို ဖမ်းဆီး၍ ဥပဒေမဲ့ သေဒဏ်ချထားမှုများစွာ လုပ်ဆောင်လျက်ရှိသည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ စာရင်းများအရ ထိုပြစ်ဒဏ်ကျခံရသူထဲမှ အ သက် ၁၈ နှစ်အောက် ကလေး (၂) ဦး အပါအဝင် (၇၂) ဦးမှာ သေဒဏ်ချမှတ်ခံထားရသည်။ မျက်ကွယ် သေဒဏ်ချမှတ်ခြင်းခံထားရသူ (၄၁) ဦး အပါအဝင် (၁၂၀) ဦးမှာ မျက်ကွယ် ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသည်။ ထိုကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း (၁၁၃) ဦးရှိပြီဖြစ်သည်။

အကြမ်းဖက်စစ်ကောင်စီသည် နိုင်ငံတော်အာဏာကို ဥပဒေမဲ့ သိမ်းယူခဲ့ပြီး အပြစ် မဲ့ ပြည်သူထောင်ချီကို ပုံစံမျိုးနှင့် သတ်ဖြတ်ခဲ့သည်။ ယခုအခါ လူထုဘက်တော်သား တော်လှန်ရေး ညီနောင် ရဲဘော်များကို သေဒဏ်စီရင်ရန် ထုတ် ဖော်ပြောဆိုလာခြင်းမှာ တော်လှန်ရေး အင်အားစုများနှင့် ပြည်သူလူထုကို ထပ် မံစိန်ခေါ်ခြင်းပင်ဖြစ်သည်။

အကြမ်းဖက် ပြောခွင့်ရ ဇော်မင်းထွန်း၏ အဆိုအရ ကိုဂျင်မီ၊ ကိုဇေယျာသော်၊ ကိုလှမျိုးအောင်၊ ကိုအောင်သူရဇော်တို့ကို သေဒဏ်အတည်ပြုကြောင်း မီဒီယာများက ရေးသားကြသည်။ သေဒဏ်အတည်ပြုပြီး အကျဉ်းဦးစီးဌာနက သေ ဒဏ်ပေးလိမ့်မည်ဟု အကြမ်းဖက် ပြောခွင့်ရ ဇော်မင်းထွန်းက ဆိုသည်။

ဖမ်းဆီးထားသည့် လူထုဘက်တော်သား ရဲဘော်များကို သတ်ဖြတ်ခြင်းသည် တရားမဝင် အာဏာသိမ်းစစ်တပ်အနေဖြင့် စစ်ရာဇဝတ်မှုနှင့် လူသတ်မှုကို စိန်ခေါ် ကျူးလွန်ခြင်းပင်ဖြစ်သည်။

လူမျိုးတုန်းသတ်ဖြတ်နေသော စစ်ကောင်စီသည် တရားမဝင် လက်နက်ဖြင့် အာဏာရယူထားသော ရာဇဝတ်လူဆိုးဂိုဏ်းသာဖြစ်ရာ လူထုဘက်တော်သားများကို သတ်ဖြတ်ပါလျှင် စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်၊ စိုးဝင်း၊ ခေါင်းဆောင်များ၊ မိသားစု၊ ဆွေမျိုးများ၏ အနာဂတ်လည်း အဆုံးသတ် မကောင်းနိုင်သည်မှာ အသေအချာပင်ဖြစ်သည်။

မင်းအောင်လှိုင်၊ စိုးဝင်း၊ စစ်ခေါင်းဆောင်အားလုံးအနေဖြင့် လူထုဘက် တော်သားများကို သတ်ဖြတ်မည်ဆိုလျှင် တစ်ချိန်က အီရတ်အာဏာရှင် ဆဒမ်ဟူစိန်၊ လစ်ဗျား အာဏာရှင်ဟောင်း ကဒါဖီတို့ကဲ့သို့ မလှမပ သေဆုံး အဆုံးသတ်မည်ကို ကြိုတွေးထားရန်လိုပါလိမ့်မည်။

မင်းအောင်လှိုင်၊ စိုးဝင်းနှင့်စစ်ခေါင်းဆောင်များ၏ မိသားစု ဆွေမျိုးများအနေ ဖြင့်လည်း ယင်းကဲ့သို့သော အသေဆိုးသည့် အနာဂတ်ဆိုးများ ရောက်လာမည်။ ဆွေစဉ်မျိုးဆက် လူထု၏ အမုန်းတရားနှင့် ကလဲ့စားချေမှုကို ရင်ဆိုင်ရမည်။

လူထုသည် သည်းခံနေမည်မဟုတ်သကဲ့သို့ ငြိမ်ခံနေမည်လည်းမဟုတ်ပါ။ မင်းအောင်လှိုင်၊ စိုးဝင်းနှင့် စစ်ခေါင်း ဆောင်များနှင့် စစ်တပ်အသိုင်းအဝိုင်းအတွက် တန်ပြန်သော သေဒဏ် ပြစ်ဒဏ်များကို လူထုက မလွဲမသွေ ယူဆောင်လာမည်မှာ အသေအချာပင်ဖြစ်သည်။source-khit thit