Local News

ျမင္းမူၿမိဳ႕နယ္တြင္ စစ္ေကာင္စီယာဥ္တန္း ၂ ေနရာတြင္

ျမင္းမူၿမိဳ႕နယ္တြင္ စစ္ေကာင္စီယာဥ္တန္း ၂ ေနရာတြင္ ေဖာက္ခြဲတိုက္ခိုက္ခံရၿပီး စစ္သားမ်ား ေ-သဆုံး

ရန္ကုန္၊ ဇြန္ ၃

စစ္ကိုင္းတိုင္း၊ ျမင္းမူၿမိဳ႕နယ္တြင္ စစ္ကားအႀကီး ၃ စီးျဖင့္ ထြက္ခြာလာေသာ စစ္ေကာင္စီယာဥ္တန္းကို စစ္ကိုင္းခ႐ိုင္တပ္ရင္း ၁ ႏွင့္ မဟာမိတ္တပ္ဖြဲ႕မ်ားက

ယေန႔ ဇြန္လ ၃ ရက္တြင္ ေနရာ ၂ ေနရာ၌ ေဖာက္ခြဲတိုက္ခိုက္ရာ စစ္သား ၅၀ ေက်ာ္ ေသဆုံးေၾကာင္း စစ္ကိုင္းခ႐ိုင္တပ္ရင္း ၁ က သတင္းထုတ္ျပန္သည္။

ေခ်ာင္းဦးဘက္မွ ထြက္ခြာလာေသာ အဆိုပါ စစ္ယာဥ္တန္းကို ယေန႔ နံနက္ ၁၁ နာရီ ၂၀ မိနစ္ခန႔္၌ ေခ်ာင္းဦးႏွင့္ ျမင္းမူၿမိဳ႕နယ္ ေဂြးပင္ေတာ႐ြာၾကား တံတားေကြ႕ေနရာတြင္

ေျမာင္ MRA၊ ေခ်ာင္းဦး FRF၊ Zarmani MMU၊ စစ္ကိုင္းခ႐ိုင္တပ္ရင္း ၁ တို႔က ေနာက္ဆုံး စစ္ကား ၁ စီးကို ပူးေပါင္းတိုက္ခိုက္ခဲ့ေၾကာင္း သိရွိရသည္။

ေဂြးပင္ေတာ႐ြာ အေရွ႕ဘက္တြင္လည္း ေျမာင္ CDSOM၊ Black Eagle Defence Force-MMU၊ Zarmani MMU၊ စစ္ကိုင္းခ႐ိုင္တပ္ရင္း ၁ တို႔က ေနာက္တႀကိမ္ ေဖာက္ခြဲတိုက္ခိုက္ခဲ့ေၾကာင္း၊

တိုက္ခိုက္မႈ ၂ ခုတြင္ စစ္ေကာင္စီတပ္သားအမ်ားျပား ေသဆုံးႏိုင္ေၾကာင္း ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ စစ္ကိုင္းခ႐ိုင္ တပ္ရင္း ၁ က သတင္းထုတ္ျပန္ထားသည္။

မြင်းမူမြို့နယ်တွင် စစ်ကောင်စီယာဉ်တန်း ၂ နေရာတွင် ဖောက်ခွဲတိုက်ခိုက်ခံရပြီး စစ်သားများ ေ-သဆုံး

ရန်ကုန်၊ ဇွန် ၃

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်တွင် စစ်ကားအကြီး ၃ စီးဖြင့် ထွက်ခွာလာသော စစ်ကောင်စီယာဉ်တန်းကို စစ်ကိုင်းခရိုင်တပ်ရင်း ၁ နှင့် မဟာမိတ်တပ်ဖွဲ့များက

ယနေ့ ဇွန်လ ၃ ရက်တွင် နေရာ ၂ နေရာ၌ ဖောက်ခွဲတိုက်ခိုက်ရာ စစ်သား ၅၀ ကျော် သေဆုံးကြောင်း စစ်ကိုင်းခရိုင်တပ်ရင်း ၁ က သတင်းထုတ်ပြန်သည်။

ချောင်းဦးဘက်မှ ထွက်ခွာလာသော အဆိုပါ စစ်ယာဉ်တန်းကို ယနေ့ နံနက် ၁၁ နာရီ ၂၀ မိနစ်ခန့်၌ ချောင်းဦးနှင့် မြင်းမူမြို့နယ် ဂွေးပင်တောရွာကြား တံတားကွေ့နေရာတွင်

မြောင် MRA၊ ချောင်းဦး FRF၊ Zarmani MMU၊ စစ်ကိုင်းခရိုင်တပ်ရင်း ၁ တို့က နောက်ဆုံး စစ်ကား ၁ စီးကို ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

ဂွေးပင်တောရွာ အရှေ့ဘက်တွင်လည်း မြောင် CDSOM၊ Black Eagle Defence Force-MMU၊ Zarmani MMU၊ စစ်ကိုင်းခရိုင်တပ်ရင်း ၁ တို့က နောက်တကြိမ် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း၊

တိုက်ခိုက်မှု ၂ ခုတွင် စစ်ကောင်စီတပ်သားအများပြား သေဆုံးနိုင်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ စစ်ကိုင်းခရိုင် တပ်ရင်း ၁ က သတင်းထုတ်ပြန်ထားသည်။