Local News



ရန်ကုန်၊ ဇွန် ၃





သထုံတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ဒုတပ်ရင်းမှူး ၁ ဦးသေဆုံးပြီး ခမရ ၉ မှ ရုရှားပြန် ဗိုလ်ကြီး ကျော်ဇင်လတ်နှင့် တပ်ကြပ်ကြီး ၁ ဦးကို KNLA ပူးပေါင်းအဖွဲ့က အရှင်ဖမ်းမိ၊ ဖမ်းမိသော ရုရှားပြန်ဗိုလ်ကြီးကျော်ဇင်လတ် ကြောက် လန့် တုန်လှုပ်နေ (ရုပ်/သံ)

ရန်ကုန်၊ ဇွန် ၃

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၁ နယ်မြေ၊ သထုံမြို့နယ်၊ ဝီယော်ကျေးရွာနှင့် ထုံးဘိုလေးကျေးရွာအနီးတွင် စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်တပ်နှင့် KNLA ပူးပေါင်းတပ်ဖွဲ့ကြား ယမန်နေ့ ဇွန်လ ၂ ရက်တွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ

ဒုတပ်ရင်းမှူး ၁ ဦးအပါအဝင် ထိခိုက်သေဆုံးသူများပြီး ရုရှားပြန် ဗိုလ်ကြီး ကျော်ဇင်လတ်နှင့် ဆေးတပ်ကြပ် ၁ ဦးကို အရှင်မိကြောင်း KNLA သတင်းရင်းမြစ်ထံမှ သိရှိရသည်။

ရုရှားပြန် ဗိုလ်ကြီး ကျော်ဇင်လတ်သည် တပ်မ ၄၄ လက်အောက်ခံ၊ ဘီးလင်းအခြေစိုက် ခမရ ၉ တပ်ရင်းမှ ဖြစ်ပြီး ဘီးလင်းတွင် တာဝန်ကျနေသည်မှာ ၇ နှစ်ခန့်ရှိပြီ ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ အရှင်ဖမ်းမိသူ ၂ ဦးကို KNLA တပ်မဟာ ၁ က စစ်သုံ့ပန်းဥပဒေနှင့်အညီ ထိန်းသိမ်းထားကြောင်း သိရှိရသည်။