ဖမ္းဆီးထားသည့္ ႐ုရွားျပန္ဗိုလ္ႀကီးႏွင့္တပ္ၾကပ္ႀကီးအား လႊတ္မေပးလွ်င္ စခန္းအနီးရွိ ႐ြာ၂ ႐ြာကို ပစ္ခတ္ဖ်က္ဆီးမည္ဟု ခမရ ၉ တပ္ရင္းမႉးၿခိမ္းေျခာက္
ဧရာဝတီတိုင္းမ္
ဇြန္လ ၄ ရက္
မြန္ျပည္နယ္၊ သထုံၿမိဳ႕နယ္၊ KNU တပ္မဟာ ၁ နယ္ေျမ ထုံးဘိုႀကီး႐ြာတြင္ ဇြန္လ ၁ ရက္ေန႔က ဖမ္းဆီးခံထားရသည့္စစ္ေကာင္စီတပ္၏ ခမရ ၉ မွဗိုလ္ႀကီး ေက်ာ္ဇင္လတ္ႏွင့္ တပ္ၾကပ္ႀကီး ႏိုင္ဦး တို႔ ၂ ဦးအားျပန္မလႊတ္ေပးပါက ၄င္းတို႔တပ္စခန္းအနီးရွိ ႐ြာ ၂ ႐ြာအားပစ္ခတ္ဖ်က္ ဆီးပစ္မည္ဟု ခမရ ၉ တပ္ရင္းမႉးက ႐ြာလူႀကီးမ်ားမွတဆင့္ၿခိမ္းေျခာက္ေျပာဆိုေၾကာင္း KNU ကသတင္းထုတ္ ျပန္သည္။
အဆိုပါ ခမရ ၉ မွ ဗိုလ္ႀကီးႏွင့္ တပ္ၾကပ္ႀကီးတို႔ သည္ ခမရ ၉ ၏ ဝီေယာ္စခန္းကျဖစ္ၿပီး ဇြန္လ ၁ ရက္ေန႔က ထုံးဘိုႀကီး႐ြာသို႔ သတင္းလာေရာက္ေထာက္လွမ္းစဥ္ ကရင္ပူးေပါင္း တပ္ဖြဲ႕မ်ားမွ ဖမ္းဆီးထိန္း သိမ္းထားျခင္းျဖစ္ ေၾကာင္းသိရသည္။
၄င္းဗိုလ္ႀကီးအား ကရင္တပ္ဖြဲ႕မ်ားမွ စစ္ေဆးေမးျမန္းေနသည့္႐ုပ္သံဖိုင္ လူမႈကြန္ယက္တြင္ျပန္႔ႏွံ႔ခဲ့ၿပီး ဗိုလ္ႀကီးေက်ာ္ဇင္လတ္၏ ေျဖၾကားခ်က္အရ ၄င္းသည္ စစ္တကၠ သိုလ္ အပတ္စဥ္ ၅၆ ဆင္း ႐ုရွားျပန္အရာရွိတဦးျဖစ္ ေၾကာင္း သိရသည္။
၄င္းတို႔ ၂ ဦးဖမ္းဆီးခံရၿပီးေနာက္ ဇြန္လ ၂ ရက္ မနက္ေစာပိုင္းတြင္ သထုံၿမိဳ႕နယ္အတြင္း စစ္ေကာင္ စီစခန္းမ်ားသို႔ ရိကၡာလာေရာက္ပို႔ ေဆာင္ေသာစစ္ေကာင္စီတပ္ ဖြဲ႕မ်ားႏွင့္ KNLA တပ္ဖြဲ႕မ်ား ဝီေယာ္ေက်း႐ြာအနီးတိုက္ပြဲျဖစ္ပြားခဲ့ၿပီး စစ္ေကာင္စီဖက္မွ ၆ ဦးေသကာ ၅ဦး ဒဏ္ရာရ၍ ျပန္လည္ဆုတ္ခြာ သြားခဲ့သည္ဟု KNU ကဆိုသည္။
ထို႔ေနာက္ အထိနာခဲ့သည့္စစ္ေကာင္စီတပ္သည္ ခမရ ၉ စခန္းမွ ထုံးဘိုေလးႏွင့္ ထုံးဘိုႀကီးေက်း႐ြာဖက္သို႔ လက္ နက္ႀကီးအခ်က္ ၅၀ေက်ာ္ ဆက္တိုက္ပစ္ခတ္မႈေၾကာင့္ ထုံးဘိုေလးေက်း႐ြာမွ အသက္ (၇၀) အ႐ြယ္အမ်ိဳးသား ၁ ဦး ထိခိုက္ဒဏ္ ရာရခဲ့ၿပီး လူေနအိမ္ (၂) လုံးပ်က္ဆီးခဲ့ေၾကာင္းသိရသည္။
လက္ရွိတြင္ စစ္ေကာင္စီ ခမရ ၉ တပ္စခန္းမွ လက္ နက္ႀကီးမ်ားျဖင့္ ထုံးဘိုေလးေက်း႐ြာႏွင့္ ထုံးဘိုႀကီးေက်း႐ြာမ်ားသို႔ အဆက္မျပက္ပစ္ခတ္ေနမႈမ်ားေၾကာင့္ ေဒသခံမ်ားေဘးလြတ္ရာသို႔ထြက္ေျပးတိမ္း ေရွာင္ေနရသည့္အ ျပင္ စစ္ေကာင္စီတပ္ရင္းမႉးက အဆိုပါ႐ြာမ်ားကို ဖ်က္ ဆီးပစ္မည္ဟုၿခိမ္းေျခာက္လာျခင္းျဖစ္ေၾကာင္း သိရသည္။
ဖမ်းဆီးထားသည့် ရုရှားပြန်ဗိုလ်ကြီးနှင့်တပ်ကြပ်ကြီးအား လွှတ်မပေးလျှင် စခန်းအနီးရှိ ရွာ၂ ရွာကို ပစ်ခတ်ဖျက်ဆီးမည်ဟု ခမရ ၉ တပ်ရင်းမှူးခြိမ်းခြောက်
ဧရာဝတီတိုင်းမ်
ဇွန်လ ၄ ရက်
မွန်ပြည်နယ်၊ သထုံမြို့နယ်၊ KNU တပ်မဟာ ၁ နယ်မြေ ထုံးဘိုကြီးရွာတွင် ဇွန်လ ၁ ရက်နေ့က ဖမ်းဆီးခံထားရသည့်စစ်ကောင်စီတပ်၏ ခမရ ၉ မှဗိုလ်ကြီး ကျော်ဇင်လတ်နှင့် တပ်ကြပ်ကြီး နိုင်ဦး တို့ ၂ ဦးအားပြန်မလွှတ်ပေးပါက ၎င်းတို့တပ်စခန်းအနီးရှိ ရွာ ၂ ရွာအားပစ်ခတ်ဖျက် ဆီးပစ်မည်ဟု ခမရ ၉ တပ်ရင်းမှူးက ရွာလူကြီးများမှတဆင့်ခြိမ်းခြောက်ပြောဆိုကြောင်း KNU ကသတင်းထုတ် ပြန်သည်။
အဆိုပါ ခမရ ၉ မှ ဗိုလ်ကြီးနှင့် တပ်ကြပ်ကြီးတို့ သည် ခမရ ၉ ၏ ဝီယော်စခန်းကဖြစ်ပြီး ဇွန်လ ၁ ရက်နေ့က ထုံးဘိုကြီးရွာသို့ သတင်းလာရောက်ထောက်လှမ်းစဉ် ကရင်ပူးပေါင်း တပ်ဖွဲ့များမှ ဖမ်းဆီးထိန်း သိမ်းထားခြင်းဖြစ် ကြောင်းသိရသည်။
၎င်းဗိုလ်ကြီးအား ကရင်တပ်ဖွဲ့များမှ စစ်ဆေးမေးမြန်းနေသည့်ရုပ်သံဖိုင် လူမှုကွန်ယက်တွင်ပြန့်နှံ့ခဲ့ပြီး ဗိုလ်ကြီးကျော်ဇင်လတ်၏ ဖြေကြားချက်အရ ၎င်းသည် စစ်တက္က သိုလ် အပတ်စဉ် ၅၆ ဆင်း ရုရှားပြန်အရာရှိတဦးဖြစ် ကြောင်း သိရသည်။
၎င်းတို့ ၂ ဦးဖမ်းဆီးခံရပြီးနောက် ဇွန်လ ၂ ရက် မနက်စောပိုင်းတွင် သထုံမြို့နယ်အတွင်း စစ်ကောင် စီစခန်းများသို့ ရိက္ခာလာရောက်ပို့ ဆောင်သောစစ်ကောင်စီတပ် ဖွဲ့များနှင့် KNLA တပ်ဖွဲ့များ ဝီယော်ကျေးရွာအနီးတိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဖက်မှ ၆ ဦးသေကာ ၅ဦး ဒဏ်ရာရ၍ ပြန်လည်ဆုတ်ခွာ သွားခဲ့သည်ဟု KNU ကဆိုသည်။
ထို့နောက် အထိနာခဲ့သည့်စစ်ကောင်စီတပ်သည် ခမရ ၉ စခန်းမှ ထုံးဘိုလေးနှင့် ထုံးဘိုကြီးကျေးရွာဖက်သို့ လက် နက်ကြီးအချက် ၅၀ကျော် ဆက်တိုက်ပစ်ခတ်မှုကြောင့် ထုံးဘိုလေးကျေးရွာမှ အသက် (၇၀) အရွယ်အမျိုးသား ၁ ဦး ထိခိုက်ဒဏ် ရာရခဲ့ပြီး လူနေအိမ် (၂) လုံးပျက်ဆီးခဲ့ကြောင်းသိရသည်။
လက်ရှိတွင် စစ်ကောင်စီ ခမရ ၉ တပ်စခန်းမှ လက် နက်ကြီးများဖြင့် ထုံးဘိုလေးကျေးရွာနှင့် ထုံးဘိုကြီးကျေးရွာများသို့ အဆက်မပြက်ပစ်ခတ်နေမှုများကြောင့် ဒေသခံများဘေးလွတ်ရာသို့ထွက်ပြေးတိမ်း ရှောင်နေရသည့်အ ပြင် စစ်ကောင်စီတပ်ရင်းမှူးက အဆိုပါရွာများကို ဖျက် ဆီးပစ်မည်ဟုခြိမ်းခြောက်လာခြင်းဖြစ်ကြောင်း သိရသည်။