Local News

ဆိုင္ကယ္ျဖင့္ ေငြေၾကးလုယက္သူကို ကားျဖင့္တိုက္ဖမ္း

ဆိုင္ကယ္ျဖင့္ ေငြေၾကးလုယက္သူကို ကားျဖင့္တိုက္ဖမ္း

မႏၲေလးတိုင္း၊ ခ်မ္းျမသာစည္ၿမိဳ႕နယ္၊ ျမရည္နႏၵာရပ္ကြက္တြင္ လူငယ္တစ္ဦးထံမွ လက္ကိုင္ဖုန္းႏွင့္ ေငြမ်ားလုယူကာ ဆိုင္ကယ္ျဖင့္ထြက္ေျပးသူကို ကားျဖင့္ဝင္တိုက္ၿပီး ဖမ္းဆီးေပးခဲ့သည့္ ျဖစ္စဥ္ ယေန႔ ဇြန္လ ၄ ရက္ ေန႔လယ္ ၁ နာရီခြဲခန႔္တြင္ ျဖစ္ပြားခဲ့သည္။

ျမရည္နႏၵာလူမႈကယ္ဆယ္ေရးအဖြဲ႕ပိုင္ ကားတစ္စီးသည္ ကယ္ဆယ္ေရးကိစၥတစ္ခုျဖင့္ အသင္းမွထြက္လာစဥ္ ၄၄ လမ္းႏွင့္ ၁၁၈ လမ္းေထာင့္အနီး ဆိုင္ကယ္စီးၿပီး လုယက္ထြက္ေျပးလာသူ တစ္ဦးအားေတြ႕ရ၍ ကားျဖင့္ဝင္တိုက္ၿပီး ဖမ္းဆီးေပးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

“ လူငယ္ေလးတစ္ေယာက္စီကေန ဖုန္းနဲ႔ပိုက္ဆံေတြလုယူၿပီး ဆိုင္ကယ္နဲ႔ထြက္ေျပးတဲ့ေကာင္ကို အဲဒီလူမႈေရးကားက ဝင္တိုက္ၿပီးဖမ္းေပးတာဗ်။ အစအဆုံးျမင္ရတယ္။ ကားနဲ႔တိုက္ဖမ္းၿပီးေတာ့ ဝ႐ုန္းသုန္းကားျဖစ္ေနခ်ိန္မွာ အဲဒီအသင္းကလူတစ္ေယာက္ ဒဏ္ရာရသြားတာလည္းေတြ႕လိုက္ရတယ္။

လုတဲ့ေကာင္က ဓားနဲ႔ဗ်။ အသင္းကားလည္း ေရွ႕တစ္ျခမ္း ပ်က္စီးသြားတယ္။ ျပင္ရမွာအတြက္ ဝိုင္းလႉေပးလိုက္ၾကပါဦး ” ဟု အခင္းျဖစ္စဥ္ကို ျမင္ေတြ႕ခဲ့သူတစ္ဦးက ေျပာသည္။

လုယက္သူအား ကားျဖင့္တိုက္ဖမ္းဆီးေပးခဲ့သည့္ ျမရည္နႏၵာလူမႈကယ္ဆယ္ေရးအဖြဲ႕ကလည္း ျပည္သူကို သတိေပးသတင္း ထုတ္ျပန္ထားၿပီး ဒဏ္ရာရရွိသူသည္ အသင္းဥကၠ႒ျဖစ္ေၾကာင္းလည္းေဖာ္ျပထားသည္။

ဓာတ္ပုံ – ျမရည္နႏၵာလူမႈကယ္ဆယ္ေရးအဖြဲ႕

ဆိုင်ကယ်ဖြင့် ငွေကြေးလုယက်သူကို ကားဖြင့်တိုက်ဖမ်း

မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်၊ မြရည်နန္ဒာရပ်ကွက်တွင် လူငယ်တစ်ဦးထံမှ လက်ကိုင်ဖုန်းနှင့် ငွေများလုယူကာ ဆိုင်ကယ်ဖြင့်ထွက်ပြေးသူကို ကားဖြင့်ဝင်တိုက်ပြီး ဖမ်းဆီးပေးခဲ့သည့် ဖြစ်စဉ် ယနေ့ ဇွန်လ ၄ ရက် နေ့လယ် ၁ နာရီခွဲခန့်တွင် ဖြစ်ပွားခဲ့သည်။

မြရည်နန္ဒာလူမှုကယ်ဆယ်ရေးအဖွဲ့ပိုင် ကားတစ်စီးသည် ကယ်ဆယ်ရေးကိစ္စတစ်ခုဖြင့် အသင်းမှထွက်လာစဉ် ၄၄ လမ်းနှင့် ၁၁၈ လမ်းထောင့်အနီး ဆိုင်ကယ်စီးပြီး လုယက်ထွက်ပြေးလာသူ တစ်ဦးအားတွေ့ရ၍ ကားဖြင့်ဝင်တိုက်ပြီး ဖမ်းဆီးပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ လူငယ်လေးတစ်ယောက်စီကနေ ဖုန်းနဲ့ပိုက်ဆံတွေလုယူပြီး ဆိုင်ကယ်နဲ့ထွက်ပြေးတဲ့ကောင်ကို အဲဒီလူမှုရေးကားက ဝင်တိုက်ပြီးဖမ်းပေးတာဗျ။ အစအဆုံးမြင်ရတယ်။ ကားနဲ့တိုက်ဖမ်းပြီးတော့ ဝရုန်းသုန်းကားဖြစ်နေချိန်မှာ အဲဒီအသင်းကလူတစ်ယောက် ဒဏ်ရာရသွားတာလည်းတွေ့လိုက်ရတယ်။

လုတဲ့ကောင်က ဓားနဲ့ဗျ။ အသင်းကားလည်း ရှေ့တစ်ခြမ်း ပျက်စီးသွားတယ်။ ပြင်ရမှာအတွက် ဝိုင်းလှူပေးလိုက်ကြပါဦး ” ဟု အခင်းဖြစ်စဉ်ကို မြင်တွေ့ခဲ့သူတစ်ဦးက ပြောသည်။

လုယက်သူအား ကားဖြင့်တိုက်ဖမ်းဆီးပေးခဲ့သည့် မြရည်နန္ဒာလူမှုကယ်ဆယ်ရေးအဖွဲ့ကလည်း ပြည်သူကို သတိပေးသတင်း ထုတ်ပြန်ထားပြီး ဒဏ်ရာရရှိသူသည် အသင်းဥက္ကဋ္ဌဖြစ်ကြောင်းလည်းဖော်ပြထားသည်။

ဓာတ်ပုံ – မြရည်နန္ဒာလူမှုကယ်ဆယ်ရေးအဖွဲ့