Local News

PDF စိုးမိုးနယ္ေျမမ်ားမွ စစ္ေကာင္စီခန္႔ ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉးမ်ား နီးစပ္ရာ ရဲ စခန္းႏွင့္ပ်ဴ႐ြာမ်ားသို႔ေျပာင္းေ႐ႊ႕ေနထိုင္ေနရ

PDF စိုးမိုးနယ္ေျမမ်ားမွ စစ္ေကာင္စီခန္႔ ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉးမ်ား နီးစပ္ရာ ရဲ စခန္းႏွင့္ပ်ဴ႐ြာမ်ားသို႔ေျပာင္းေ႐ႊ႕ေနထိုင္ေနရ

ကိုကိုေလး/ဧရာဝတီတိုင္းမ္

ဇြန္လ ၄ ရက္

စစ္ကိုင္းတိုင္းအတြင္းက PDF အင္အားေကာင္းၿပီး နယ္ ေျမစိုးမိုးသည့္ ၿမိဳ႕နယ္မ်ား၏ ေက်း႐ြာမ်ားမွ စစ္ေကာင္ စီခန္႔ ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉးမ်ား ၎တို႔၏ေနအိမ္မ်ားတြင္ေနထိုင္ျခင္းမျပဳေတာ့ဘဲ နီး စပ္ရာရဲစခန္းမ်ားတြင္သြားေရာက္ေနထိုင္ေနၾကေၾကာင္း ေဒသခံမ်ားထံကသိရသည္။

စစ္ေကာင္စီခန္႔ရပ္ေက်းအုပ္ခ်ဳပ္ေရးမႉးအမ်ားအ ျပားသတ္ျဖတ္ခံရၿပီးေနာက္ ၄င္းတို႔၏ေနအိမ္မ်ားတြင္ဆက္ လက္မေနထိုင္ရဲေတာ့ဘဲ ပ်ဴေစာထီး႐ြာမ်ားႏွင့္ နီးစပ္ရာရဲစခန္းမ်ားတြင္ ေျပာင္းေ႐ႊ႕ေနထိုင္ေနၾကျခင္းျဖစ္ ေၾကာင္း သိရသည္။

စစ္ကိုင္းတိုင္း၊ကန္႔ဘလူခ႐ိုင္ႏွင့္ယင္းမာပင္ခ႐ိုင္အတြင္း ရွိ ပင္လယ္ဘူးၿမိဳ႕နယ္၊ေခ်ာင္းဦးၿမိဳ႕ နယ္၊ ကနီၿမိဳ႕နယ္၊ ယင္းမာပင္ၿမိဳ႕နယ္၊ ပုလဲၿမိဳ႕နယ္၊ကန္႔ဘလူၿမိဳ႕နယ္မ်ားမွ စစ္ေကာင္စီခန္႔ အုပ္ခ်ဳပ္ေရးမႉးအမ်ားစုေျပာင္းေ႐ႊ႕ေနထိုင္ျခင္းျဖစ္ေၾကာင္း ေဒသခံမ်ားကေျပာသည္။

“စစ္ကိုင္းထဲမွာကအုပ္ႀကီးေတြ သူတို႔ေနအိမ္ေတြမွာမေနၾကေတာ့ဘူး။ ပ်ဴေစာထီး႐ြာေနမွာေနရင္ေန၊ မေနရင္ နီးစပ္တဲ့အပိုင္ရဲစခန္းေတြမွာ သြားေနၾကတာေပါ့။စစ္ တပ္နဲ႔ပတ္သက္တဲ့မိသားစုေတြဆိုရင္လည္း လြတ္တဲ့ တခ်ိဳ႕နယ္ေတြမွာသြားေနၾကတာမ်ိဳးေတြရွိလာတယ္ ” ဟု ယင္းမာပင္ၿမိဳ႕နယ္အတြင္းက ေဒသခံတဦးကဧရာဝတီတိုင္းမ္ကိုေျပာသည္။

ၿပီးခဲ့သည့္ေမလအတြင္းကပင္ ကန႔္ဘလူၿမိဳ႕နယ္၊ယင္း တိုက္ေက်း႐ြာက စစ္ေကာင္စီခန႔္သတင္းေပး အုပ္ခ်ဳပ္ေရးမႉး ဖိုးႂကြယ္ သည္ ၄င္း၏ေနအိမ္မွ ကာဘိုးနယ္ေျမရဲစခန္းသို႔ေျပာင္းေ႐ႊ႕ေနထိုင္ေနေၾကာင္း ေဒသခံမ်ားထံကသိရသည္။

စစ္ေကာင္စီခန႔္အုပ္ခ်ဳပ္ေရးမႉးမ်ားႏွင့္ပတ္သက္သည့္မိသားစုဝင္မ်ားသည္ ေတာ္လွန္ေရးအင္အားနည္းသည့္ ေဒသမ်ားတြင္ေျပာင္းေ႐ႊ႕ေနထိုင္ေနၾကသလို စစ္တပ္၊ ရဲ၊ ပ်ဴေစာထီးမ်ားႀကီးစိုးရာေနရာေတြမွာလည္း ေနထိုင္ၾကသည္ဟုေဒသခံေတြကေျပာသည္။

စစ္ကိုင္းတိုင္းအတြင္းက စစ္ေကာင္စီ၏ရပ္ေက်း အုပ္ ခ်ဳပ္ေရးပိုင္းတြင္ပါဝင္သည့္ ႀကံ့ခိုင္ေရးပါတီဝင္အမ်ားအျပားသည္လည္း စစ္ကိုင္းတိုင္းအတြင္း မေနရဲေတာ့သျဖင့္ ႀကံ့ခိုင္ေရးပါတီ႐ုံးခ်ဳပ္ရွိရာ ေနျပည္ေတာ္သို႔လာေရာက္ခိုလႈံေနသူ ၂၃၈ ဦးရွိေၾကာင္း ႀကံ့ခိုင္ေရးပါတီအ မတ္ေဟာင္း ဘူးလက္လွေဆြက ဇြန္လ ၁ ရက္ေန႔က စစ္ေကာင္စီသတင္း စာရွင္းလင္းပြဲတြင္ ထုတ္ေဖာ္ေျပာၾကားထားသည္။

စစ္အာဏာသိမ္းၿပီးေနာက္ ႏိုင္ငံတဝွမ္း စစ္ေကာင္စီမွ ခန္႔အပ္ထားသည့္ ရပ္၊ေက်းအုပ္ခ်ဳပ္ေရးမႉး ၆၀၀ ေက်ာ္ သတ္ျဖတ္ခံထားရေၾကာင္း စစ္ေကာင္စီဘက္က ထုတ္ျပန္ထားသည္။

#Ayeyarwaddy_Times

စစ်ကိုင်းတိုင်းအတွင်း PDF စိုးမိုးနယ်မြေများမှ စစ်ကောင်စီခန့် ကျေးရွာအုပ်ချုပ်ရေးမှူးများ နီးစပ်ရာ ရဲ စခန်းနှင့်ပျူရွာများသို့ပြောင်းရွှေ့နေထိုင်နေရ

ကိုကိုလေး/ဧရာဝတီတိုင်းမ်

ဇွန်လ ၄ ရက်

စစ်ကိုင်းတိုင်းအတွင်းက PDF အင်အားကောင်းပြီး နယ် မြေစိုးမိုးသည့် မြို့နယ်များ၏ ကျေးရွာများမှ စစ်ကောင် စီခန့် ကျေးရွာအုပ်ချုပ်ရေးမှူးများ ၎င်းတို့၏နေအိမ်များတွင်နေထိုင်ခြင်းမပြုတော့ဘဲ နီး စပ်ရာရဲစခန်းများတွင်သွားရောက်နေထိုင်နေကြကြောင်း ဒေသခံများထံကသိရသည်။

စစ်ကောင်စီခန့်ရပ်ကျေးအုပ်ချုပ်ရေးမှူးအများအ ပြားသတ်ဖြတ်ခံရပြီးနောက် ၎င်းတို့၏နေအိမ်များတွင်ဆက် လက်မနေထိုင်ရဲတော့ဘဲ ပျူစောထီးရွာများနှင့် နီးစပ်ရာရဲစခန်းများတွင် ပြောင်းရွှေ့နေထိုင်နေကြခြင်းဖြစ် ကြောင်း သိရသည်။

စစ်ကိုင်းတိုင်း၊ကန့်ဘလူခရိုင်နှင့်ယင်းမာပင်ခရိုင်အတွင်း ရှိ ပင်လယ်ဘူးမြို့နယ်၊ချောင်းဦးမြို့ နယ်၊ ကနီမြို့နယ်၊ ယင်းမာပင်မြို့နယ်၊ ပုလဲမြို့နယ်၊ကန့်ဘလူမြို့နယ်များမှ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးအများစုပြောင်းရွှေ့နေထိုင်ခြင်းဖြစ်ကြောင်း ဒေသခံများကပြောသည်။

“စစ်ကိုင်းထဲမှာကအုပ်ကြီးတွေ သူတို့နေအိမ်တွေမှာမနေကြတော့ဘူး။ ပျူစောထီးရွာနေမှာနေရင်နေ၊ မနေရင် နီးစပ်တဲ့အပိုင်ရဲစခန်းတွေမှာ သွားနေကြတာပေါ့။စစ် တပ်နဲ့ပတ်သက်တဲ့မိသားစုတွေဆိုရင်လည်း လွတ်တဲ့ တချို့နယ်တွေမှာသွားနေကြတာမျိုးတွေရှိလာတယ် ” ဟု ယင်းမာပင်မြို့နယ်အတွင်းက ဒေသခံတဦးကဧရာဝတီတိုင်းမ်ကိုပြောသည်။

ပြီးခဲ့သည့်မေလအတွင်းကပင် ကန့်ဘလူမြို့နယ်၊ယင်း တိုက်ကျေးရွာက စစ်ကောင်စီခန့်သတင်းပေး အုပ်ချုပ်ရေးမှူး ဖိုးကြွယ် သည် ၎င်း၏နေအိမ်မှ ကာဘိုးနယ်မြေရဲစခန်းသို့ပြောင်းရွှေ့နေထိုင်နေကြောင်း ဒေသခံများထံကသိရသည်။

စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးများနှင့်ပတ်သက်သည့်မိသားစုဝင်များသည် တော်လှန်ရေးအင်အားနည်းသည့် ဒေသများတွင်ပြောင်းရွှေ့နေထိုင်နေကြသလို စစ်တပ်၊ ရဲ၊ ပျူစောထီးများကြီးစိုးရာနေရာတွေမှာလည်း နေထိုင်ကြသည်ဟုဒေသခံတွေကပြောသည်။

စစ်ကိုင်းတိုင်းအတွင်းက စစ်ကောင်စီ၏ရပ်ကျေး အုပ် ချုပ်ရေးပိုင်းတွင်ပါဝင်သည့် ကြံ့ခိုင်ရေးပါတီဝင်အများအပြားသည်လည်း စစ်ကိုင်းတိုင်းအတွင်း မနေရဲတော့သဖြင့် ကြံ့ခိုင်ရေးပါတီရုံးချုပ်ရှိရာ နေပြည်တော်သို့လာရောက်ခိုလှုံနေသူ ၂၃၈ ဦးရှိကြောင်း ကြံ့ခိုင်ရေးပါတီအ မတ်ဟောင်း ဘူးလက်လှဆွေက ဇွန်လ ၁ ရက်နေ့က စစ်ကောင်စီသတင်း စာရှင်းလင်းပွဲတွင် ထုတ်ဖော်ပြောကြားထားသည်။

စစ်အာဏာသိမ်းပြီးနောက် နိုင်ငံတဝှမ်း စစ်ကောင်စီမှ ခန့်အပ်ထားသည့် ရပ်၊ကျေးအုပ်ချုပ်ရေးမှူး ၆၀၀ ကျော် သတ်ဖြတ်ခံထားရကြောင်း စစ်ကောင်စီဘက်က ထုတ်ပြန်ထားသည်။

#Ayeyarwaddy_Times