စစ္ေကာင္စီ ျပည္ထဲေရး ဒုဝန္ႀကီး ဒုဗိုလ္ခ်ဳပ္ႀကီး သန္းလႈိင္ အၿငိမ္းစားေပးခံရ
ေနျပည္ေတာ္ ၊ ဇြန္ (၅)
စစ္ေကာင္စီ ျပည္ထဲေရး ဒုဝန္ႀကီးနဲ႔ ျမန္မာႏိုင္ငံ ရဲတပ္ဖြဲ႕ ရဲခ်ဳပ္အျဖစ္ တာဝန္ထမ္းေဆာင္ခဲ့ဖူးတဲ့ ဒုတိယ ဗိုလ္ခ်ဳပ္ႀကီး သန္းလႈိင္ကို ဇြန္ ၃ ရက္ေန႔မွာ အၿငိမ္းစားေပးလိုက္တယ္လို႔ စစ္ေကာင္စီနဲ႔ နီးစပ္သူေတြက သံလြင္တိုင္းမ္ကို ေျပာပါတယ္။
ဒုတိယဗိုလ္ခ်ဳပ္ႀကီး သန္းလႈိင္ဟာ မေကြးတိုင္းစစ္ဆင္ေရးမွာ ေအာင္ျမင္မႈ မရတာနဲ႔အတူ ကုမၸဏီေတြဆီက ေငြေၾကး ယူေဆာင္ခဲ့တယ္ဆိုတဲ့ စြပ္စြဲခ်က္ေတြနဲ႔ အၿငိမ္းစားေပးလိုက္တာ ျဖစ္ပါတယ္။
အာဏာသိမ္း စစ္ေကာင္စီဟာ ဒုတိယဗိုလ္ခ်ဳပ္ႀကီး သန္းလႈိင္ကို အၿငိမ္းစား မေပးခင္ ေနျပည္ေတာ္ရွိ ဘုရင့္ေနာင္ရိပ္သာမွာ အက်ယ္ခ်ဳပ္နဲ႔ တစ္လေက်ာ္ၾကာ ဖမ္းဆီး ထိန္းသိမ္းခဲ့ၿပီးေနာက္ အခုလို အၿငိမ္းစား ေပးလိုက္တာျဖစ္ပါတယ္။
အသက္ ၅၇ ႏွစ္အ႐ြယ္ ဒုတိယဗိုလ္ခ်ဳပ္ႀကီး သန္းလႈိင္ဟာ စစ္တကၠသိုလ္ အပတ္စဥ္ (၂၉) သင္တန္းဆင္း ျဖစ္ၿပီး အာဏာမသိမ္းခင္က အေရွ႕ပိုင္းတိုင္း စစ္ဌာနခ်ဳပ္နဲ႔ ေျမာက္ပိုင္းတိုင္း စစ္ဌာနခ်ဳပ္ေတြမွာ တိုင္းမႉးအျဖစ္ တာဝန္ ထမ္းေဆာင္ခဲ့ပါတယ္။
ဒါ့အျပင္ ဒုတိယဗိုလ္ခ်ဳပ္ႀကီး သန္းလႈိင္ဟာ အာဏာသိမ္း ၿပီးေနာက္ ျပည္ထဲေရး ဒုဝန္ႀကီးနဲ႔ ရဲခ်ဳပ္ အျဖစ္ တာဝန္ထမ္းေဆာင္ခဲ့ၿပီး၊ ၿပီးခဲ့တဲ့ ေမ ၂ ရက္ေန႔မွာ တာဝန္ကေန အနားေပးခံခဲ့ရပါတယ္။
သတင္း – သံလြင္တိုင္းမ္
စစ်ကောင်စီ ပြည်ထဲရေး ဒုဝန်ကြီး ဒုဗိုလ်ချုပ်ကြီး သန်းလှိုင် အငြိမ်းစားပေးခံရ
နေပြည်တော် ၊ ဇွန် (၅)
စစ်ကောင်စီ ပြည်ထဲရေး ဒုဝန်ကြီးနဲ့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ ဒုတိယ ဗိုလ်ချုပ်ကြီး သန်းလှိုင်ကို ဇွန် ၃ ရက်နေ့မှာ အငြိမ်းစားပေးလိုက်တယ်လို့ စစ်ကောင်စီနဲ့ နီးစပ်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ဒုတိယဗိုလ်ချုပ်ကြီး သန်းလှိုင်ဟာ မကွေးတိုင်းစစ်ဆင်ရေးမှာ အောင်မြင်မှု မရတာနဲ့အတူ ကုမ္ပဏီတွေဆီက ငွေကြေး ယူဆောင်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ အငြိမ်းစားပေးလိုက်တာ ဖြစ်ပါတယ်။
အာဏာသိမ်း စစ်ကောင်စီဟာ ဒုတိယဗိုလ်ချုပ်ကြီး သန်းလှိုင်ကို အငြိမ်းစား မပေးခင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာမှာ အကျယ်ချုပ်နဲ့ တစ်လကျော်ကြာ ဖမ်းဆီး ထိန်းသိမ်းခဲ့ပြီးနောက် အခုလို အငြိမ်းစား ပေးလိုက်တာဖြစ်ပါတယ်။
အသက် ၅၇ နှစ်အရွယ် ဒုတိယဗိုလ်ချုပ်ကြီး သန်းလှိုင်ဟာ စစ်တက္ကသိုလ် အပတ်စဉ် (၂၉) သင်တန်းဆင်း ဖြစ်ပြီး အာဏာမသိမ်းခင်က အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်နဲ့ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်တွေမှာ တိုင်းမှူးအဖြစ် တာဝန် ထမ်းဆောင်ခဲ့ပါတယ်။
ဒါ့အပြင် ဒုတိယဗိုလ်ချုပ်ကြီး သန်းလှိုင်ဟာ အာဏာသိမ်း ပြီးနောက် ပြည်ထဲရေး ဒုဝန်ကြီးနဲ့ ရဲချုပ် အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး၊ ပြီးခဲ့တဲ့ မေ ၂ ရက်နေ့မှာ တာဝန်ကနေ အနားပေးခံခဲ့ရပါတယ်။
သတင်း – သံလွင်တိုင်းမ်