စခန္းမႉးအပါအဝင္ မေကြးအမွတ္(၂)ရဲစခန္းရွိ ရဲအားလုံးကို စစ္တပ္က အခ်ဳပ္ခန္းထဲထည့္ စစ္ေဆးေနဟု MPCC ထုတ္ျပန္
သန္းဆင့္/People’s Spring
မေကြးၿမိဳ႕အမွတ္(၂) ရဲစခန္းရွိ ရဲမ်ားအားလုံးနီးပါးကို စစ္ေကာင္စီတပ္က အခ်ဳပ္ခန္းထဲထည့္၍ စစ္ေဆးမႈမ်ား လုပ္ေဆာင္ေနေၾကာင္း Myanmar Police CDM Channel (MPCC)က သတင္းထုတ္ျပန္သည္။
ေမလ ၃၁ရက္က မေကြးၿမိဳ႕အမွတ္ (၂) ရဲစခန္းတြင္ စခန္းမႉး ရန္ျပဳသည့္ စစ္ေကာင္စီ၏ ေလတပ္မွ တပ္သားတစ္ဦးကို ရဲမ်ားက ဝိုင္းဝန္းထိုးႀကိတ္သည့္ ႐ုပ္သံ ထြက္ေပၚလာ၍ ရဲမ်ားကိုဖမ္း၊ ဖုန္းမ်ားကို သိမ္းၿပီး စစ္ေဆးေနေၾကာင္း MPCCက ဆိုသည္။
အခ်ဳပ္ထဲ မထည့္ထားတာကေတာ့ နယ္ထိန္းေခါင္း ေဆာင္တစ္ေယာက္ပဲရွိတယ္ စစ္တပ္ကေျပာတာေတာ့ ျဖစ္စဥ္ျဖစ္တဲ့အခ်ိန္မွာ သူက စခန္းမွာမရွိလို႔ေပါ့
အမွန္မွန္ေတာ့ အဲ့ကိစၥျဖစ္တဲ့အခ်ိန္ စခန္းမွာ မရွိတာ သူတစ္ေယာက္ထဲမဟုတ္ဘူး အမ်ားႀကီးပဲ ။ က်န္တဲ့သူေတြကေတာ့ ဖမ္းထားတယ္
ကၽြန္ေတာ္တို႔သိရသေလာက္ေတာ့ နယ္ထိန္းေခါင္းေဆာင္က တပ္နဲ႔ရင္းႏွီးတယ္ တပ္ကိုလည္း ေငြရွာေပးေနတာဆိုေတာ့ သူ႔ကိုမဖမ္းတာျဖစ္နိုင္တယ္ဟု
မေကြးတိုင္း႐ုံးမွ ရဲတပ္ဖြဲ႕ဝင္တစ္ဦးက ေျပာဆိုလာေၾကာင္း MPCCက ေဖာ္ျပထားသည္ လက္ရွိတြင္ အဆိုပါ အမွတ္(၂)ရဲစခန္းကို စစ္တပ္က ေနရာယူထားသည္ဟု ဆိုသည္။ Crd- People Spring
စခန်းမှူးအပါအဝင် မကွေးအမှတ်(၂)ရဲစခန်းရှိ ရဲအားလုံးကို စစ်တပ်က အချုပ်ခန်းထဲထည့် စစ်ဆေးနေဟု MPCC ထုတ်ပြန်
သန်းဆင့်/People’s Spring
မကွေးမြို့အမှတ်(၂) ရဲစခန်းရှိ ရဲများအားလုံးနီးပါးကို စစ်ကောင်စီတပ်က အချုပ်ခန်းထဲထည့်၍ စစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း Myanmar Police CDM Channel (MPCC)က သတင်းထုတ်ပြန်သည်။
မေလ ၃၁ရက်က မကွေးမြို့အမှတ် (၂) ရဲစခန်းတွင် စခန်းမှူး ရန်ပြုသည့် စစ်ကောင်စီ၏ လေတပ်မှ တပ်သားတစ်ဦးကို ရဲများက ဝိုင်းဝန်းထိုးကြိတ်သည့် ရုပ်သံ ထွက်ပေါ်လာ၍ ရဲများကိုဖမ်း၊ ဖုန်းများကို သိမ်းပြီး စစ်ဆေးနေကြောင်း MPCCက ဆိုသည်။
အချုပ်ထဲ မထည့်ထားတာကတော့ နယ်ထိန်းခေါင်း ဆောင်တစ်ယောက်ပဲရှိတယ် စစ်တပ်ကပြောတာတော့ ဖြစ်စဉ်ဖြစ်တဲ့အချိန်မှာ သူက စခန်းမှာမရှိလို့ပေါ့
အမှန်မှန်တော့ အဲ့ကိစ္စဖြစ်တဲ့အချိန် စခန်းမှာ မရှိတာ သူတစ်ယောက်ထဲမဟုတ်ဘူး အများကြီးပဲ ။ ကျန်တဲ့သူတွေကတော့ ဖမ်းထားတယ်
ကျွန်တော်တို့သိရသလောက်တော့ နယ်ထိန်းခေါင်းဆောင်က တပ်နဲ့ရင်းနှီးတယ် တပ်ကိုလည်း ငွေရှာပေးနေတာဆိုတော့ သူ့ကိုမဖမ်းတာဖြစ်နိုင်တယ်ဟု
မကွေးတိုင်းရုံးမှ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောဆိုလာကြောင်း MPCCက ဖော်ပြထားသည် လက်ရှိတွင် အဆိုပါ အမှတ်(၂)ရဲစခန်းကို စစ်တပ်က နေရာယူထားသည်ဟု ဆိုသည်။ Crd- People Spring