Lifestyle

ဗုဒၶဟူးသား/သမီးေလးေတြကို ခ်စ္ေတာ့မယ္ဆိုရင္ ဒီအခ်က္ေတြကို မျဖစ္မေနသိထားသင့္ပါတယ္ေနာ္…

ဗုဒၶဟူးသား/သမီးေလးေတြကို ခ်စ္ေတာ့မယ္ဆိုရင္ ဒီအခ်က္ေတြကို မျဖစ္မေနသိထားသင့္ပါတယ္ေနာ္…

ေန႔နံေတြထဲမွာ ဗုဒၶဟူးသားသမီးေလးေတြဟာ စိတ္အႀကီးဆုံးျဖစ္တယ္ဆိုတာ အားလုံးလည္း ၾကားဖူးနားဝရွိၿပီးသား ျဖစ္မယ္ထင္ပါတယ္။ ဗုဒၶဟူးသားသမီးေလးေတြကို ခ်စ္ေတာ့မယ္ဆိုရင္ေတာ့ သူတို႔ေလးေတြရဲ့ စိတ္ေနသေဘာထား၊ ခံစားခ်က္နဲ႔ အမူအက်င့္ေလးေတြကို သိထားဖို႔လိုပါတယ္။ ဒါေၾကာင့္ ဗုဒၶဟူး သားသမီးေလးေတြကို ခ်စ္ေတာ့မယ္ဆိုရင္ ဒီစာေလးကို ဖတ္ၾကည့္လိုက္ေနာ္။

(၁) အေနအထိုင္တတ္တယ္

ဗုဒၶဟူးသားသမီးေလးေတြဟာ ဆတ္ေကာ့လက္ေကာ့ထဲမွာေတာ့ လုံးဝမပါပါဘူး။ အဲလိုေျပာလို႔ အရမ္းေအးလားဆိုေတာ့လည္း မဟုတ္ျပန္ပါဘူး။ အရမ္းေနတတ္တဲ့ သူေလးေတြပါ။ သူတို႔ေလးေတြဟာ ဘယ္လိုလူမ်ိဳးနဲ႔ မဆို အဆင္ေျပေအာင္ ေပါင္းသင္နိုင္သလို၊ ဘယ္လိုအလႊာက လူေတြနဲ႔မဆို တစ္သားတည္း က်ေအာင္ေနတတ္တဲ့ အေနအထိုင္ တတ္သူေလးေတြပါ။

(၂) ေခါင္းမာတယ္

သူတို႔ေလးေတြရဲ့ ေခါင္းမာခ်က္ကေတာ့ ေတာ္ေတာ္မ်ားမ်ားလည္း ၾကားဖူးနားဝ ရွိထားၿပီးသား ျဖစ္မွာပါ။ သူတို႔ေလးေတြဟာ သူတို႔မလုပ္ခ်င္တာကို အတင္းလုပ္ခိုင္းလို႔ မရသလို၊ သူတို႔လုပ္ခ်င္ၿပီ ဆိုရင္လည္း တားလို႔ မရေတာ့ပါဘူး။ ေခါင္းမာတာေလးေၾကာင့္ တစ္ခါတေလ ေနာင္တရတာေလးေတြ ရွိေပမယ့္ ဘယ္ေတာ့မွ ေနာင္တရတယ္လို႔ ေျပာမွာမဟုတ္ပါဘူး။

(၃) အမိန္႔ေပးတာလုံးဝမႀကိဳက္ဘူး

ဗုဒၶဟူးသားသမီးေလးေတြ အမုန္းဆုံးကေတာ့ သူတို႔ကို အမိန္႔ေပးတာ၊ ေလသံ မာမာနဲ႔ ခိုင္းတာ၊ ဆူ တာ ေငါက္ တာ လုံးဝလုံးဝ မႀကိဳက္ပါဘူး။ သူတို႔ေလးေတြဟာ စိတ္ထားအရမ္းေကာင္းပါတယ္။ ဒါေပမယ့္ နည္းနည္းေလးမွမေက်ာလိုက္နဲ႔ လုံးဝအေက်ာမခံတဲ့သူေတြပါ။ သူတို႔ေလးေတြက စိတ္ေပ်ာ့တဲ့အတြက္ ေလသံခ်ိဳေလးနဲ႔သာေျပာလိုက္ အနစ္နာခံၿပီး အကုန္လုပ္ေပးမယ့္ သူေလးေတြပါ။

(၄) မ လိမ္ ပါ နဲ႔

သူတို႔ေလးေတြကို သြားၿပီး လိမ္ ဖို႔ မႀကိဳးစားလိုက္ပါနဲ႔။ လိမ္ တာထက္စာရင္ အမွန္အတိုင္း ေျပာလိုက္တာ သင့္အတြက္ ပိုေကာင္းပါတယ္။ သူတို႔ေတြဟာ လြယ္လြယ္လိမ္လို႔ မရသလို၊ သင္မလိမ္ခင္ကတည္းက အမွန္ကို သိႏွင့္ၿပီးသားျဖစ္ေနတတ္တာေၾကာင့္ သူတို႔နဲ႔ ပတ္သက္ခ်င္ရင္ေတာ့ ရိုးသားတာ အေကာင္းဆုံးပါ။ သူတို႔လည္းသူမ်ားကို မလိမ္သလို၊ သူတို႔ကိုလိမ္တာလုံးဝမႀကိဳက္ပါဘူး။

(၅) အခ်စ္ႀကီးတယ္

သူတို႔ေလးေတြက အခ်စ္ႀကီးလြန္းလို႔ မၾကာခဏ နာက်င္ရတဲ့သူေလးေတြပါ။ လြယ္လြယ္နဲ႔မခ်စ္တတ္သလို၊ တစ္ေယာက္ကိုခ်စ္ၿပီဆိုရင္လည္း သူမွသူ တစ္ေယာက္တည္းကိုပဲ ႐ူးေနေအာင္ ခ်စ္တတ္တဲ့သူေတြပါ။ အခ်စ္အတြက္ဆို မလုပ္ရဲတာလည္းမရွိသလို၊ သူတို႔တတ္နိုင္သေလာက္ အေကာင္းဆုံး ခ်စ္သူအတြက္ ေပးဆပ္ၾကပါတယ္။ ဒါေၾကာင့္ အခ်စ္ေရးမွာ နာက်င္ ရတာမ်ားပါတယ္။

ဗုဒ္ဓဟူးသား/သမီးလေးတွေကို ချစ်တော့မယ်ဆိုရင် ဒီအချက်တွေကို မဖြစ်မနေသိထားသင့်ပါတယ်နော်…

နေ့နံတွေထဲမှာ ဗုဒ္ဓဟူးသားသမီးလေးတွေဟာ စိတ်အကြီးဆုံးဖြစ်တယ်ဆိုတာ အားလုံးလည်း ကြားဖူးနားဝရှိပြီးသား ဖြစ်မယ်ထင်ပါတယ်။ ဗုဒ္ဓဟူးသားသမီးလေးတွေကို ချစ်တော့မယ်ဆိုရင်တော့ သူတို့လေးတွေရဲ့ စိတ်နေသဘောထား၊ ခံစားချက်နဲ့ အမူအကျင့်လေးတွေကို သိထားဖို့လိုပါတယ်။ ဒါကြောင့် ဗုဒ္ဓဟူး သားသမီးလေးတွေကို ချစ်တော့မယ်ဆိုရင် ဒီစာလေးကို ဖတ်ကြည့်လိုက်နော်။

(၁) အနေအထိုင်တတ်တယ်

ဗုဒ္ဓဟူးသားသမီးလေးတွေဟာ ဆတ်ကော့လက်ကော့ထဲမှာတော့ လုံးဝမပါပါဘူး။ အဲလိုပြောလို့ အရမ်းအေးလားဆိုတော့လည်း မဟုတ်ပြန်ပါဘူး။ အရမ်းနေတတ်တဲ့ သူလေးတွေပါ။ သူတို့လေးတွေဟာ ဘယ်လိုလူမျိုးနဲ့ မဆို အဆင်ပြေအောင် ပေါင်းသင်နိုင်သလို၊ ဘယ်လိုအလွှာက လူတွေနဲ့မဆို တစ်သားတည်း ကျအောင်နေတတ်တဲ့ အနေအထိုင် တတ်သူလေးတွေပါ။

(၂) ခေါင်းမာတယ်

သူတို့လေးတွေရဲ့ ခေါင်းမာချက်ကတော့ တော်တော်များများလည်း ကြားဖူးနားဝ ရှိထားပြီးသား ဖြစ်မှာပါ။ သူတို့လေးတွေဟာ သူတို့မလုပ်ချင်တာကို အတင်းလုပ်ခိုင်းလို့ မရသလို၊ သူတို့လုပ်ချင်ပြီ ဆိုရင်လည်း တားလို့ မရတော့ပါဘူး။ ခေါင်းမာတာလေးကြောင့် တစ်ခါတလေ နောင်တရတာလေးတွေ ရှိပေမယ့် ဘယ်တော့မှ နောင်တရတယ်လို့ ပြောမှာမဟုတ်ပါဘူး။

(၃) အမိန့်ပေးတာလုံးဝမကြိုက်ဘူး

ဗုဒ္ဓဟူးသားသမီးလေးတွေ အမုန်းဆုံးကတော့ သူတို့ကို အမိန့်ပေးတာ၊ လေသံ မာမာနဲ့ ခိုင်းတာ၊ ဆူ တာ ငေါက် တာ လုံးဝလုံးဝ မကြိုက်ပါဘူး။ သူတို့လေးတွေဟာ စိတ်ထားအရမ်းကောင်းပါတယ်။ ဒါပေမယ့် နည်းနည်းလေးမှမကျောလိုက်နဲ့ လုံးဝအကျောမခံတဲ့သူတွေပါ။ သူတို့လေးတွေက စိတ်ပျော့တဲ့အတွက် လေသံချိုလေးနဲ့သာပြောလိုက် အနစ်နာခံပြီး အကုန်လုပ်ပေးမယ့် သူလေးတွေပါ။

(၄) မ လိမ် ပါ နဲ့

သူတို့လေးတွေကို သွားပြီး လိမ် ဖို့ မကြိုးစားလိုက်ပါနဲ့။ လိမ် တာထက်စာရင် အမှန်အတိုင်း ပြောလိုက်တာ သင့်အတွက် ပိုကောင်းပါတယ်။ သူတို့တွေဟာ လွယ်လွယ်လိမ်လို့ မရသလို၊ သင်မလိမ်ခင်ကတည်းက အမှန်ကို သိနှင့်ပြီးသားဖြစ်နေတတ်တာကြောင့် သူတို့နဲ့ ပတ်သက်ချင်ရင်တော့ ရိုးသားတာ အကောင်းဆုံးပါ။ သူတို့လည်းသူများကို မလိမ်သလို၊ သူတို့ကိုလိမ်တာလုံးဝမကြိုက်ပါဘူး။

(၅) အချစ်ကြီးတယ်

သူတို့လေးတွေက အချစ်ကြီးလွန်းလို့ မကြာခဏ နာကျင်ရတဲ့သူလေးတွေပါ။ လွယ်လွယ်နဲ့မချစ်တတ်သလို၊ တစ်ယောက်ကိုချစ်ပြီဆိုရင်လည်း သူမှသူ တစ်ယောက်တည်းကိုပဲ ရူးနေအောင် ချစ်တတ်တဲ့သူတွေပါ။ အချစ်အတွက်ဆို မလုပ်ရဲတာလည်းမရှိသလို၊ သူတို့တတ်နိုင်သလောက် အကောင်းဆုံး ချစ်သူအတွက် ပေးဆပ်ကြပါတယ်။ ဒါကြောင့် အချစ်ရေးမှာ နာကျင် ရတာများပါတယ်။