Local News

လူေနအိမ္ေတြကို ဖ်က္ဆီးေနတဲ့ စစ္အုပ္စုကို တစ္ကိုယ္ေတာ္ ေသနတ္သမားက ႐ုပ္ရွင္ဆန္ဆန္ လာေရာက္ပစ္ခတ္

လူေနအိမ္ေတြကို ဖ်က္ဆီးေနတဲ့ စစ္အုပ္စုကို တစ္ကိုယ္ေတာ္ ေသနတ္သမားက ႐ုပ္ရွင္ဆန္ဆန္ လာေရာက္ပစ္ခတ္၊ စစ္အုပ္စုလက္ေအာက္ခံေတြ ထိခိုက္ၿပီး ေသနတ္သမားလြတ္ေျမာက္

C8News

ရန္ကုန္၊ဇြန္(၅)

မႏၲေလးတိုင္းေဒသႀကီး၊ ျပည္ႀကီးတံခြန္ၿမိဳ႕နယ္၊ (ဂ)ရပ္ကြက္၊ (၁၁၈)လမ္းနဲ႔ (၇၁)လမ္းအနီးက ေနအိမ္ေတြကို စစ္အုပ္စုလက္ေအာက္ခံေတြက မေန႔ကညေနပိုင္းမွာ လာေရာက္ဖ်က္ဆီး ဖယ္ရွားေနခ်ိန္ ေသနတ္ကိုင္ေဆာင္ထားသူတစ္ဦးက တစ္ကိုယ္ေတာ္လာေရာက္ပစ္ခတ္ခဲ့တဲ့အတြက္ စစ္အုပ္စုလက္ေအာက္ခံတခ်ိဳ႕ ထိခိုက္ဒဏ္ရာရရွိခဲ့တယ္လို႔ ေဒသခံျပည္သူေတြဆီက သိရပါတယ္။

” ညေန(၅)နာရီေလာက္မွာလာပစ္တာ၊ ႐ုပ္ရွင္ထဲကလိုပဲ တစ္ေယာက္ထဲဆိုင္ကယ္နဲ႔လာပစ္တာ၊ စစ္ေခြးေတြကသူတို႔ကိုပစ္ေတာ့ျပန္ပစ္တယ္၊ လာပစ္တဲ့လူေတာ့လြတ္သြားတယ္၊ အပစ္ခံရလို႔ စစ္သားေတြရပ္ကြက္ထဲကိုဝင္ၿပီးေသာင္းက်န္းေတာ့တာပဲ၊ ပစ္တဲ့လူကိုမေတြ႕လို႔ (ည)ရပ္ကြက္ လူတစ္ေယာက္ကိုဖမ္းသြားတယ္” လို႔အမည္မေဖာ္လိုတဲ့ေဒသခံတစ္ဦးကေျပာပါတယ္။

ပစ္ခတ္ခံရတဲ့အတြက္ေၾကာင့္ အၾကမ္းဖက္စစ္အုပ္စုဟာ ျပည္ႀကီးတံခြန္ၿမိဳ႕နယ္၊ (ဂ)ရပ္ကြက္၊ (ည)ရပ္ကြက္ေတြ ပိတ္ဆို႔စစ္ေဆးခဲ့ၿပီး (ည)ရပ္ကြက္အတြင္းက အမ်ိဳးသားတစ္ဦးကို ဖမ္းဆီးခဲ့တာျဖစ္တယ္လို႔ သိရပါတယ္။

ဖမ္းဆီခံခဲ့ရတဲ့အမ်ိဳးသားဆီမွာ လက္ပစ္ဗုံးနဲ႔ က်ည္ဆံတခ်ိဳ႕ေတြ႕ရွိခဲ့တယ္လို႔ စစ္အုပ္စုနဲ႔နီးစပ္သူေတြက ေျပာဆိုသတင္းျဖန႔္ေနတာရွိေပမယ့္ လက္နက္ေတြေတြ႕ရွိတာ ဟုတ္မဟုတ္ဆိုတာကိုေတာ့ C8News အေနနဲ႔သီးျခားအတည္ျပဳႏိုင္တာမရွိေသးပါဘူး။

အာဏာသိမ္းစစ္အုပ္စုဟာ မႏၲေလးၿမိဳ႕ေပၚနဲ႔ ျမစ္ငယ္ၿမိဳ႕အတြင္းကလူေနအိမ္ေတြနဲ႔ သာသနာေရးအေဆာက္အအုံေတြကို က်ဴးေက်ာ္ ေနရာေတြအျဖစ္သက္မွတ္ၿပီး ဖ်က္ဆီးရွင္းလင္းေနတာ ျဖစ္ပါတယ္။

လူနေအိမ်တွေကို ဖျက်ဆီးနေတဲ့ စစ်အုပ်စုကို တစ်ကိုယ်တော် သေနတ်သမားက ရုပ်ရှင်ဆန်ဆန် လာရောက်ပစ်ခတ်၊ စစ်အုပ်စုလက်အောက်ခံတွေ ထိခိုက်ပြီး သေနတ်သမားလွတ်မြောက်

C8News

ရန်ကုန်၊ဇွန်(၅)

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ (ဂ)ရပ်ကွက်၊ (၁၁၈)လမ်းနဲ့ (၇၁)လမ်းအနီးက နေအိမ်တွေကို စစ်အုပ်စုလက်အောက်ခံတွေက မနေ့ကညနေပိုင်းမှာ လာရောက်ဖျက်ဆီး ဖယ်ရှားနေချိန် သေနတ်ကိုင်ဆောင်ထားသူတစ်ဦးက တစ်ကိုယ်တော်လာရောက်ပစ်ခတ်ခဲ့တဲ့အတွက် စစ်အုပ်စုလက်အောက်ခံတချို့ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံပြည်သူတွေဆီက သိရပါတယ်။

” ညနေ(၅)နာရီလောက်မှာလာပစ်တာ၊ ရုပ်ရှင်ထဲကလိုပဲ တစ်ယောက်ထဲဆိုင်ကယ်နဲ့လာပစ်တာ၊ စစ်ခွေးတွေကသူတို့ကိုပစ်တော့ပြန်ပစ်တယ်၊ လာပစ်တဲ့လူတော့လွတ်သွားတယ်၊ အပစ်ခံရလို့ စစ်သားတွေရပ်ကွက်ထဲကိုဝင်ပြီးသောင်းကျန်းတော့တာပဲ၊ ပစ်တဲ့လူကိုမတွေ့လို့ (ည)ရပ်ကွက် လူတစ်ယောက်ကိုဖမ်းသွားတယ်” လို့အမည်မဖော်လိုတဲ့ဒေသခံတစ်ဦးကပြောပါတယ်။

ပစ်ခတ်ခံရတဲ့အတွက်ကြောင့် အကြမ်းဖက်စစ်အုပ်စုဟာ ပြည်ကြီးတံခွန်မြို့နယ်၊ (ဂ)ရပ်ကွက်၊ (ည)ရပ်ကွက်တွေ ပိတ်ဆို့စစ်ဆေးခဲ့ပြီး (ည)ရပ်ကွက်အတွင်းက အမျိုးသားတစ်ဦးကို ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ဖမ်းဆီခံခဲ့ရတဲ့အမျိုးသားဆီမှာ လက်ပစ်ဗုံးနဲ့ ကျည်ဆံတချို့တွေ့ရှိခဲ့တယ်လို့ စစ်အုပ်စုနဲ့နီးစပ်သူတွေက ပြောဆိုသတင်းဖြန့်နေတာရှိပေမယ့် လက်နက်တွေတွေ့ရှိတာ ဟုတ်မဟုတ်ဆိုတာကိုတော့ C8News အနေနဲ့သီးခြားအတည်ပြုနိုင်တာမရှိသေးပါဘူး။

အာဏာသိမ်းစစ်အုပ်စုဟာ မန္တလေးမြို့ပေါ်နဲ့ မြစ်ငယ်မြို့အတွင်းကလူနေအိမ်တွေနဲ့ သာသနာရေးအဆောက်အအုံတွေကို ကျူးကျော် နေရာတွေအဖြစ်သက်မှတ်ပြီး ဖျက်ဆီးရှင်းလင်းနေတာ ဖြစ်ပါတယ်။