Local News

စသုံးလုံး ဌာန အရာရွိႏွင့္အမႈထမ္း စာရင္းမ်ား မီဒီယာထံ ေပါက္ၾကားမႈ ေနျပည္ေတာ္စသုံးလုံး ဝန္ထမ္းတခ်ိဳ႕ ထိန္း သိမ္းခံရၿပီး မိုင္းဘိုင္းလ္ဖုန္းမ်ား သိမ္းဆည္းစစ္ေဆးခံေနရ

သမၼတဦးဝင္းျမင့္ႏွင့္ ေဒၚေအာင္ဆန္းစုၾကည္အေပၚ လိမ္လည္ လုပ္ႀကံအမႈတည္ေဆာက္ေသာ စသုံးလုံး ဌာန အရာရွိႏွင့္အမႈထမ္း စာရင္းမ်ား Khit Thit မီဒီယာထံ ေပါက္ၾကားမႈ ေနျပည္ေတာ္စသုံးလုံး ဝန္ထမ္းတခ်ိဳ႕ ထိန္း သိမ္းခံရၿပီး မိုင္းဘိုင္းလ္ဖုန္းမ်ား သိမ္းဆည္းစစ္ေဆးခံေနရ

ရန္ကုန္၊ ဇြန္ ၅

သမၼတဦးဝင္းျမင့္ႏွင့္ ေဒၚေအာင္ဆန္းစုၾကည္အေပၚ လိမ္လည္ အမႈတည္ ေဆာက္ ေသာ စသုံးလုံး ဌာန အရာရွိႏွင့္အမႈထမ္း စာရင္းမ်ား Khit Thit မီဒီယာထံ ေပါက္ၾကားမႈ ေနျပည္ေတာ္စသုံးလုံး ဝန္ထမ္းတခ်ိဳ႕ ထိန္းသိမ္းခံရၿပီး ဖုန္းမ်ား သိမ္းဆည္းစစ္ေဆးခံေနရေၾကာင္း စသုံးလုံး သတင္းရင္းျမစ္မ်ားထံမွ သိရွိရသည္။

Khit Thit သတင္းဌာနက စသုံးလုံးဌာနက သမၼတ ဦးဝင္းျမင့္ ၊ ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္၊ NLD အစိုးရ ဝန္ႀကီးမ်ားႏွင့္ ဝန္ႀကီးခ်ဳပ္မ်ားကို လိမ္လည္ အမႈဆင္ေသာ စသုံးလုံးဌာနမွ အရာရွိမ်ား၊ အမႈ ထမ္းမ်ားအေၾကာင္း နာမည္မ်ားႏွင့္တကြ အေသးစိတ္ ေဖာ္ျပျခင္း၊

ယင္းသို႔ေပါက္ၾကားမႈ အေျခအေနကို ေဖာ္ထုတ္ရန္ လွ်ိဳ႕ဝွက္ အစည္းအေဝး လုပ္သည့္ သတင္းထပ္မံေပါက္ၾကားျခင္း ၊ ဌာနတြင္း သတင္းမ်ားအားလုံး ေခတ္သစ္ထံ ေရာက္ရွိေနျခင္းတို႔ေၾကာင့္ စသုံးလုံးဌာနမွ မသကၤာသူ ဝန္ထမ္းမွန္သမွ် ေခၚယူ ထိန္းသိမ္း စစ္ေဆးျခင္း၊ မိုဘိုင္းလ္ဖုန္းမ်ားကို စစ္ေဆးျခင္းမ်ား လုပ္ေဆာင္ေနျခင္းျဖစ္ေၾကာင္း သိရွိရသည္။

“ေနျပည္ေတာ္ စသုံးလုံး(စစစ) ဝန္ထမ္း တခ်ိဳ႕ သတင္းေပါက္ၾကားမႈနဲ႔ ဆက္စပ္ၿပီး ဖုန္းေတြ သိမ္းခံရၿပီး စစ္ေဆးခံေနရပါတယ္” ဟု ရန္ကုန္ေခတ္သစ္၏ သတင္းရင္းျမစ္က ေျပာဆိုသည္။

လက္ရွိတြင္ စသုံးလုံးဌာနက ရာထူးမတိုးသူမ်ား၊ နယ္ေျပာင္းေ႐ႊ႕ခံရသူမ်ားသည္ ဌာနကို နာၾကည္းခ်က္ျဖင့္ သတင္းမ်ား ျပင္ပသို႔ ေပးပို႔သည္ဟု သုံးသပ္ၾကၿပီး စသုံးလုံးဌာနမွ လူငယ္ အရာရွိတခ်ိဳ႕က ေခတ္သစ္သတင္းဌာနမွ သတင္းေထာက္ သို႔မဟုတ္ ပတ္သက္သူ တစ္ဦးဦးကို သတ္ျဖတ္လိုက္မွသာ သတင္းမ်ား မေရးရဲေတာ့မည္ျဖစ္ ေၾကာင္း၊ ေခတ္သစ္ႏွင့္ပတ္သက္သူမ်ားကို စုံစမ္းၾကရန္ ေျပာဆိုတိုင္ပင္မႈမ်ားရွိေနေၾကာင္း သိရွိရသည္။

“ေခတ္သစ္ကိုသတင္းေပးေနတဲ့ အတြင္းေကာင္ေတြက ပိုက္ဆံရလို႔လုပ္သာတာေပါ့။ ပိုက္ဆံရလို႔ကိုယ့္ေပါင္ကိုလွန္ေထာင္း ဌာနသိကၡာခ်ေနသူေတြလို႔ ေျပာတယ္။ ေခတ္သစ္ကေကာင္ေတြ တစ္ေကာင္ေလာက္ အသတ္ခံရမွ ၿငိမ္သြားမလားဆိုၿပီး စသုံးလုံး အရာရွိလူငယ္ေတြက ေျပာဆိုတိုင္ပင္တာေတြရွိတယ္” ဟု စသုံးလုံးဌာနႏွင့္ နီးစပ္ေသာ သတင္းရင္းျမစ္က ေျပာဆိုသည္။

စသုံးလုံးဌာနသည္ စစ္အာဏာသိမ္းခ်ိန္တြင္ CDM အလြန္နည္းပါးေသာ ဌာနျဖစ္ၿပီး အာဏာသိမ္းမႈႏွင့္မပတ္သည့္ပုံစံ ျဖင့္ လူထုအၾကား တိတ္တဆိတ္ ရပ္တည္ၿပီး သမၼတဦးဝင္းျမင့္၊ ေဒၚေအာင္ဆန္းစုၾကည္ႏွင့္ NLD အစိုးရတစ္ခုလုံးကို လိမ္လည္ အမႈဆင္ရာတြင္ ဌာနတစ္ခုလုံး ထဲထဲဝင္ဝင္ ပါဝင္ပတ္သက္ခဲ့ၾကသည့္ စစ္ေကာင္စီ၏ လက္ကိုင္တုတ္ ဌာနႀကီးလည္းျဖစ္သည္။

ဓာတ္ပုံ- ေနျပည္ေတာ္တြင္ စသုံးလုံးဌာန၏ ထမင္းနဲပြဲမွ စသုံးလုံး ဝန္ထမ္းတခ်ိဳ႕။

သမ္မတဦးဝင်းမြင့်နှင့် ဒေါ်အောင်ဆန်းစုကြည်အပေါ် လိမ်လည် လုပ်ကြံအမှုတည်ဆောက်သော စသုံးလုံး ဌာန အရာရှိနှင့်အမှုထမ်း စာရင်းများ Khit Thit မီဒီယာထံ ပေါက်ကြားမှု နေပြည်တော်စသုံးလုံး ဝန်ထမ်းတချို့ ထိန်း သိမ်းခံရပြီး မိုင်းဘိုင်းလ်ဖုန်းများ သိမ်းဆည်းစစ်ဆေးခံနေရ

ရန်ကုန်၊ ဇွန် ၅

သမ္မတဦးဝင်းမြင့်နှင့် ဒေါ်အောင်ဆန်းစုကြည်အပေါ် လိမ်လည် အမှုတည် ဆောက် သော စသုံးလုံး ဌာန အရာရှိနှင့်အမှုထမ်း စာရင်းများ Khit Thit မီဒီယာထံ ပေါက်ကြားမှု နေပြည်တော်စသုံးလုံး ဝန်ထမ်းတချို့ ထိန်းသိမ်းခံရပြီး ဖုန်းများ သိမ်းဆည်းစစ်ဆေးခံနေရကြောင်း စသုံးလုံး သတင်းရင်းမြစ်များထံမှ သိရှိရသည်။

Khit Thit သတင်းဌာနက စသုံးလုံးဌာနက သမ္မတ ဦးဝင်းမြင့် ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ NLD အစိုးရ ဝန်ကြီးများနှင့် ဝန်ကြီးချုပ်များကို လိမ်လည် အမှုဆင်သော စသုံးလုံးဌာနမှ အရာရှိများ၊ အမှု ထမ်းများအကြောင်း နာမည်များနှင့်တကွ အသေးစိတ် ဖော်ပြခြင်း၊

ယင်းသို့ပေါက်ကြားမှု အခြေအနေကို ဖော်ထုတ်ရန် လျှို့ဝှက် အစည်းအဝေး လုပ်သည့် သတင်းထပ်မံပေါက်ကြားခြင်း ၊ ဌာနတွင်း သတင်းများအားလုံး ခေတ်သစ်ထံ ရောက်ရှိနေခြင်းတို့ကြောင့် စသုံးလုံးဌာနမှ မသင်္ကာသူ ဝန်ထမ်းမှန်သမျှ ခေါ်ယူ ထိန်းသိမ်း စစ်ဆေးခြင်း၊ မိုဘိုင်းလ်ဖုန်းများကို စစ်ဆေးခြင်းများ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရှိရသည်။

“နေပြည်တော် စသုံးလုံး(စစစ) ဝန်ထမ်း တချို့ သတင်းပေါက်ကြားမှုနဲ့ ဆက်စပ်ပြီး ဖုန်းတွေ သိမ်းခံရပြီး စစ်ဆေးခံနေရပါတယ်” ဟု ရန်ကုန်ခေတ်သစ်၏ သတင်းရင်းမြစ်က ပြောဆိုသည်။

လက်ရှိတွင် စသုံးလုံးဌာနက ရာထူးမတိုးသူများ၊ နယ်ပြောင်းရွှေ့ခံရသူများသည် ဌာနကို နာကြည်းချက်ဖြင့် သတင်းများ ပြင်ပသို့ ပေးပို့သည်ဟု သုံးသပ်ကြပြီး စသုံးလုံးဌာနမှ လူငယ် အရာရှိတချို့က ခေတ်သစ်သတင်းဌာနမှ သတင်းထောက် သို့မဟုတ် ပတ်သက်သူ တစ်ဦးဦးကို သတ်ဖြတ်လိုက်မှသာ သတင်းများ မရေးရဲတော့မည်ဖြစ် ကြောင်း၊ ခေတ်သစ်နှင့်ပတ်သက်သူများကို စုံစမ်းကြရန် ပြောဆိုတိုင်ပင်မှုများရှိနေကြောင်း သိရှိရသည်။

“ခေတ်သစ်ကိုသတင်းပေးနေတဲ့ အတွင်းကောင်တွေက ပိုက်ဆံရလို့လုပ်သာတာပေါ့။ ပိုက်ဆံရလို့ကိုယ့်ပေါင်ကိုလှန်ထောင်း ဌာနသိက္ခာချနေသူတွေလို့ ပြောတယ်။ ခေတ်သစ်ကကောင်တွေ တစ်ကောင်လောက် အသတ်ခံရမှ ငြိမ်သွားမလားဆိုပြီး စသုံးလုံး အရာရှိလူငယ်တွေက ပြောဆိုတိုင်ပင်တာတွေရှိတယ်” ဟု စသုံးလုံးဌာနနှင့် နီးစပ်သော သတင်းရင်းမြစ်က ပြောဆိုသည်။

စသုံးလုံးဌာနသည် စစ်အာဏာသိမ်းချိန်တွင် CDM အလွန်နည်းပါးသော ဌာနဖြစ်ပြီး အာဏာသိမ်းမှုနှင့်မပတ်သည့်ပုံစံ ဖြင့် လူထုအကြား တိတ်တဆိတ် ရပ်တည်ပြီး သမ္မတဦးဝင်းမြင့်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် NLD အစိုးရတစ်ခုလုံးကို လိမ်လည် အမှုဆင်ရာတွင် ဌာနတစ်ခုလုံး ထဲထဲဝင်ဝင် ပါဝင်ပတ်သက်ခဲ့ကြသည့် စစ်ကောင်စီ၏ လက်ကိုင်တုတ် ဌာနကြီးလည်းဖြစ်သည်။

ဓာတ်ပုံ- နေပြည်တော်တွင် စသုံးလုံးဌာန၏ ထမင်းနဲပွဲမှ စသုံးလုံး ဝန်ထမ်းတချို့။